Dec 17, 2008

Meeting Minutes ရေးကြမယ်...

Meeting Minutes ဘာလို့ ရေးရတာလဲ။

လူအများစုဝေးပြီး လုပ်ကြတဲ့ အစည်းအဝေးများနဲ့ အစည်းအဝေးဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ဖို့ Meeting Minutes ရေးရတယ်။ လူတွေဟာ မေ့လျော့တတ်တဲ့ သဘောသဘာဝ ရှိတာကြောင့် စာနဲ့ ပေနဲ့ ရေးသား မှတ်တမ်းတင်ထားခြင်း မရှိရင် နောက်မှာ မလိုလားအပ်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာနိုင်တာကြောင့် Meeting Minutes ရေးဖို့ လိုအပ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် Meeting မတက်ရောက်နိုင်တဲ့ သူများ အတွက်လည်း Meeting မှာ ဘာတွေ ဆွေးနွေးခဲ့ကြတယ်၊ ဘာတွေ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာ Meeting Minutes နဲ့ အသိပေးနိုင်ပါတယ်။


Meeting Minutes ကို ဘယ်သူရေးသလဲ။

အစည်းအဝေးတိုင်းမှာ Meeting Minutes ရေးဖို့ တစ်ဥင်္ီးဦးကို သတ်သတ်မှတ်မှတ် တာဝန် ပေးလေ့ရှိတယ်။ အစည်းအဝေးတိုင်းမှာ ဒီတစ်ယောက်တည်းပဲ ဖြစ်နိုင်သလို လူအများ အလှည့်ကျ ရေးမှတ်ခြင်းမျိုးလည်း ဖြစ်နိုင်တယ်။



Meeting Minutes ထဲ ဘာတွေပါသလဲ။


Meeting တစ်ခု မစခင်မှာ အစည်းအဝေး အစီအစဉ် ဆွဲရတယ်။ အဲဒီ အစီအစဉ်ထဲမှာ Meeting မှာ ဘာတွေ ထည့်သွင်း ဆွေးနွေးမယ်ဆိုတာ အသေးစိတ် ထည့်သွင်း ရေးဆွဲဖို့ လိုတယ်။ Meeting Minutes တစ်ခုမှာ ပုံမှန်အားဖြင့် ဒီအချက်အလက်တွေ ပါလေ့ပါထရှိတယ်။

• Meeting ကျင်းပရာ အချိန်၊ နေ့ရက်နဲ့ နေရာ
• တက်ရောက်ကြသူများ အမည်နဲ့ တာဝန် စာရင်း
• တက်ရောက်ရန် ပျက်ကွက်ကြသူများ
• အယင် အစည်းအဝေးက ရရှိခဲ့တဲ့ သဘောတူညီချက်များ၊ ယခင် Meeting Minutes များထဲကနေ ထပ်မံ ပေါ်ထွက်လာတဲ့ ဆွေးနွေးရမဲ့ အချက်များ။
• အစီအစဉ်မှာ ပါတဲ့ တစ်ချက်ချင်း အတွက် အဓိက ဆွေးနွေးခဲ့တဲ့ အချက်နဲ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်။
• နောက်တစ်ကြိမ် ကျင်းပမဲ့ အစည်းအဝေး အချိန် နေ့ရက် နဲ့ နေရာ
• Meeting Minutes ပြုစုသူရဲ့ အမည်



သတိပြုသင့်တာတွေ


Meeting Minutes ကို Meeting မကျင်းပမီ သက်ဆိုင်ရာ ပုဂ္ဂိုလ်များဆီကို Email နဲ့ ပို့ပါ။ ဒါမှ သူတို့ Meeting တက်ရောက်ဖို့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်လို့ရမယ်။


နောက်ဆုံးကျမှ ပေါ်ပေါက်တတ်တဲ့ အရေးပေါ်ကိစ္စ ၀ိစ္စများ ရေးမှတ်ဖို့ အစီအစဉ်ရဲ့ နောက်ဆုံးမှာ AOB (Any Other Business) (အခြားအကြောင်းအရာများ…) ဆိုတာ ထည့်ထားပါ။


Meeting Minutes မှတ်တမ်းတင်မှု တိုတိုနဲ့ ဆိုလိုရင်းကို ထိမိပါစေ။ မလိုအပ်တာတွေ ရှုပ်ပွနေအောင် လိုက်မှတ်စရာ မလိုပါ။ ပြောသမျှ၊ ဆွေးနွေးကြသမျှ ရေးမှတ်ချင်တယ် ဆိုရင်တော့ အသံသွင်းစရာ ကက်ဆက် (ဒါမှမဟုတ်) Mp3 လို တစ်ခုခု ဆောင်ထားဖို့ လိုပါတယ်။


တက်ရောက်သူများထဲက တစုံတယောက်ကို ကိစ္စတစ်ခုခု လုပ်ဆောင်ခိုင်းတဲ့ ကိစ္စဆိုရင် “ACTION” လို့ ရေးမှတ်ပါ။ ဒီလို မှတ်သားခြင်း အားဖြင့် နောက် မီတင်ရောက်တဲ့ခါ Action Points တွေချည်းပဲ ရွေးပြီး မှတ်သား သွားဖို့ လွယ်ကူစေပါတယ်။


အကယ်၍ သူငယ်ချင်းဟာ စာရိုက် မြန်တဲ့သူတစ်ဦးဆိုရင် Meeting လုပ်နေစဉ်မှာ ချက်ချင်း ရေးထုတ်ပါ။ ဒါမှမဟုတ် Meeting ပြီးပြီးချင်း ရေးထုတ်ပါ။ Meeting ပြီးတဲ့ အချိန်ကနေ စောစော ရေးထုတ်နိုင်လေ ပိုပြီး တိကျမှု ရှိလေပါပဲ။


Meeting Minutes ရေးဖို့ကြုံတဲ့ခါ ဖတ်နိုင်အောင် ဘာသာပြန် ထားခြင်းပါ။ Meeting Minutes ကို ဘယ်သူရေးရမယ်လို့ မူသေ သတ်မှတ်ထားတာ မရှိပါဘူး။ တကယ် ပုံစံကျတဲ့ ကုမ္ပဏီတွေမှာတော့ Meeting ထဲ ပါဝင်ဆွေးနွေးသူတွေထဲက မဟုတ်ဘဲ သတ်သတ် တစ်ယောက် Meeting ကျင်းပရာ နေရာမှာ ရှိနေစေပြီး ရေးမှတ်စေလေ့ ရှိတယ်။ တချို့ ကုမ္ပဏီတွေမှာ အင်ဂျင်နီယာတွေ ကိုယ်တိုင် ရေးတယ်။ တချို့ ကုမ္ပဏီတွေမှာ မန်နေဂျာတွေ ကိုယ်တိုင် ရေးတယ်။ ဆိုတော့ မည်သူမဆို မီတင်မိနစ် ရေးဖို့ ကြုံလာနိုင်ပါတယ်။ အဲလို ကြုံလာတဲ့ခါ ဘယ်က စရမယ်မှန်း မသိဖြစ်ရင် တော်တော် ဆိုးပါတယ်။


Meeting Minutes များ ရေးကြီးခွင်ကျယ် လုပ်နေတယ်ကွာ ဘာခက်တာလိုက်လို့ ဆိုပြီး ပြောချင်တဲ့ သူငယ်ချင်းများ ရှိပါလိမ့်မယ်။ အယင် ကိုယ့်ဆီမှာ ရှိနေပြီးသား သူများ ပြုစုထားတဲ့ Meeting Minutes တစ်ခုခုကို မှီငြမ်း လိုက်ရုံပေါ့လို့ ပြောချင်ပါလိမ့်မယ်။ မှန်ပါတယ်။ ဒါက Meeting Minutes ဆိုတာ ဘာကို ခေါ်မှန်း သိထားသူတွေ အတွက် လွယ်ပါတယ်။


မောင်လူအေး စတင် ကြုံရစဉ်က Meeting Minutes ဆိုတာ ဘာမှန်းမသိပါဘူး။ အစည်းအဝေးမှတ်တမ်းလို့ ပြောရင် သိဦးမယ်။ Meeting Minutes ဆိုတော့ ဘာကို ဆိုလိုမှန်း မသိဘူး။ ဆိုတော့ လိုက်သာမှတ်ထားတယ်။ မှတ်ထားတဲ့ စာတွေသာ ရှိတယ်။ ဘယ်ကနေ စရမယ်မှန်း မသိဘူး။ တိုင်ပတ်တာ ပေါ့ဗျာ။ ဆိုတော့ အဲလိုမျိုး ကြုံလာနိုင်တဲ့ သူငယ်ချင်းများ အတွက်ရော၊ မောင်လူအေး ကိုယ်တိုင်ဖတ်ဖို့ အတွက်ရော ဘာသာပြန်ထားခြင်းပါဗျာ။ အထူးသဖြင့်တော့ ရန်ကုန်ကနေ စင်္ကာပူ ထွက်လာတဲ့ သူငယ်ချင်းများ အတွက် သိထားရင် ပိုကောင်းတဲ့ အချက် တစ်ခုပေါ့။ ဟိုမှာ တုံးက အစည်းအဝေးမှတ်တမ်း ရေးတာ ချောနေတာပဲ။ ဒီလည်း ရောက်ရော Meeting Minutes ရေးပါ ဆိုတော့ တိုင်ပတ်ရော ဆိုတာ မောင်လူအေးမှ အစစ်။


မသိသေးတဲ့ သူငယ်ချင်းများ ဂျန်န၀ါရီ နောလစ်ဂ်ျ ပေါ့ဗျာ… နော… သိပြီးသား သူငယ်ချင်းတွေ အတွက်တော့လည်း ပြန်နွှေးတာပေါ့… :-)

Original Page

Related Posts...


10 comments:

  1. Meeting Minutes ကို ဘယ်သူရေးရမယ်လို့ မူသေ သတ်မှတ်ထားတာ မရှိပေမဲ့ များသောအားဖြင့် Private Company ရော Publick sector မှာပါ ဦးဆောင်ပုဂ္ဂိုလ်ကြီးတွေရဲ့ PA တွေက ရေးကြပါတယ်။ PA မရှိရင် office administrator ကရေးပါတယ်။ PA လိုအလုပ်မျိုးကို ရှာမယ်ဆိုရင် meeting minutes taking အတွေ့အကြုံ ရှိသူကို ဦးစားပေးပါတယ်။ UK မှာပါ။

    ReplyDelete
  2. ဟုတ်တယ်ဗျ... ကျောင်းမှာ စာအုပ်စာတမ်းနဲ့ မသင်ဘဲ တတ်ထားဖို့ လိုတဲ့ ပညာရပ်ထဲမှာ Meeting Minutes Taking လည်း တစ်ပါးပါတယ်လို့တောင် ဆိုနိုင်မယ်ထင်တယ်ဗျ... ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာတော့ (လူအင်အား ချုံ့တာလည်း ပါပါတယ်...) Coordinator တစ်ယောက်ယောက်၊ ဒါမှမဟုတ် အင်ဂျင်နီယာ တစ်ယောက်ယောက် ရေးတာများတယ်ဗျ။ တတ်ထားသင့်တဲ့ ပညာတစ်ခု ပေါ့ဗျာ။ နော။

    ဂရုတစိုက် မှတ်ချက်ပြုတာ ကျေးဇူးပါဗျာ။ လေ့လာနေသူ သူငယ်ချင်းများအတွက် အင်မတန်မှ အကျိုးများ ပါတယ်။

    :)

    ReplyDelete
  3. I used to be very happy to seek out this web-site.
    I needed to thanks to your time for this

    excellent read!! I positively enjoying every

    little bit of it and I have you bookmarked to take a look at new stuff you

    weblog post.

    Here is my page - HTTP://Multimedia.stisitelkom.ac.id/

    ReplyDelete
  4. I like what you guys are up too. This kind of clever work and exposure!
    Keep up the fantastic works guys I've included you guys to my blogroll.

    Feel free to visit my website ... http://4shoptv.com/index.php?do=/blog/60278/spanish-property-the-facts-we-want-to-know/

    ReplyDelete
  5. advertising

    My webpage :: olo.ru

    ReplyDelete
  6. Thanks for another informative web site.

    Where else could I get that kind of

    information written in such a perfect way? I've a project that I am just now working on,

    and I've been on the look out for such info.

    My page - http://beegaa.com/blog/view/113368/the-mccain-spain-gaffe-making-a-case-for-obama

    ReplyDelete
  7. You really make it seem really easy with your

    presentation however I find this topic to be actually something

    that I believe I might never understand. It seems
    too complicated and extremely extensive for me. I'm

    having a look ahead in your subsequent put up, I will attempt to get the dangle of it!

    Here is my weblog: www.oilsandsnetwork.ca

    ReplyDelete
  8. Hmm is anyone else experiencing problems with the pictures
    on this blog loading? I'm trying

    to find out if its a problem on my end or if it's the blog.
    Any feedback would be greatly appreciated.

    Here is my homepage omgeving la nucia

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS