Mar 7, 2009

လတ်တလော မောင်လူအေး

မောင်လူအေးလည်း အလုပ်တွေ ရှုပ်တာလား အရှုပ်တွေ လုပ်တာလားတော့ မသိဘူးဗျာ။ စာရေးဖို့ ဖက်ကို လှည့်ကို မလှည့်နိုင် ဖြစ်နေတာပါ။ ကြီးကြီးကျယ်ကျယ် ပြောရရင် ဈာန်မ၀င်ဘူး ဖြစ်နေတယ်ပေါ့ဗျာ။ ဈာန်မ၀င်ဘူး ပြောရင် တော်တော် ကြီးကျယ်သွား ပါလိမ့်မယ်။ ဈာန်က ၀င်ချိန်ကို မရတာပါ။ ရေးချင်တဲ့ စိတ်လေးဖြစ်တဲ့ အချိန်မှာ ကွန်ပျူတာနဲ့ အဝေး ရောက်နေတဲ့ အချိန်။

မောင်လူအေးတို့ ခု အလုပ်ဝင်နေရတာ စင်္ကာပူရဲ့ နာမည်ကြီး IR နှစ်ခုထဲက တစ်ခုဖြစ်တဲ့ နောင်ကို Universal Studio Singapore (USS) ဖြစ်လာမဲ့ လက်ရှိ Resorts World Sentosa လို့ ခေါ်တဲ့ Project။ တကယ်တမ်းက မောင်လူအေးတို့ ကုမ္ပဏီက ရတာ Resorts World Sentosa ရဲ့ အပိုင်း တစ်ပိုင်းဖြစ်တဲ့ Universal Studio Singapore ဖြစ်လာမဲ့ အပိုင်းပေါ့။ ပြီးသွားရင်တော့ တော်တော်ဂွတ်မယ်ဗျို့။ တော်တော်ဂွတ်ဆို လက်ရှိ Universal Studio ရဲ့ Theme Park က USA Orlando မှာ တစ်ခု၊ Hollywood မှာ တစ်ခု၊ Japan မှာက တစ်ခု စုစုပေါင်း ၃ ခုရှိထားပြီးသား။ ခုလက်ရှိ Universal Studio Singapore က စတုတ္ထမြောက်ပေါ့။

ဆောက်လုပ်ရေး လုပ်ငန်းတို့ သဘာဝ တွန်းတိုက်လုပ်ကြရတာ ဓမ္မတာ ဆိုသော်ငြားလည်း ခု Project က စင်္ကာပူရဲ့ အထင်ကရ၊ နိုင်ငံနဲ့ချီတဲ့ Project ဖြစ်လေတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းပြီးရက်အတွင်း ၀င်အောင် အင်မတန်မှ တွန်းအားပေး လုပ်နေတယ်။ ဆိုတော့ လုပ်ငန်း ပါဝင် ဆောင်ရွက်သူများ အားလုံးပဲ စိတ်ဖိစီးမှုက အင်မတန်များပါတယ်။ Integrated Resorts ဆိုတဲ့ အတိုင်းလည်း တကယ်ကို နေရာကျဉ်းကျဉ်းလေးထဲမှာ ပြုံကျပ်ညပ်သိပ်ပြီး ဆောက်နေတာပါ။

Project ကို ပထမဆင့်၊ ဒုတိယဆင့်၊ တတိယအဆင့် ဆိုပြီး ခွဲခြားဆောက်လေတော့ အယင် ပထမဆင့်တုံးက မောင်လူအေး ဝေလေလေ လုပ်လို့ ရသေးတယ်။ ခုတော့ တကယ်ကို ဘယ်လိုမှ ပတ်ပြေးလို့ မရတော့တဲ့ အနေအထား ရောက်လာတော့ ခုမှပဲ ဒုက္ခနဲ့ လှလှနဲ့ တွေ့တာ မဟုတ်ဘဲ၊ ဒုက္ခနဲ့ ကိုလူအေးနဲ့ တွေ့တာ ဖြစ်နေတယ်။

စာမရေးဖြစ်တာကတော့နှစ်ကြောင်းကြောင့်ဗျ။ အယင်က စာရေးဖို့ အချိန်ရတယ် ဆိုတာထက် စာစီဖို့ အချိန်ရတယ်ပေါ့။ စာရေးတယ် ဆိုတာ ရေးမဲ့ အကြောင်းအရာကို ခေါင်းထဲ အယင် စီရပေ သေးတာကိုးဗျ။ အခုက စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ် ဖြစ်နေလေတော့၊ ခေါင်းထဲကို တခြား အကြောင်းအရာ မ၀င်နိုင်ဘူး ဖြစ်နေတယ်ဗျာ။ အယင် ပန်းလှိုင်မှာ ဆိုခဲ့တဲ့ “တခါတလေတော့လည်း အဝေးဆုံးကို ထွက်ပြေးသွားချင်ပေမဲ့လည်း ကို့ရဲ့ စိတ်တွေ အမြဲတမ်း မင်းဆီမှာပဲ…” ဆိုသလိုပဲ…ထွက်ကို ပြေးချင်တဲ့ အထိပဲ။ ဒါပေမဲ့ ဘယ်သူက ချည်ထားလည်း၊ မချည်ထားပါဘူး။ အယင် ဘ၀က ၀ဋ်ကြွေးနဲ့ တူပါတယ်။ Project လောက် ပြဿနာများတာ Project ပဲ ရှိသလောက် ခေါင်းမစားရ ခေါင်းမပူရရင်လည်း တယ်မနေနိုင်တော့ ဘာဖြစ်မဲ့ ဘာ… ဘာတောတိုးတယ် ဆိုလား…

နောက်တစ်ချက်က တလောက ကုမ္ပဏီက လွှတ်လို့ BCSS သင်တန်းတက်နေရတယ်ဗျ။ ၁၇ ရက်နေ့ကျရင် စာမေးပွဲ ဖြေရမယ်။ ဘာစာတွေ ကြည့်ပြီးပြီလည်း ဆိုတော့ ဘာစာမှကို မကြည့်ရသေးဘူး။ အချိန် ကျန်ပါသေးတယ်လေ၊ ကျန်ပါသေးတယ်လေ ဆိုပြီး ဆွဲတတ်တဲ့ အကျင့်က ပျောက်မှာ စိုးလို့ ထိန်းထားသလား အောင့်မေ့ရတယ်။ တော်တော်နဲ့ မပျောက်ဘူး။ BCSS ဆိုတဲ့ သင်တန်းက အယင်က Building Construction Safety Supervisor Course ပါ။ ခုတော့ သူလည်း ခေတ်ကာလ ရွေ့လျားလို့ အမည်နာမ ပြောင်းသွားခဲ့ပါပြီ။ Building Construction Superiors’ Safety Course ဖြစ်သွားတယ်။ ဘာကွာလည်း ဆိုတော့ ကွာပါတယ်။ အယင်က Safety Supervisor နဲ့ Management level အချို့သာ တက်ဖို့ လိုအပ်ခဲ့ပြီး၊ အခု ပြောင်းသွားတဲ့ Regulation အရ Site Supervisor ကနေ အပေါ် Engineer၊ Project Manager ၊ Project Director ရှိရှိသမျှ အကုန်မတက် မနေရတဲ့ဗျာ။ မောင်လူအေးတို့နဲ့ တွဲလုပ်နေတဲ့ Main Con ကုမ္ပဏီတစ်ခုက Safety In-charge ကတော့ BCSS မပါရင် Meeting ကို လာတက်မနေနဲ့ ဆိုပဲ။ Safety နဲ့ ပတ်သက်ပြီး ပိုပြီး တင်းကျပ်လိုက်တဲ့ သဘောပါ။ ဆိုတော့ အလုပ်များပြီး တိုင်ပတ်နေတာက တော့ အဓိက ပေါ့ဗျာ။

ဒါပေမဲ့ တစ်ဖက်က ကြည့်ရင် ခုလို အချိန်မှာ အလုပ်များနေတာသည် မင်္ဂလာတစ်ပါးလို့ ပြောရမလိုပါပဲ။ သူများတွေ အလုပ်ပါးတဲ့ အချိန်၊ Retrench မိတဲ့ အချိန်မျိုးမှာ အလုပ်များနေခြင်းဟာ တော်သေးတယ် ဆိုရပါမယ်။ ခုနေမှာ စင်္ကာပူကို အလုပ်လာရှာမယ်ဆိုရင် ဆောက်လုပ်ရေးနဲ့ ဆက်နွယ်တဲ့ အလုပ်များသည်သာ အလုပ်အကိုင် အခွင့်အလမ်း အရှိဆုံးလို့ ဆိုနိုင်ပါတယ်။

တလောလေးက သတင်းတစ်ခု ကြားတာက စင်္ကာပူက နိုင်ငံခြားသား အလုပ်သမားများ စီးဝင်မှုကို ထိန်းချုပ်တဲ့ အနေနဲ့S Pass အတွက် လိုအပ်ချက်များကို မြှင့်တင်တော့မယ် ဆိုတာပါပဲ။ တခြားသော EP, PR စတဲ့ အဆင့်အတန်းတွေရှိတဲ့ နိုင်ငံခြား အလုပ်သမားတွေ ရှိနေသေးပေမဲ့လို့ အလယ်အလတ်တန်းဖြစ်တဲ့ S Pass ကိုင်ဆောင်သူများဟာ သူတို့ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း ဝေစုကို အတော်လေး သက်ရောက်မှု ပေးနိုင်တဲ့ ပမာဏ ဖြစ်နေတာက S Pass ကို မျက်စိကျစေတဲ့ အကြောင်းရင်းပါပဲ။

ဆိုတော့ လက်ရှိ S Pass နဲ့ အလုပ်လုပ်နေကြတဲ့ အများစုသော သူငယ်ချင်းများနဲ့ ထပ်မံလာရောက်ကြမဲ့ သူငယ်ချင်းများအတွက် သတိ ပြုစရာလေးပါ။ ခု လောလောဆယ်တော့ အရှုပ်တွေ လုပ်ရင်း အလုပ်တွေ ရှုပ်နေတဲ့ မောင်လူအေး ကြိုးစားပြီး ပို့စ်တင်နိုင်အောင် ကြိုးစားသွားပါဦးမယ် ဆိုတဲ့ အကြောင်း လေး ပြောရင်း လာလည်ဖတ်ရှုကြတဲ့ သူငယ်ချင်းများ အားလုံး အစစ အရာရာ အဆင်ပြေ ကြပါစေလို့ပဲ ဆုတောင်းရင်း…

11 comments:

  1. နိုင်သလောက်တော့ရေးပါလေ။

    ReplyDelete
  2. ကိုယ့်စိတ်ကို အပန်းဖြေဖို့ပဲ အသုံးချပါလား သူငယ်ချင်း
    သူများကိုဖျော်ဖြေဖိုချည်းပဲတွေးနေရင် တော်တော်ပင်ပန်းလိမ့်မယ်..ဘာပဲပြောပြောကွာ မင်းရေးတာလေးတွေဖတ်ပြီး သဘောကျလို ကျေးဇူးတင်ပါတယ်..ကျောင်းတုန်းက စကားနဲ့ပြောရရင် မင်းမှာ လက်ရှိတယ်ပြောရမလားပဲ စာရေးကောင်းတယ်ပေါ့ကွာ
    မင်းရဲ့ တစ်ခါက သူငယ်ချင်း

    ReplyDelete
  3. ကောင်းပါတယ် ရေးပါခင်ဗျာ ကျွန်တော်က မရေးတတ်လို ဖတ်ဖြစ်ပါတယ်

    ReplyDelete
  4. Very nice post. I just stumbled upon your
    weblog and wanted to say that I've

    truly enjoyed browsing your blog posts. After all I will be subscribing to your

    feed and I hope you write again soon!

    Here is my web page ... www.cafulcurasc.com.ar

    ReplyDelete
  5. Your home is valueble for me. Thanks!…

    Also visit my weblog; japan.matching4free.com

    ReplyDelete
  6. Hiya, I'm really glad I've found this info. Nowadays bloggers publish
    only

    about gossips and internet and this is actually frustrating.
    A good blog with exciting content, that's what I need. Thanks for

    keeping this website, I'll be visiting it. Do you do newsletters?
    Can't

    find it.

    Feel free to visit my webpage http://waagg.com

    ReplyDelete
  7. I was curious if you ever considered changing the page layout of your

    site? Its very well written; I love what youve got to say.
    But maybe you could a little more in the way of content

    so people could connect with it better. Youve got an awful
    lot of text for only having 1 or 2

    pictures. Maybe you could space it out better?



    Feel free to surf to my blog post :: eensm.org

    ReplyDelete
  8. Hi would you mind sharing which blog platform you're using?

    I'm going to start my own blog soon but I'm having a difficult time

    making a decision between BlogEngine/Wordpress/B2evolution and Drupal. The reason I ask is

    because your design and style seems different then most blogs and I'm looking for something unique.
    P.S Apologies for being off-topic but I had to ask!


    Also visit my website; http://Www.Faccedatennis.it/index.php?do=/blog/23637/bank-repossessions-in-spain-the-danger-of-buying-at-a-spanish-property-auct

    ReplyDelete
  9. I'm not sure exactly why but this site is loading extremely slow for

    me. Is anyone else having this problem or is it a problem on my end? I'll check back
    later on and

    see if the problem still exists.

    Feel free to surf to my web-site ... http://w1.lv/index.php?do=/profile-10063/info

    ReplyDelete
  10. Just wish to say your article is as amazing. The

    clearness in your post is just spectacular and i could assume you're an expert on this subject. Fine with your permission allow me to grab your RSS feed to keep

    updated with forthcoming post. Thanks a million and please carry on the enjoyable work.

    Also visit my homepage :: socialbizconnect.com

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...