Feb 9, 2009

Microsoft Office Project 2007 For Dummies

Project2007
မောင်လူအေး ရန်ကုန်က ပြန်ရောက်ပြီး ဘလော့လည်း မရေးဖြစ်၊ ပို့စ်လည်း မတင်ဖြစ်နဲ့ အလုပ်ရှုပ် (ချင်ယောင်ဆောင်)ရင်း တိုင်ပတ်နေတာ တော်တော်လေး ကြာသွားတယ်။ ရန်ကုန်က ပြန်ရောက်ပြီးတဲ့ နောက်မှာ ရေးစရာလေးတွေ ပါလာတယ်။ စာတွေက ခေါင်းထဲမှာ စီနေတုံးပဲ ရှိသေးတယ်။ ကွန်ပျူတာ ပေါ်ကို စာအနေနဲ့ ရောက်မလာနိုင်သေးဘူး ဖြစ်နေတယ်ဗျာ။ လာလည်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများကိုလည်း အားနာပါတယ်။ ဆိုတော့ လောလောဆယ် မောင်လူအေး လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Project Management ဆိုင်ရာ စာအုပ်လေး တစ်အုပ် မျှဝေပါမယ်။ Project Management နဲ့ ဆက်စပ် အလုပ်လုပ်ကြတဲ့ သူငယ်ချင်းများ အတွက် အထောက်အကူ ပြုမယ် ယူဆပါတယ်။ ခေါင်းထဲက စာတွေကတော့ တဖြေးဖြေးချင်း ကွန်ပျူတာပေါ်ရောက်အောင် ရေးသွားပါဦးမယ်။

Download Here!

2 comments:

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS