Mar 18, 2009
မဟာဇေယျသိဒ္ဓိ - အဓိဌာန်ဆရာတော် ဘုရားကြီး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အန်ကျိန်းတော်ကုန်း (အာကျိပ်တော်ကုန်း) မဟာဇေယျသိဒ္ဓိ - အဓိဌာန်ဆရာတော် ဘုရားကြီးရဲ့ အမေရိကား ခရီးစဉ်မှာ မတ်လ ၁၉ရက်နေ့၊ ကြာသပတေးနေ့မှာဖြင့် စင်္ကာပူနိုင်ငံ Clementi ရပ်မှာ ရှိတဲ့ ဆရာတော်ရဲ့ တကာရင်း ကိုမြတ်လင်းရဲ့ အိမ်မှာ တစ်ရက်တာ သီတင်းသုံးမှာ ဖြစ်တဲ့ အတွက် စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ဆရာတော်ကြီးရဲ့ တပည့်၊ တကာများ သွားရောက် ဖူးမြော် နိုင်ကြစေဖို့ နိဗ္ဗာန် အကျိုးဆော်လို့ နှိုးဆော် လိုက်ရပါတယ်ဗျာ။
ဆရာတော် တစ်ရက်တာ သီတင်းသုံးမဲ့ နေအိမ်လိပ်စာကတော့
Blk 328, #02-198, Clementi Ave 2 (ကောင်းစုံ မြန်မာ ကုန်စုံဆိုင် အပေါ်ထပ်)
ဖြစ်ပါတယ်။
ဆရာတော်ရဲ့ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဆောင်ရွက်မှု တွေ အကြောင်း အပြည့်အစုံကိုတော့ ဒီလိပ်စာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ဗျာ။
မဟာဇေယျသိဒ္ဓိ - အဓိဌာန်ဆရာတော် ဘုရားကြီး ထေရုပ္ပတ္တိ
ဆရာတော်သည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာ၌ ဖခမည်းတော် ဦးဝဲဒိုး၊ မယ်တော် ဒေါ်စံသာဦးတို့မှ ၁၃၀၉ ခု၊ ၀ါခေါင်လဆုတ် (၄) ရက်၊ တနင်္လာ (၄-၈-၄၇) နေ့တွင် ဖွားမြင် သန့်စင်တော် မူခဲ့ပါသည်။ ၁၃၂၀ ခု၊ သက်တော် (၁၀)နှစ်တွင် ရှင်သာမဏေအဖြစ် ခံယူ တော်မူခဲ့ပြီး ၁၃၂၈ ခု၊ သက်တော် (၂၀) ပြည့်တွင် ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ပါသည်။ ပရိယတ္တိ စာပေနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ၏ ငယ် – လတ် – ကြီး၊ ဓမ္မစရိယတန်း အောင်မြင်တော် မူခဲ့ပါသည်။ စစ်တွေမြို့၊ မြို့မကျောင်းတိုက်နှင့် ရန်ကုန်မြို့၊ ဗဟန်း ဦးထောင်ဗိုလ် လမ်းရှိ ဓည၀တီ ပရိယတ္တိ စာသင်တိုက်တို့တွင် ပရိယတ္တိ စာပေများကို သင်ကြား ဆည်းပူးခဲ့ပါသည်။ စာချတန်း သုတ္တန်၊ ပိဋကတ်၊ ဒီဃနိကာယ်ကို နှုတ်တက် အာဂုံ ဆောင်တော်မူခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ( သာသနဓဇ သီရိပ၀ရ ဓမ္မစရိယ ) အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ခန္တီ၏ အန္တေ၀ါသိက တပည့်ရင်းတစ်ဦးဖြစ်ပါသည်။
ထို့နောက် စွန်ရဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင် ကျောင်းပိုင်အဖြစ် သီတင်းသုံး နေတော်မူလျက် တပည့် ရဟန်း ရှင်သာမဏေ၊ ကျား၊မ လူငယ် (၅၀၀)ခန့်တို့အား (၉)နှစ်တိုင်တိုင် ပရိယတ္တိ စာပေများကို ပို့ချ ပေးတော်မူခဲ့ပါသည်။ သံဃနာယက အဖွဲ့အစည်း အဆင့်ဆင့် တို့၏ သြ၀ါဒကို အမြဲတမ်း ခံယူတော်မူလျက် တောတောင် အသီးသီးတို့၌ မဟာဇေယျ သိဒ္ဓိ အဓိဌာန် ကျင့်စဉ်ခေါ် ဗုဒ္ဓနုဿတိဘာဝနာကို ၁၃၄၁ ခု၊ နှစ်ဆန်း (၁) ရက်နေ့မှစ၍ ရာသက်ပန် သက်သတ်လွတ် ဆွမ်းဘုန်းပေးလျက် စတင် ကြိုးစား အားထုတ်တော် မူလာခဲ့ရာ သက်တော် (၃၆) နှစ်၊ သိက္ခာတော် (၁၆) ၀ါတွင် အဓိဌာန် ဆရာတော် ဟူ၍ ထင်ပေါ် ကျော်ဇော လာခဲ့ပါသည်။ ဆရာတော်သည် မိမိဇာတိ ရပ်ရွာဖြစ်သော စွန်ရဲကျေးရွာ တစ်နေရာတည်းတွင် အားထုတ်နေတော်မူ ခဲ့ခြင်းဖြင့် အားရတင်းတိမ် ကျေနပ်မှုမရှိဘဲ မင်းပြား ကျိန်းတောင်၊ ဝေသာလီ၊ ဦးရာဇ်တော်၊ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ ဆံတော်ရှင်၊ ဥဿလင်း၊ ရသေ့တောင်၊ မောင်တော စသော နေရာ အသီးသီး တို့သို့ ကြွရောက်တော်မူပြီး မိမိ ကိုယ်တော်တိုင်လည်း အဓိဌာန်တော် တည်ဆောက်ခြင်း၊ တပည့် တကာ၊ တကာမတို့အား တရား ဓမ္မ ဟောပြောပြသခြင်း စသည့် သာသနာ့ကိစ္စရပ်များကို နေ့မအား ညမအား ကျင့်ကြံ ကြိုးစားအားထုတ် ဆောင်ရွက်တော်မူခဲ့ပါသည်။
ဆရာတော်သည် သက္ကဋ၊ ဗြဟ္မီ စသော ကျောက်စာမျိုးပေါင်း (၂၀) တို့ကို သိမြင် နားလည်သော ပုဂ္ဂိုလ် တစ်ပါးလည်း ဖြစ်ပါသည်။ မဟာဇေယျသိဒ္ဓိ အဓိဌာန်ကျင့်စဉ်၊ မုနိရာဇာဘုရားပူဇော်နည်း၊ လောကနာထ၊ ဒေ၀ယက္ခပူဇာ၊ ရေဆူဘုရားပူဇော်နည်း နှင့် (၂၈) ဆူ စက်ပရိတ်တော် စသော ဗုဒ္ဓစာပေများကို ဓမ္မဒါနအဖြစ် ရေးသား ပြုစုတော်မူခဲ့ပါသည်။ တောတောင် အသီးသီးတို့၌ တရား အားထုတ်တော်မူ၍ အဓိဌာန် အောင်ပွဲ ကျင်းပနေစဉ် ကာလအတွင်း ဗောဓိညောင်ရွက်များသည် အောင်ပွဲတိုင်း ကန်တော့ထိုးခြင်းကို ထူးဆန်း အံ့သြဖွယ်ရာ ပေါ်ပေါက် ခဲ့ဖူးပါသည်။ ယခုအခါ ဆရာတော်သည် သာသနာ့မြေအဖြစ် နိုင်ငံတော်အစိုးရမှ တရားဝင် သတ်မှတ် ခွင့်ပြုထားသော စစ်တွေမြို့၊ အံကျိန်းတော်ကုန်း ကန်တော်ငယ်အနီး ၅ ဧကခန့်ရှိသော သာသနာ့မြေပေါ်တွင် သာသနာတော် တည်တံ့ ပြန့်ပွားရေးအတွက် နောင်တစ်ခေတ် သမိုင်းတွင် ကျန်ရစ်စေမည့် စတုရန်းပေ (၄၀၀၀၀) ရှိ မဟာဇေယျသိဒ္ဓိ အဓိဌာန် သိမ်တော်ကြီး တစ်ဆောင်ကို ရခိုင်ဘုရင် မင်းဗာကြီး ကိုးကွယ် တည်ထားတော်မူခဲ့သည့် ရှစ်သောင်းဘုရား ပုထိုးတော်ကို အခြေခံ၍ ကျပ် သိန်းပေါင်းများစွာ အကုန်အကျခံကာ ပုံစံယူ တည်ဆောက်လျက်ရှိနေပါသည်။ ဤမျှ ထုထည် ကြီးမားသော သိမ်တော်ကြီးကို တည်ဆောက်ရာတွင် မည်သည့် အတတ်ပညာရှင် အင်ဂျင်နီယာ တစ်ဦး တစ်ယောက်ထံမှ အကူအညီ တစ်စုံတစ်ရာ ရယူမှုမရှိဘဲ မိမိ ကိုယ်ပိုင် ဥာဏ်တော်ဖြင့် သာလျှင် ညွှန်ကြား တည်ဆောက်တော် မူနေခြင်းဖြစ်ပါသည်။ သိမ်တော်ကြီး၏ နံရံမှာ (၅ ပေ) ထုရှိပြီး အရန် တိုင်တစ်လုံးစီ ပေါ်တွင် ရဟန်းသံဃာတော် (၅) ပါးဖြင့်လည်းကောင်း၊ ဗဟိုတိုင်တွင် ရဟန်း သံဃာတော် (၉) ပါးဖြင့်လည်းကောင်း၊ ဆွမ်းဘုန်း ပေးတော်မူခြင်း၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် သရဇ္ဈယ်ခြင်းစသော အမှုကိစ္စတို့ကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ဤသိမ်တော်ကြီးအတွင်း ၆၄ မျိုးသော ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီတော်ပေါင်း (၈၀) ဆူ နှင့် ဓာတ်တော်၊ မွေတော၊် ရုပ်ပွားတော်ပေါင်း (၆၃၅၄၅၂၂) ဆူတို့ကို ဋ္ဌာပနာသွင်း တည်ထား ကိုးကွယ်လျက် မြန်မာ တစ်မျိုးသားလုံးသာမက ကမ္ဘာသူ ကမ္ဘာသားအားလုံး အေးချမ်း သာယာ ပါစေကြောင်း မွန်မြတ်သော စိတ်ထားဖြင့် ရည်မှန်းချက် ထားရှိ၍ ကျပ်သိန်းပေါင်းများစွာ အကုန် အကျခံကာ တည်ဆောက်တော် မူနေခြင့်းဖြစ်ပါသည်။ ဤသိမ်တော်ကြီး အပြီးသတ် တည်ဆောက်ရန် ခန့်မှန်းခြေ ကျပ်သိန်းပေါင်း (၂၀၀၀) ခန့် ကုန်ကျမည်ဟု သတ်မှတ် လျာထားရှိပါသည်။ ဤသိမ်တော်ကြီး၏ ခေါင်မိုးပေါ်တွင် ရာသီဥတုဒဏ် ခံနိုင်ရန်နှင့် အဓွန့်ရှည်စွာ ကြည်ညို သဒ္ဓါ ပွားနိုင်ကြစေရန် ကြေပုထိုးတော် (၉) လုံး တည်ထားပူဇော်ရန် ရည်သန်ထားရှိပါသည်။ ယခုအခါ လုပ်ငန်းအ၀၀၏ (၇၅) ရာခိုင်နှုန်းမျှ ပြီးစီးနေပြီ ဖြစ်ပါသည်။
တစ်ဖန် ဆရာတော်ဘုရားသည် ၀မ်းဖော ၀မ်းရောင်ရောဂါ မချိမဆန့် ခံစားနေရ၍ အဓိဌာန်တော်ကို ရပ်ထားရမည့် အနေအထား ဖြစ်ပေါ်နေစဉ် ၁၃၄၄ ခု၊ တန်ခူးလဆန်း (၁၀) ရက်နေ့ည (၁၂) နာရီ အချိန်တွင် မထင်ရှားသော အမျိုးသမီးတစ်ဦးမှ ဆေးနည်း လာရောက်ပေး သွားပြီး ပျောက်ကွယ် သွားပါသည်။ ၄င်းဆေးနည်းဖြင့် ဖော်စပ်ပြီး စားသုံးသည့်နေ့မှစ၍ ရောဂါ ဝေဒနာ လုံးဝ ကင်းစင် ပပျောက်သွားပြီး တရား ဓမ္မ ဆက်လက်ဆောက်တည် အားထုတ်ခွင့် ရရှိတော်မူ ခဲ့ပါသည်။
မဟာ ဇေယျသိဒ္ဓိ-အဓိဌာန် ဆရာတော် ဘုရားသည် မဟာဇေယျသိဒ္ဓိ-အဓိဌာန်ကျင့်စဉ်ခေါ် ဗုဒ္ဓနုဿတိ ကမဋ္ဌာန်း၏ ပထမကဏ္ဍ၊ ပထမ အဆင့် (၉) ရက် စတင်တည်ဆောက်၍ (၄) ရက် မြောက်နေ့ညတွင် ဆရာတော်ဘုရား ရှေ့တည့်တည့်၌ ၀တ်ဖြူစင်ကြယ် ၀တ်ထားသည့် ပုဂ္ဂိုလ်တစ်ဦး နှင့် အနီဝတ် (ယောဂီဝတ်) ပုဂ္ဂိုလ်တစ်ဦး ပေါင်း (၂) ဦးတို့သည် မမျှော်လင့်ဘဲ ရုတ်တရက် မတ်တပ် ရပ်လျက် ပေါ်လာသဖြင့် ဆရာတော်ဘုရားမှ “ အသင်တို့သည် ငါ့ထက် တန်ခိုးအာနုဘော် ကြီးက ငါဦးညွှတ်မည်၊ ငါ့ထက် တန်ခိုး အာနုဘော်နည်းလျှင် ငါ့အား ဦးချကြ” ဟု အမိန့်ရှိ လိုက်သည်နှင့် တစ်ပြိုင်နက် ယင်းပုဂ္ဂိုလ်နှစ်ဦးစလုံး ပြိုင်တူ ဦးချကန်တော့ကြပြီး ပျောက်ကွယ်သွား ကြကြောင်း အမိန့် ရှိဖူးပါသည်။
ဆရာတော်ဘုရား အနေဖြင့် မိမိသည် မဟာဇေယျသိဒ္ဓိကျင့်စဉ်ခေါ် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးစား အားထုတ်နေသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်နှင့် အညီ မြတ်စွာဘုရား ကိုယ်တော်တိုင် သက်တော်ထင်ရှားရှိစဉ်ကပင် ကိုယ်စားတော်အဖြစ် သွန်းလုပ် တော်မူခဲ့သော တစ်နည်းအားဖြင့် သက်တော်အရှည်ဆုံး ရုပ်ပွားတော်တစ်ဆူလည်း ဖြစ်တော်မူသည့် မဟာမြတ်မုနိ ကြေးဆင်းတု ရုပ်ပွားတော် တစ်ဆူကို မိမိကြွရောက်တော်မူရာ ရပ်ဒေသတိုင်းသို့လည်းကောင်း၊ အဓိဌာန်တော် ၀င်စဉ်ကာလ တစ်လျှောက်လုံးတွင် လည်းကောင်း၊ မိမိနှင့် မကွဲမကွာ ဦးထိပ်ထား၍ ပင့်ဆောင်ပူဇော်လျက် မြန်မာနိုင်ငံ တစ်ဝန်း ဒေသစာရီ ကြွချီတော်မူပြီး သတ္တ၀ါ အနန္တတို့အား မေတ္တာတရား ချီးမြှင့်ခြင်းဖြင့် အပူဇော် ခံယူလျက်ရှိနေပါသည်။ ဆရာတော်ဘုရားအား မိမိရောက်ရှိ ရာနေရာ အရပ်ရပ်မှ မနောအာရုံဖြင့် ပင့်ဆောင်ပူဇော်နိုင်ခြင်း၊ ပရိတ်တရားချီးမြှင့်သည့် အခါတိုင်း ပရိတ်ရေ ဆူပွက်ခြင်း စသော ထူးခြားသည့် ဖြစ်ရပ်များကို ယနေ့ထက်တိုင် ဆရာတော် အရှင် သူမြတ်အား ဖူးတွေ့ရသူတိုင်း ကိုယ်တိုင်တွေ့မြင် ကြည်ညိုသဒ္ဓါ ပွားများကြရမည်ဖြစ်ပါသည်။
4 comments:
  1. Thank you for the auspicious writeup. It in fact was a amusement account it.
    Look advanced to more added
    agreeable from you! However, how could we communicate?
    My website: moodle.egsd.org
    ReplyDelete
  2. Howdy just wanted to give you a quick heads up. The text in your
    article seem to be running off the screen in Ie. I'm not sure if this is a
    format issue or something to do with internet browser compatibility but I thought I'd post to let you know.
    The layout look great though! Hope you get
    the problem resolved soon. Thanks
    Here is my page; westmichiganparanormalassociation.org
    ReplyDelete
  3. Undeniably believe that which you said. Your
    favourite justification seemed to be at the internet the
    simplest thing to take into account of. I say to you, I
    definitely get irked at
    the same time as people consider worries that they plainly don't recognise about. You
    managed to hit the nail upon the top and also defined out the
    whole thing with no need side-effects , other folks could take a signal. Will likely be again to get more. Thanks
    Here is my web page: www.aguieira.es
    ReplyDelete
  4. You made several nice points there. I did a search on the
    issue and found a good number of
    folks will consent with your blog.
    My weblog - http://springraise.bear-code.com
    ReplyDelete
Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...
Thank you
သူတို့ဖျက်ကြလေပြီ
Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...