Dec 15, 2008

နည်းနည်းလေးတော့ လွဲနေတယ်

မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်ကနေပြီး နေပြည်တော်ကို ရွှေ့တော့ ရန်ကုန်က စီးပွားရေးမြို့တော် ဖြစ်လာတယ်။ အခုနေ စင်္ကာပူနိုင်ငံမှာ မြန်မာတွေ ရောက်လာ လုပ်ကိုင် နေထိုင်ကြတာ များလာလိုက်တာ၊ စင်္ကာပူသည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်လို့တောင် တချို့က နောက်ပြောင် ပြောစမှတ် ပြုလာကြတယ်။

မောင်လူအေးအလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာတင် မြန်မာ ၀န်ထမ်း ၆ ယောက်ရှိတယ်။ အယင်လုပ်ခဲ့တဲ့ ကုမ္ပဏီမှာက မြန်မာ ၀န်ထမ်း ၄ ယောက်ရှိတယ်။ မောင်လူအေး တို့ ကုမ္ပဏီက လက်ရှိ ကိုင်တွယ်နေရတဲ့ ဆိုက်တွေထဲက Main Con; ကုမ္ပဏီမှာ Coordinator က မြန်မာ၊ နောက်ထပ် မောင်လူအေးတို့ Sub Con; ထပ်ပေးထားတဲ့ ကုမ္ပဏီက Coordinator မြန်မာ။ နောက်ဆိုရင် အပတ်စဉ် အစည်းအဝေးလုပ်ရင် မြန်မာလို ပြောလို့ ရနေပြီ။

P.S.A တို့ Keppel တို့လို ကွန်တိန်နာ ဆိပ်ကမ်းနဲ့ သဘောင်္ကျင်း ကုမ္ပဏီတွေမှာ မြန်မာဝန်ထမ်း များတာကတော့ ပြောနေစရာကို မလို လောက်အောင်ပဲ။ Work Pass ထုတ်ပေးတဲ့ Tg Pargar က Work Pass Building အပေါ်ထပ် တိုက်၂ လုံးမှာ မြန်မာတွေချည်း။ Keppel မှာဆိုလည်း Safety Supervisor ကို မြန်မာ Safety ထားထားပေးရတယ်ဆိုတဲ့ အထိ။

MRT တွေ စီးလိုက်ရင်လည်း မြန်မာ မပါတဲ့ အတွဲက ခပ်ရှားရှားရယ်။ အဲလို မြန်မာ မပါတဲ့ ရထားတွဲ ရှားတဲ့ အထဲကမှ မြန်မာမပါဘူး ထင်လို့ "ချစ်ရာ မခွဲနိုင်တော့ဘူးကွာ…." ဆိုပြီး ခေတ်မီပြ တတ်တဲ့ အတွဲတွေ လည်း ခဏ ခဏတွေ့ရ…

ဘာရယ်တော့ မဟုတ်ဘူးပေါ့ဗျာ… သူငယ်ချင်း တစ်ယောက်ပြောဖူးတဲ့ စကားလေး တစ်ခွန်းပေါ့… Keppel မှာ လုပ်နေတဲ့ သူငယ်ချင်း တစ်ဦးပြောခဲ့တာ…
အင်ဂျင်နီယာချုပ်က မြန်မာ… Safety လည်း မြန်မာ … Supeprvisor လည်း မြန်မာ… အလုပ်သမားလည်း မြန်မာ…
Dock လာတင်တဲ့ သဘောင်္က မြန်မာပိုင် ကြယ်ငါးပွင့် သဘောင်္… အလုပ်လုပ်ရတော့ ဟိုးထိပ်ကနေ အောက်ခြေထိ မြန်မာတွေချည်း…
Dock တင်ပြီးသွားတော့ ပိုက်ဆံ ရသွားတာက… စင်္ကာပူ… တစ်ခုခုတော့ လွဲနေတယ်…

ထူးအိမ်သင် မသေခင် ဆိုသွားသလို ပေါ့ဗျာ… နည်းနည်းလေးတော့ လွဲနေတယ်… ဘာများ လွဲနေလဲ… ဘယ်အထိ လွဲနေကြဦးမလဲ… အလွဲတွေ တည့်သွားတဲ့ တစ်နေ့မှာ…

ဆက်လက်တွေးခေါ်ဖို့ ဝေမျှခြင်းပါဗျာ…

9 comments:

  1. အကိုပြောသလိုပါပဲ ဒီမှာရှိတဲ့ ကျောင်းတိုင်းလိုလိုမှာလဲ မြန်မာကျောင်းသား ကျောင်းသူတွေ လက်ညှိးထိုးမလွဲ တွေ့နေရပါပြီ။ အထူးသဖြင့်ဒီနှစ်ပိုင်းမှာ ပိုများလာလိုက်တာ primary တန်းတွေမှာတောင် မြန်မာတွေ တက်နေကြပါပြီ။ ကဲ ဒီနိုင်ငံကို ဘယ်တော့ အုပ်ချုပ်နိုင်မလဲ ဆိုတာစောင့်ကြည့်ရအောင်လား..:)

    ReplyDelete
  2. အဲဒီလောက်ကြီးတော့ မဟုတ်သေးပါဘူးဗျာ.. ဘကုန်း နဲ့  ကုလားတွေလည်း ပေါမှပေါ..ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့... အုပ်ချုပ်ရေးပိုင်းတွေမှာ မြန်မာတွေပိုများလာမယ်ဆိုရင်..တစ်မျိုးပေါ့.. တစ်ခါက မွန်တွေ
    ကြေးချောင်းတွေ ကားစီးလုံးတိုက် ခိုးထုတ်တာမိတော့ အမှု စစ်ဆေးတဲ့သူက မြန်မာအမျိုးသမီးပါ.. မြန်မာပြည်က အဆိုတော် အန်တီဆရာမ တစ်ယောက်ရဲ့  တူမပါ..

    ReplyDelete
  3. Amazing! This blog looks exactly like my old one! It's on a totally

    different subject but it has pretty much the same page layout and design.

    Outstanding choice of colors!

    Also visit my webpage ... website.kamsgraphics.com

    ReplyDelete
  4. In this awesome scheme of things you actually

    secure a B- with regard to hard work. Where you actually confused everybody was

    first in your facts. You know, they say,
    details make or break the argument.. And that could not be

    more accurate right here. Having said that, allow me inform you exactly
    what

    did deliver the results. The article (parts of it)

    can be pretty

    powerful and that is possibly why

    I am making an effort in order to comment. I do not really make it a regular habit of


    doing that. Secondly, whilst I can easily notice the jumps in reasoning you make, I am definitely not convinced
    of how you appear to

    unite the points which inturn make

    your final result. For the moment I will, no doubt

    yield to your issue however hope in the near future you link the
    facts better.

    Feel free to visit my blog ... http://geee.ru

    ReplyDelete
  5. Definitely believe that which you stated. Your favorite reason seemed to be on the
    internet the easiest thing to be aware of. I say to
    you, I definitely get annoyed while people think about worries that they plainly don't know

    about. You managed to hit the nail upon the top as well as defined out the whole thing without having side

    effect , people can take a signal. Will probably be back to get more. Thanks

    Also visit my web site :: http://olo.ru

    ReplyDelete
  6. Wow that was unusual. I just wrote an extremely long comment but after I clicked

    submit my comment didn't appear. Grrrr... well I'm
    not writing all that over again. Anyways, just wanted to say great blog!


    Here is my blog post; http://www.szakibazis.com

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...