Apr 11, 2009

AGTI & SPASS

Cbox မှာ သူငယ်ချင်း KSM က မေးသွားတယ်။ မောင်လူအေး လက်ရှိ စင်္ကာပူမှာ အလုပ် လုပ်နေနိုင်တာ A.G.T.I ကြောင့်လို့ ယုံကြည် ပါသလား။ သူသည်လည်း A.G.T.I လက်မှတ် ကိုင်ဆောင်သူ တစ်ယောက်ပါ။ ဆိုတော့ မောင်လူအေး အနေနဲ့ ဖြေစရာ ရှိလာပါတယ်။ သီးသန့် ပို့စ်တစ်ခု တင်ပြီး ဖြေချင်တဲ့ အတွက် KSM ရဲ့ မေးခွန်းကို cbox မှာ မဖြေ ဖြစ်ခဲ့ပါဘူး။ ခု ဒီပို့စ်နဲ့ ဖြေပါ့မယ်။ ဟုတ်ကဲ့။ မောင်လူအေး အခု လက်ရှိ အလုပ် လုပ်နေတာ A.G.T.I နဲ့ ဆက်စပ်ပြီး ရခဲ့တဲ့ အတွေ့အကြုံနဲ့ အလုပ်လုပ်နေတာပါ။

သို့ပေမဲ့ ရိုးသားစွာ ၀န်ခံရရင် မောင်လူအေး ကိုင်ဆောင်ထားတာ A.G.T.I တစ်ခုတည်းတော့ မဟုတ်ပါဘူး။ မောင်လူအေးတို့ ကျောင်းတက်စဉ်က G.T.I ဟာ G.T.C မဖြစ်သေးပါဘူး။ A.G.T.I သည် Professional Diploma တစ်ခု အနေနဲ့ သီးသန့် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အဲဒီအတွက် မောင်လူအေးရခဲ့တာ A.G.T.I Diploma ရယ်။ နောက်ထပ် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်က ပေးအပ်တဲ့ Degree ရယ် နှစ်ခု ဖြစ်ပါတယ်။

သို့ပေမဲ့ မောင်လူအေး တကယ် အလုပ်လုပ်ကိုင်ခဲ့တာ Degree နဲ့ ဆက်စပ်တဲ့ အလုပ်မဟုတ်ဘဲ Diploma နဲ့ ဆက်နွှယ်တဲ့ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ဆက်စပ်တဲ့ အလုပ်အကိုင် ဖြစ်ပါတယ်။ အဲဒီအတွက် စင်္ကာပူကို ရောက်တဲ့ အချိန်မှာ အလုပ် လျှောက်တဲ့ အချိန်မှာ အလုပ်ခန့်တဲ့ ကုမ္ပဏီက A.G.T.I နဲ့ ဆက်စပ်တဲ့ အလုပ်ကို ပေးပါတယ်။ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လျှောက်ထားပေးတဲ့ အချိန်မှာ မောင်လူအေး ကိုင်ဆောင်ထားတဲ့ Degree ကိုပါ ထည့်သွင်း ဖြည့်စွက်ပြီး လျှောက်ထား ပေးပါတယ်။ ဆိုတော့ SPass လွယ်လင့်တကူ ကျပါတယ်။

ဆိုတော့ KSM ရဲ့ အမေးနဲ့ ပြန်ဆက်စပ်ရမယ် ဆိုရင် မောင်လူအေး SPass ရတာဟာ A.G.T.I ရဲ့ အကျိုးကျေးဇူးကြောင့် ရတာ ဖြစ်ကြောင်း မောင်လူအေး အနေနဲ့ အပြည့်အ၀ ယုံကြည်ပါတယ်။ ရတာက A.G.T.I နဲ့ ရတယ်။ သို့ပေမဲ့ လျှောက်လွှာ စိစစ်တဲ့ သူတွေအဖို့ ပိုပြီး ပြည့်စုံသွားစေတာက Degree တစ်ခု ထပ်ပါတဲ့ အတွက် ပညာအရည်အချင်း ဆိုတဲ့ အချက်အလက်ကို ရာနှုံးပြည့် ဖြတ်သန်း အောင်မြင်ခဲ့တဲ့ သဘောပါ။ ဆိုတော့ မေးစရာ ရှိပါတယ်။ ဒါဆို A.G.T.I တစ်ခုတည်းနဲ့ရော မရဘူးလား။

KSM ကြားဖူးသလို စင်္ကာပူက A.G.T.I Diploma ကို အသိအမှတ် မပြုဘူးလား ဆိုတဲ့ အချက်။ စင်္ကာပူမှာ A.G.T.I လက်မှတ်ကို အသိအမှတ် မပြုဘူး ဆိုတဲ့ အချက်က ရာနှုံးပြည့် မှားယွင်းပါတယ်။ A.G.T.I တစ်ခုတည်းနဲ့ SPass လျှောက်ထား၊ အလုပ်တွေ လုပ်လို့ အချိန် တစ်ခု ကြာတဲ့ အချိန်မှာ အစဉ်သဖြင့် နေထိုင်သူ အခြေအနေ (Permanent Residence) သို့ ပြောင်းရွှေ့ လျှောက်ထား နေထိုင်နေသူများ အမြောက်အမြား ရှိပါတယ်။ ပိုပြီး ပြည့်စုံ သေချာစေဖို့ စင်္ကာပူ လုပ်သားစွမ်းအား ၀န်ကြီးဌာနရဲ့ စာမျက်နှာမှာ ခုလို ရေးထားပါတယ်။
_____________________________________________________________

လိုအပ်သော အရည်အချင်း

SPass ဆိုသည်မှာ အနည်းဆုံး လစာ စင်္ကာပူဒေါ်လာ ၁၈၀၀ ၀င်ငွေ ရှိသော နိုင်ငံခြားသားများ အတွက် ဖြစ်တယ်။ SPass လျှောက်ထားသူများကို စိစစ်ရာမှာ အမှတ်ပေးစနစ်ကို အသုံးပြုပြီးတော့ ထည့်သွင်း စဉ်းစားတဲ့ အချက်တွေထဲမှာ ရရှိတဲ့ လစာဝင်ငွေ၊ ပညာ အရည်အချင်း၊ လုပ်ငန်း ကျွမ်းကျင်မှု၊ လုပ်ငန်း အမျိုးအစား၊ လုပ်ငန်း အတွေ့အကြုံစတဲ့ အချက် အများအပြား ပေါ်မှာ ထည့်သွင်း တွက်ချက်ပါတယ်။ ထည့်သွင်း တွက်ချက်တဲ့ အချက်တွေနဲ့ လျှောက်ထားသူရဲ့ စံနှုံးများ ဘယ်လောက် ကိုက်ညီမှု ရှိတယ် ဆိုတာ အပေါ်မှာ မူတည်ပြီး အမှတ်များကို စုပေါင်းပါတယ်။ အကြမ်းဖျဉ်း မှီငြမ်းဖို့ အတွက် ဆိုရင် အကျယ်တ၀င့် အနေနဲ့ ဆိုရင်… (မှီငြမ်းရန် သက်သက် ဖြစ်ပါတယ်)

• လစာ - အနည်းဆုံး ပုံသေလစာ စင်္ကာပူဒေါ်လာ ၁၈၀၀ ရရပါမယ်
• ပညာအရည်အချင်း - ယေဘုယျအားဖြင့် ဒီဂရီ (သို့) ဒီပလိုမာ အဆင့် ပညာအရည်အချင်း ရှိရပါမယ်။

နည်းပညာဆိုင်ရာ သင်တန်းဆင်း လက်မှတ်များကို ထည့်သွင်းတွက်ချက်ပါတယ်။ လက်မှတ်ဆိုတဲ့ နေရာမှာ လျှောက်ထားသူကို ၎င်းတက်ရောက်တဲ့ ပညာရပ် နယ်ပယ်မှာ ကျွမ်းကျင် ပညာရှင် (သို့) အထူးတတ်ကျွမ်းသူ ဖြစ်အောင် လေ့ကျင့် သင်ကြားပေးတဲ့ သင်တန်းများကို ဆိုလိုပါတယ်။ အဲဒီကျွမ်းကျင်လက်မှတ် ချီးမြှင့်ဖို့ အနည်းဆုံး အချိန်ပြည့် တစ်နှစ် သင်တန်း တက်ရောက်သင်ယူထားသူ ဖြစ်ရပါမယ်။
• လုပ်ငန်းအမျိုးအစား - ယေဘုယျအားဖြင့် ပညာသည်၊ အထူး ကျွမ်းကျင် ပညာရှင် (သို့) နည်းပညာရှင် အဆင့် အလုပ်အကိုင် ဖြစ်ရပါမယ်။
• လုပ်ငန်းလုပ်သက် - ယေဘုယျအားဖြင့် လျှောက်ထားတဲ့ အလုပ်အကိုင်မျိုးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းမှာ ဘယ်လောက် ကြာကြာ လုပ်ကိုင်ဖူးတယ် ဆိုတဲ့ နှစ်ဖြစ်တယ်။

SPass လျှောက်ထားလိုတဲ့ Work Permit ကိုင်ဆောင်သူ များဟာ အထက်ဖော်ပြပါ လိုအပ်ချက်များ ပြည့်စုံစေဖို့ လိုပါတယ်။ စင်္ကာပူနိုင်ငံမှာ နောင်နှစ် အနည်းငယ်အတွက် လုပ်သား ခေါ်ယူမှု အားကောင်းနိုင်တဲ့ အလုပ်အကိုင်များ စာရင်းကို အသစ်ထုတ်ထားတဲ့ Strategic Skills List မှာ ဖတ်ရှုနိုင်ပါတယ်။

SPass ရနိုင်ခြေကို စိစစ်ဖို့ Employment/ SPass Self Assessment Tool မှာ စိစစ်ကြည့်နိုင်ပါတယ်။
_____________________________________________________________

ဆိုတော့ စင်္ကာပူမှာ SPass နဲ့ အလုပ် လုပ်နိုင်စေဖို့ တစ်နှစ် အပြည့်တက်ထားတဲ့ Diploma ရှိရင် အလုပ် လုပ်လို့ ရပါတယ်။ A.G.T.I လက်မှတ် ကိုင်ဆောင်သူများ အနေနဲ့ ယခင် စနစ်ဟောင်း A.G.T.I သမားများ ဆိုရင် စာသင်နှစ် သုံးနှစ် တက်ရောက်ထားသူများ ဖြစ်ပြီး၊ စနစ်သစ် GTC ကျောင်းတော်သားများ အနေနဲ့လည်း စာသင်နှစ် နှစ်နှစ် အပြည့် တက်ရောက်ထားသူများ ဖြစ်တဲ့အတွက် သူတို့ တောင်းဆိုတဲ့ Diploma လိုအပ်ချက်ဟာ ပြည့်မီရုံတင် မကလို့ ကျော်လွန်တောင် နေပါသေးတယ်။

ဒီလိုဆိုရင် ခုနက ပြောတဲ့ A.G.T.I ကို အသိအမှတ် မပြုဘူးဆိုတဲ့ စကားတွေ ဘာကြောင့် ထွက်ပေါ်လာသလဲ ဆိုတာ သိဖို့ လိုပါတယ်။ A.G.T.I လက်မှတ်ကို အသိအမှတ် ပြုသော်ငြား လျှောက်ထားတဲ့ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ကျွမ်းကျင်မှု မရှိရင် ပယ်ချ ခံရနိုင်ပါတယ်။ စာရွက်စာတမ်း ပြည့်စုံ မှန်ကန်မှု မရှိရင် ပယ်ချ ခံရ နိုင်ပါတယ်။ အဲဒီလို မပြည့်စုံတဲ့ အချက် တစုံတရာကြောင့် လျှောက်ထားမှု မအောင်မြင်ခဲ့တဲ့ခါ အများစုက အကြမ်းဖျဉ်း ကောက်ချက် ဆွဲချတတ်တာ A.G.T.I ကြောင့် ပယ်ချခံရတာ ဆိုတာပါပဲ။

အဲဒီအတွက် သူငယ်ချင်း KSM နဲ့ အခြားသော A.G.T.I လက်မှတ် ကိုင်ဆောင်သူများ အနေနဲ့ A.G.T.I သည် SPass ချထားပေးဖို့ အတွက် လုံလောက်တဲ့ ပညာ အရည်အချင်း ဖြစ်တဲ့ အတွက် မိမိ လျှောက်ထားမဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း ကျွမ်းကျင်မှုသာ ရှိမယ်ဆိုရင် စင်္ကာပူမှာ SPass နဲ့ အလုပ် လုပ်ကိုင်နိုင်စေဖို့ ပူစရာ မလိုပါကြောင်း…



8 comments:

  1. ကျေးဇူးအထူးတင်ပါတယ်။ ဒီအကြောင်းလေးသိချင်နေတာနဲ့ အတော်ဖြစ်သွားလို့ပါ။ အခုလို သေချာပြောပြလို့ ရှင်းရှင်းသိလိုက်ရပြီ။

    ReplyDelete
  2. Thank you very much for useful information.

    ReplyDelete
  3. Hello very nice web site!! Man .. Beautiful .. Amazing .

    . I will bookmark your website and take the feeds


    additionally…I am glad to find so many

    useful information right here in the submit, we want develop extra techniques in this regard,
    thanks for

    sharing. . . . . .

    Have a look at my weblog ... www.atozgate.com

    ReplyDelete
  4. Hmm is anyone else encountering problems with the images on
    this blog loading? I'm trying

    to figure out if its a problem on my end or if it's the blog.
    Any responses would be greatly appreciated.


    Look into my web blog - pluft.google-scraps.us

    ReplyDelete
  5. You could definitely see your expertise in the paintings you

    write. The world hopes for more passionate writers such as you
    who

    are not afraid to mention how they believe. Always follow your heart.


    Have a look at my web-site :: http://www.bjoyful.us

    ReplyDelete
  6. Thanks a lot for providing individuals with an extremely pleasant possiblity to read critical reviews from here.
    It can be so

    pleasing and as well , jam-packed with a good time for me and my office

    co-workers to search your website particularly three times per
    week to read the newest guidance you will have. And indeed,

    I'm actually

    motivated with the magnificent suggestions served by you. Some 2 tips in this post are rather the most impressive I've had.


    My blog post - khyentseyeshe.com

    ReplyDelete
  7. As a Newbie, I am continuously searching online for
    articles that can

    help me. Thank you

    my website http://blackslink.com/Community-1/bookmarks/view/236666/properties-in-spain-murcia-rent-accommodation-direct-and-save-cash

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...