Mar 16, 2009

500 Essential Business Letters

မောင်လူအေးတို့ အင်တာနက် ပေါ်က သူငယ်ချင်းတွေ ကြrားမှာ မသင်ဘဲ တတ်တဲ့ ပညာလေး တစ်ခု ရှိတယ်ဗျ။ မောင်လူအေးကတော့ CCP Programming လို့ ခေါ်တယ်။ ခုဖတ်နေတဲ့ သူငယ်ချင်း ခင်ဗျားလည်း တတ်တယ်ဗျ။ တလောလေးကတောင် ဒီ CCP Programming ပညာရှင်တွေ ဟိုးလေးတကျော်နဲ့ ကြွက်စီ ကြွက်စီ ကြားလိုက် သေးတယ်။ မသင်ဘဲ တတ်တဲ့ ပညာ ဘာများပါလိမ့်တဲ့... Cut-Copy-Paste Programming ပါတဲ့ဗျာ။ အင်တာနက်ကြီး ပေါ်လာပြီးတဲ့ နောက်မှာ လူတွေ အတော်ပျင်းသွားတယ် ပြောလို့ရမယ်။ ဘာကိုမဆို အလွယ်တကူ ရနိုင်တယ် ဆိုတဲ့ နောက်မှာ ဘာမှ မလုပ်ချင်တော့တာ။

ဆိုတော့ မောင်လူအေးတို့ နေ့စဉ်အမျှ ရေးသားနေရတဲ့ စီးပွားရေး ဆိုင်ရာ ပေးစာများ... ဒါလည်း CCP Programming နဲ့ ရေးနိုင်ရင် ကောင်းမယ် ဆိုပြီး တွေးတယ်လေ။ တွေးတဲ့ အတိုင်းလည်း ရှာဖြစ်တယ်။ ရှာတော့ တွေ့တယ်။ မောင်လူအေးတော့ နှံ့အောင် မဖတ်ရသေးဘူး။ အသုံးတည့်မယ်ဆိုတာ သေချာတယ်ဗျာ။ ပေးစာတွေကို Microsoft Words ပုံစံနဲ့ ရေးသားထားတာ ဖြစ်တဲ့အတွက် CCP Programming သမားတွေ အတွက် အံကိုက်ပဲပေါ့ဗျာ။ နော...

Download Here!

2 comments:

  1. အသုံးဝင်သော စာကားလုံးများကို မျှဝေပေးထားတဲ့ အတွက်အထူးကျေးဇူး တင်ပါတယ်။

    လေးစားလျှက်
    မေတ္တာရောင်ပြန်

    ReplyDelete
  2. thanks for your's distribution

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS