Nov 16, 2008

Tips of Job Hunting in Singapore

စင်္ကာပူမှာ အလုပ်ရှာရတာ ခက်တယ် ခက်တယ်တဲ့။ ပြောကြတယ်။ ဘယ်သူတွေ ပြောလဲ။ အလုပ်ရှာမရတဲ့ သူတွေ ပြောပါတယ်။ :)


နည်းသိရင် လွယ်ပါတယ်ဗျ။ မောင်လူအေး သူငယ်ချင်းတွေကို ပြောပြောဖြစ်တဲ့ စကားလေးတွေကို တစ်ယောက်လာ တစ်ခါပြော တစ်ယောက်လာ တစ်ခါပြောနဲ့ ခဏခဏ ပြောနေရတာ ဒီစကားတွေကိုပဲ ထပ်ကာတလဲလဲ ဖြစ်နေလေတော့ နောက်ဆို မပြောချင်တော့ဘူးဗျာ။ ဒီကပို့စ်လေးပဲ သွားဖတ်လိုက် လို့ပြောတော့မယ်။ (အမှန်ကတော့ ဟစ်တက်အောင် ရမယ် ရှာတာပါ။ ဟ ဟ ဟ )


စစချင်း လုပ်ရမှာက စင်္ကာပူမှာ အလုပ်ရှာရတာ ခက်တယ်ဆိုပြီး စိတ်ထဲ ရောက်နေတဲ့ အတွေးလေးကို မေ့ထားလိုက်ဗျာ။ ဒီ အဆင့်လေးတွေနဲ့ ကြိုးစားကြည့်ဗျာ။ မောင်လူအေး ပြောပြမဲ့ နည်းတွေက ရိုးစင်းလွန်းကောင်း ရိုးစင်း နေပါလိမ့်မယ်။ ကြိုးစားခဲ့ကြပြီး သူငယ်ချင်းတွေကတော့ အလုပ်ဖြစ်တယ် ပြောပါတယ်။ အလုပ်ဖြစ်တော့လည်း အလစ် ဖြုတ်ကြတာပေါ့ လား။


ကဲ စရအောင်ဗျာ။


အလုပ်ဘယ်ကနေ ရှာမလဲ။


သုံးနေရာပဲ ရှိပါတယ်။ တစ် သတင်းစာကနေ ရှာမယ်။ နှစ် အင်တာနက်ကနေ ရှာမယ်။ သုံး မိတ်ဆွေ အပေါင်းအသင်းကနေ တဆင့် ရှာမယ်။


သောက်သောက်လဲ ထုတ်နေကြတဲ့ သတင်းစာတွေကို လိုက်ဝယ်စရာ မလိုပါဘူး။ လိုက်ဝယ်လည်း စင်္ကာပူသည် ကမ္ဘာပေါ်တွင် နေထိုင်စရာ အကောင်းဆုံး တိုင်းပြည် ဖြစ်လေသတည်း ဆိုတဲ့ စာတွေကလွဲရင် ဘာမှ တွေ့မှာ မဟုတ်ဘူး။ တစ်ပတ်လုံး ထုတ်တဲ့ သတင်းစာတွေထဲက စနေ နဲ့ ဗုဒ္ဓဟူး ထုတ်တဲ့ သတင်းစာတွေကို ၀ယ်ဗျာ။ ပြားရှစ်ဆယ် (အခုတော့) တစ်ဒေါ်လာ ပေးရပြီး လက်မောင်း အောင့်နေအောင် ထမ်းရတဲ့ သတင်းစာ အထပ်ကြီးထဲက Recruit ဆိုတာရယ် Classified ဆိုတာရယ် ၂ ခုပဲ ချန်ထားပြီး ကျန်တာ ပဲကြီးလှော်နဲ့သာ လဲစားပစ်။ ပဲကြီးလှော်နဲ့ ဘယ်နေရာမှာ လဲလို့ ရလဲတော့ မမေးနဲ့ဦး။ မောင်လူအေးလည်း သိသေးဘူး။ ခင်ဗျားတို့သိရင်တော့လည်း ကွန်းမန့်မှာ ရေးခဲ့ဗျာ။ နော


ဒီလို ပြောတော့ ရန်ကုန်ကနေ အလုပ်ရှာနေတဲ့ သူငယ်ချင်းတွေက ပြောမယ်။ တို့က ရန်ကုန်မှာပဲ ရှိသေးတာ ဘယ့်နှာလုပ် သတင်းစာ ၀ယ်လို့ ရမတုံး။ အင်တာနက်ကြီး ရှိတယ်ဗျာ။ နော် အင်တာနက်က ရှာတာ ပြောတဲ့ခါကျရင် ပြောမယ်ဗျာ။


အဲလို Recruit နဲ့ Classified ၂ စောင်ကို ယူပြီးတဲ့ခါကျတော့ ဘောပင် တစ်ချောင်းရှာဗျာ။ ဘေးနားမှာ လိုက်ရေးဖို့ စာရွက် အလွတ် တစ်ရွက်ကို ချ။ ကိုယ်နဲ့ သက်ဆိုင်ရာ အလုပ်ကြော်ငြာတွေကို ဘောပင်နဲ့ အယင် လိုင်းလိုက်တားဗျာ။ အဲဒီထဲမှာ ဖုန်းနံပတ် မပါလို့တို့။ အီးမေးလ် မပါလို့တို့။ ဖက်စ်နံပတ် မပါလို့တို့ အဲဒါတွေလည်း မကျန်စေနဲ့ဗျ။ အဲဒါတွေ အကုန် လိုင်းလိုက်တား။ ပြီးတာနဲ့ တစ်ခုချင်းစီ စာရွက်လွတ် မှာ လိုက်ရေးဗျာ။ ခေါ်ယူတဲ့ ကုမ္ပဏီ။ ခေါ်ယူတဲ့ ရာထူး။ ဆက်သွယ်ရန် ဖုန်းနံပတ်။ အီးမေးလ်။ ဖက်စ် နံပတ်။ အကုန်သာ ချရေးဗျာ။


ဒါက သတင်းစာ ကနေ အလုပ်ခေါ်စာ ရှာတဲ့ နည်းပေါ့။ အလုပ်ခေါ်စာ တစ်မျက်နှာလောက် ရရင် ခဏ ရပ်ထားလိုက်ဗျာ။


အင်တာနက်ပေါ်ကနေ ဘယ်လို ရှာမလဲ။ အလုပ်ခေါ်စာတွေ ပါတဲ့ ၀ဗ်ဆိုက်တွေကို သွားဗျာ။ အဲဒီထဲကလည်း ကိုယ်ရှာတဲ့ အလုပ်အကိုင်မျိုးတွေ လျှောက်ရှာ ပြီးရင် ခုနက လိုပဲ စာရွက်လွတ် တစ်ရွက်မှာ ချရေးဗျာ။ စောစောက နည်းအတိုင်းပဲ ခေါ်ယူတဲ့ ကုမ္ပဏီ။ ခေါ်ယူတဲ့ ရာထူး။ ဆက်သွယ်ရန် ဖုန်းနံပတ်။ အီးမေးလ်။ ဖက်စ် နံပတ်။ အကုန်သာ ချရေးဗျာ။ တချို့ ကုမ္ပဏီတွေမှာ ဆက်သွယ်ရန် လိပ်စာ မပါတာမျိုး ကြုံရတတ်ပါတယ်။ အဲဒါလည်း အရေး မကြီးဘူးဗျ။ ချရေးစရာ ရှိတာ ရေးသာထားလိုက်။ စောစောက ပြောခဲ့တဲ့ အလုပ်ခေါ်စာ အများဆုံး ပါတယ်ဆိုတဲ့ The Straits Times ရဲ့ Recruit နဲ့ Classified မှာ ပါတဲ့ အလုပ်ကြော်ငြာများကိုတော့ www.st701.com မှာ အများဆုံး ရှာတွေ့နိုင်ပါတယ်။ စာတစ်မျက်နှာစာ ရရင် ခဏ ရပ်ထားဗျာ။


နောက်တစ်ခုကတော့ မိတ်ဆွေ အပေါင်းအသင်း ကနေ တဆင့် ရှာတာပေါ့။ မိတ်ဆွေ အပေါင်းအသင်း ဆိုတဲ့ နေရာမှာ အလုပ်ခေါ်တယ် ဆိုတဲ့ ကြော်ငြာတွေ ပေးပေးပြီး ကြော်ငြာတတ်တဲ့ အလုပ်အကိုင် ရှာဖွေရေး တွေကနေ တဆင့် ရှာတာလည်း ပါတာပေါ့ဗျာ။ သူငယ်ချင်းက သူတို့ ကုမ္ပဏီမှာ ဘယ်ရာထူးတော့ ခန့်မယ်ပြောတယ်။ အဲဒီအတွက် ကိုယ်ရေး အချက်အလက် ပို့ပေးလိုက်ပါဆိုတဲ့ လင့်လေးပေးတဲ့ နည်းကလွဲရင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေနဲ့ လုပ်တာတော့ သိပ် အားမပေး ချင်ဘူးဗျ။ အလုပ်ဖြင့် မရသေးဘူး။ သူတို့ကို ပေးရမှာက တနင့်တပိုးဗျ။ ဆိုတော့ မပေးဘဲ ရရင် ပိုမကောင်းဘူးလားဗျာ။


ဆိုတော့ ခုနက အလုပ်ကို ဘယ်ကနေ ရှာမလဲ ဆိုတဲ့ အဆင့်ကတော့ စင်္ကာပူမှာ အလုပ်လာရှာကြတဲ့ သူငယ်ချင်းတွေ အကုန် လုပ်ဖူးကြပါတယ်။ အလုပ်ခေါ်စာ ရှာတယ်။ အီးမေးလ် လိပ်စာ ရှာတယ်။ Resume လေး Attached လုပ်တယ်။ ပြီးတော့ ပို့တယ်။ ပို့မဲ့သာ ပို့တယ်။ တစ်စောင်မှ ပြန်မ ဆက်သွယ်လာဘူး။ ခင်ဗျား ပြောတဲ့နည်း ကျုပ်လည်း လုပ်တာပဲဗျာပေါ့။ အလုပ် သိပ်မဖြစ်ပါဘူးဗျာ ပေါ့။


အဲဒီ အလုပ်မဖြစ်တဲ့ နည်းကနေ အလုပ်ဖြစ်စေတဲ့ နည်းကို တမဟုတ်ချင်း ပြောင်းပေးမဲ့ နည်းလေးက အခုမှ စမှာပါ။ (သင်္ဘောဆိပ်က ပွဲတွေ့ ၀ဲဆေး ကြော်ငြာနဲ့တောင် ခပ်ဆင်ဆင်ပဲနော် ဗျ။ )ခုနက နည်း ဘယ်နည်းနဲ့ ပဲ ရှာရှာ အလုပ်ကြော်ငြာ ကုမ္ပဏီ လိပ်စာတွေ ပါတဲ့ သူငယ်ချင်း ချရေးထားတဲ့ စာတစ်မျက်နှာကို ယူဗျာ။ အဲဒီထဲက ပထမဦးစားပေး အနေနဲ့ တယ်လီဖုန်း နံပတ် ပါတဲ့ အလုပ်ကြော်ငြာတွေကို အယင်ရွေးဗျာ။ ပြီးရင် တယ်လီဖုန်း ခေါ်ဗျာ။ အဲလို ခေါ်တဲ့ နေရာမှာ ဆက်သွယ်ရမဲ့ ပုဂ္ဂိုလ်နာမည် ပါရင်တော့ အကောင်းဆုံး ပေါ့ဗျာ။ ဦးကကြီးနဲ့ ပြောချင်လို့ပါ။ ဒေါ်ခခွေးနဲ့ ပြောချင်လို့ပါ ဆိုရင်တော့ အကောင်းဆုံးပဲ ပေါ့ဗျာ။ အကယ်၍ ဆက်သွယ်ရမဲ့ လူပုဂ္ဂိုလ်နာမည်များ မပါခဲ့ဘူး ဆိုရင်တော့ဖြင့်HR နဲ့ ပြောချင်လို့ပါ ဆိုပြီး ပြောဗျာ။


ပြီးရင် ပြောရမှာက မင်းတို့ အလုပ်ဘယ်ရာထူးကိုဖြင့် ဘယ်နေရာမှာ ကြော်ငြာထားတာ တွေ့လို့ပါပေါ့။ အဲဒါ စိတ်ဝင်စားတဲ့ အတွက် လျှောက်ထား ချင်ပါတယ်ပေါ့။ သူတို့က ပြောပါလိမ့်မယ်။ ဒါဆို Resume လေးပို့လိုက်ပါ။ ဘာညာ သာရကာပေါ့။ အဲဒီမှာ တစ်ခါတည်း မေးရမှာက သူငယ်ချင်းဟာ Foreigner ဖြစ်ကြောင်း၊ လက်ရှိ Social Visit Pass နဲ့ လာရောက် နေတာ ဖြစ်ကြောင်း၊ Foreigner ဆိုရင် ခန့်နိုင်ရဲ့လားပေါ့။ အကယ်၍ ကုမ္ပဏီဟာ Foreigner အတွက် ခန့်ထားဖို့ရာ Work Pass Quota ရှိမနေဘူးဆိုရင် သူတို့ တစ်ခါတည်း ပြန်ဖြေပါလိမ့်မယ်။ ဆိုတော့ Foreigner ခန့်ဖို့ အဆင်မပြေတဲ့ ကုမ္ပဏီ တစ်ခုအတွက် ပြန်မယ်မှန်း မပြန်မယ်မှန်း မသိဘဲ Resume Attached လုပ်ထားတဲ့ Email တွေလည်း ပို့နေစရာ မလိုတော့ဘူးပေါ့ဗျာ။ စကာတင် စစ်ယူလိုက်နိုင်တဲ့ သဘောပေါ့။


အကယ်၍များ ကုမ္ပဏီက Foreigner အတွက် Work Pass Quota ရှိထားတယ် ဆိုရင်တော့ Resume ပို့လိုက်ဖို့ တစ်ပါတည်း ပြောပါလိမ့်မယ်။ Resume ပို့တဲ့ နေရာမှာ တစ်ပါတည်း မေးရမှာက Attention ဘယ်သူ့ကို လိပ်မူရမလဲ ဆိုတာပါ ထည့်မေးပါ။ များပြားလှစွာသော စင်္ကာပူက ကုမ္ပဏီက ဌာနတွေမှာ တစ်နေ့တစ်နေ့ကို အီးမေးလ်ပေါင်း သောင်းခြောက်ထောင် ၀င်ထွက်နေတဲ့ အထဲကမှ ကိုယ့်အီးမေးလ်ကို ဖွင့်ဖောက် ဖတ်ရှု စေဖို့ တမင် လိပ်မူပြီး ပို့ပေးတဲ့ သဘောပါ။ ပြီးတော့ သူငယ်ချင်းရဲ့ နာမည် ဘယ်သူဖြစ်ကြောင်း။ ခုပဲ Resume ပို့လိုက်မယ် ဖြစ်ကြောင်း ပြောပြီး တစ်ပါတည်း အီးမေးလ်နဲ့ ပို့လိုက်ဗျာ။


မောင်လူအေးနဲ့ သူငယ်ချင်းများကတော့ ဒီနည်းလေးနဲ့ ပို့ပြီး လျှောက်ထားခဲ့ရာမှာ သာမန်လေး ကြော်ငြာထားတဲ့ ကုမ္ပဏီကနေ ဘယ်နေ့ကျရင် မင်း အင်တာဗျူး လာလို့ ရမလား ဆိုတာထိ တိုးတက်အောင်မြင်တဲ့ ရလဒ်တွေ ရခဲ့ဖူးပါတယ်။


ဒါက ဆက်သွယ်ရန် တယ်လီဖုန်း နံပတ် ပါတဲ့ ကြော်ငြာများ အတွက်ပေါ့။ အကယ်၍ ကြော်ငြာမှာ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ် ပါမလာခဲ့ဘူး ဆိုရင် ဘယ်လို လုပ်မလဲ။ ဒါလည်း မခက်ပါဘူးဗျာ။ ကြော်ငြာမှာ ကုမ္ပဏီ နာမည် ပါတယ်ဟုတ်။ အဲဒီ ကုမ္ပဏီ နာမည်ကို ကော်ပီကူးပြီး Google ထဲ သွားပြီး ရှာပေါ့ဗျာ။ နောက်ထပ် ရှာနိုင်တဲ့ နေရာလေး တစ်ခုကတော့ GreenBook ပါဗျာ။ အဲဒီထဲမှာလည်း စင်္ကာပူက ကုမ္ပဏီင်္ တော်တော်များများရဲ့ လိပ်စာနဲ့ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ်တွေ တွေ့နိုင်ပါတယ်။


နောက်ဆုံး တဆင့်ကဖြင့် အလုပ်ကြော်ငြာမှာ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ်လည်း မပါ။ ကုမ္ပဏီ နာမည်လည်း မပါခဲ့ရင်ရောဗျာ။ ဒါဆို ဆက်သွယ်ရန် အီးမေးလ်လေးတော့ ပါတတ်တယ်ဗျ။ အဲဒီဆက်သွယ်ရန် အီးမေးလ်လေးကို တစ်ခုလုံး ကော်ပီကူးပြီး Google မှာ ရှာဗျာ။ အီးမေးလ် အကုန်လုံးနဲ့ ရှာမတွေ့ခဲ့ဘူး ဆိုရင်တော့ဖြင့် name@company.com ဆိုတဲ့ အထဲက name ကို ချန်ထားပြီး company.com ဆိုတာကို ရှာဗျာ။ အဲဒီမှာ အလုပ်ခေါ်တဲ့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် ၀ဗ်ဆိုက်လိပ်စာကို တွေ့နိုင်ပါတယ်။ အဲဒီကနေ တဆင့် Contact Form ကို ရှာပြီး တယ်လီဖုန်း နံပတ်ကို အလွယ်တကူပဲ ရှာနိုင်ပါတယ်။ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ် ရခဲ့ရင်ဖြင့် ခုနက နည်း အတိုင်း ဖုန်းဆက်ပေါ့ဗျာ။


ရန်ကုန်က သူငယ်ချင်းတွေ အတွက်ရော။ Pfingo နဲ့ ခေါ်ရင် ရပါတယ်ဗျ။


တယ်လီဖုန်း နဲ့ ဆက်သွယ်ပြီးတဲ့ ခါကျရင်တော့ ပို့စရာ Resume ကို ဒီနေရာမှာ ဖတ်ဗျာ။


နောက် အရေးကြီးတဲ့ တချက်က Cover Letter လို့ ခေါ်တဲ့ အီးမေးလ် မှာ ရေးထည့်ပေးရမဲ့ စာသားပါပဲ။ အဲဒီ စာသားကိုလည်း ရှည်ရှည်ဝေးဝေး ရေးနေစရာ မလိုပါဘူးဗျာ။ မောင်လူအေး ရေးနေကျ စာသားလေး ကူးချလိုက်ဗျာ။
Dear Sir,

I have seen your advertisement for position on the internet dated 1.Jan.2008.
I have strong experience on your specialized skills.

Please take a look on attached resume for my past experience and I will be pleased if you give me a chance to explain my past experience in details with you.
I am contactable at your phone number and available for personal interview.

Hoping to hear from you soon.

Regards,
your name

ကဲ ဒီလိုလေး ဆိုတော့ စင်္ကာပူမှာ အလုပ်ရှာရတာ မလွယ်ပေဘူးလား။ တစ်နေ့ကို အများကြီး မပို့နဲ့ဗျာ။ တစ်နေ့ကို အစောင်ရေ အစိတ်လောက် ပို့ရင် တစ်ပတ်လောက် အတွင်းမှာ အခြေအနေ တစ်ခုခု ထူးခြားမှု ရှိလာပါလိမ့်မယ်။


တစ်ခု သတိထားဖို့က လျှောက်ထားနည်း ပုံစံ တစ်ခုနဲ့ လျှောက်ထားလို့ ရက်သတ္တ ၂ ပတ်လောက် နေလို့မှ အခြေအနေ မထူးခြားဘူးဆိုရင်တော့ အဲဒီ လျှောက်ထားနည်းကို တဖန် ပြန်လည် သုံးသပ်ဖို့ လိုမှာ ဖြစ်ပါကြောင်း။

Related Posts


17 comments:

  1. Latest news: S$1 for Sat Straits Times.

    ReplyDelete
  2. ကျေးဇူးပါဗျာ... Anonymous ရေ... ကျွန်တော်လည်း မ၀ယ်တာ ကြာပြီဗျ... ကမ္ဘာ့ငွေကြေး ဂယက်ဖြစ်တော့ Straits Times လည်း တက်တယ်ထင်ပါ့ဗျာ... :)

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်ကိုလူအေးရေ
    နောက်ထပ်နည်းကောင်းလေးများရှိရင်လဲတင်ပေးပါဦး

    ReplyDelete
  4. ကောင်းတယ်ဗျာ။ စနစ်တကျရှိတယ်။

    ReplyDelete
  5. တကယ်တော့ ကျွန်တော်တို့ဘ၀က “အဝေးကွင်း”လာကစားရတဲ့ ဘောလုံးသမားတွေလိုပဲ။ ပရော်ဖက်ရှင်နယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ကိုယ့်“အိမ်ကွင်း”မဟုတ်တော့ဘူးဆိုတဲ့ မသိစိတ်က ထိန်းချုပ်ရခက်တယ်။

    ခရီးကပန်း။ ကွင်းအနေအထားက အသားမကျ။ ရာသီဥတုကလည်း အပြောင်းအလဲဖြစ်ပြန်။ ဒီကြားထဲ ပရိတ်သတ်က ကိုယ့်ဘက်မှာ မရှိဘူး။ ပြည်တော်ပြန်မလှမှာလည်း ကြောက်ရသေးတယ်။

    ကောင်းပါတယ်။ ခင်ဗျားရဲ့ “ပို့စ်”က ကျွန်တော်တို့အတွက် အားတက်သရော ပရိတ်သတ်တစ်ယောက်ရသလိုပဲ ခံစားရတယ်။

    ReplyDelete
  6. thanks.
    i'll ask my friends to come and read ur post.

    ReplyDelete
  7. nyi lay, everbody know about this. nothing special.

    ReplyDelete
  8. လာလည် ဖတ်ရှုကြသူများ၊ ကော်မန့်ပေးသွားကြသူများ အားလုံးကို ကျေးဇူးပါဗျာ...

    >>အမည်မသိ ခင်ဗျာ... သူငယ်ချင်းတွေ အတွက် တစ်တွေးလေး တစ်စလောက် ဆွဲထုတ်ပေးနိုင်ရင် ရေးရကျိုးနပ်ပါပြီဗျာ...

    >>ဒုတိယ အမည်မသိ ခင်ဗျာ... ဘယ်သူမှ မသိသေးတဲ့ ထူးခြား ဆန်းကြယ်တဲ့ လျှို့ဝှက် နည်းစဉ်ကြီးကို မောင်လူအေး ဖော်ထုတ်တာ မဟုတ်ရပါဗျား... တော်တော် များများ သိထားပြီးသား နည်းစနစ်လေးပါ...

    စင်္ကာပူမှာ ရောက်နှင့်နေပြီးသား သူတွေ၊ အထူးသဖြင့် အနေကြာပြီးသူတွေ အားလုံးနီးပါး သိထားပြီးသား နည်းစနစ်ပါ။

    သို့ပေမဲ့ မောင်လူအေး စင်္ကာပူကို လာခဲ့စဉ်တုံးကတော့ ဒါတွေ မသိဘူး ခင်ဗျ... အဲလို မသိသေးတဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ်။ နောက်ထပ် သိပြီးသား သူတွေလည်း သူတပါးကို ပြောပြချင်တဲ့ အခါ တစ်ခွန်းချင်း ပြောစရာ မလိုတော့ဘဲ ဒါလေး ဖတ်လိုက် ဆိုပြီး ပြောလိုက်ရုံလေး ဖြစ်စေချင်တာပါ...

    ဂရုတစိုက် မှတ်ချက်ပြုတာ ကျေးဇူးပါဗျာ... :)

    ReplyDelete
  9. အရမ်းကောင်းလိုက်တဲ့ အကြံပေးချက်လေးတွေပါ.. ကျွန်တော်က မကြာသေးခင်မှ အလုပ်ရသွားတာပါ.. အင်တာနက်ကနေရှာမယ်ဆိုရင် ကျွန်တော်ကတော့ http://www.jobsdb.com.sg ကိုကြိုက်တယ် အင်တာဗျူးနဲ့ ပတ်သတ်တဲ့ အကြံပေးချက် လေးတွေရေးပေးရင် ကောင်းမယ်ဗျာ... keep writing!!!!

    ReplyDelete
  10. ကောင်းလိုက်တဲ့ ပိုစ့်

    ကိုနေ

    ReplyDelete
  11. အရမ်းကောင်းပါတယ်...ကျွန်တော်လည်းစင်္ကပူကိုလာဖို့ကြိုးစားနေတာပါ...ထပ်ပီးတင်ပေးစေချင်ပါတယ်...

    ReplyDelete
  12. Thanks for the blog post, can I set it up so I receive an alert
    email whenever you

    publish a new post?

    Also visit my weblog - http://on.pro.ac/index.php?do=/blog/57281/invest-on-spanish-property-and-make-quick-big-money/

    ReplyDelete
  13. naturally like your web site but you need to test the spelling
    on quite a few of your posts. Several of
    them are rife with

    spelling issues and I in finding it very bothersome to inform the reality on the other hand I
    will surely come

    again again.

    Here is my webpage :: http://www.amigosdivebelize.com/index.php?option=com_blog&view=comments&pid=153554&Itemid=0

    ReplyDelete
  14. I think this is among the most significant information for me.
    And i am glad

    reading your article. But want to remark on few general things, The web site style is

    wonderful, the articles is really nice : D. Good job, cheers

    Here is my site :: http://sosyal.tekbilim.com/index.php?do=/blog/87470/tips-in-getting-the-best-deals-of-hotels-in-spain

    ReplyDelete
  15. Good web site! I really love how it is simple on my eyes and the data are well written.


    I am wondering how I might be notified when a new post has
    been made. I have subscribed

    to your RSS which must do the trick! Have a nice day!

    Here is my website ... www.bikersowned.ca

    ReplyDelete
  16. I precisely wished to say thanks yet again. I am not sure the

    things I would've sorted out in the absence of the entire opinions provided by you concerning

    such a subject. It was before the scary

    crisis for

    me personally, however , taking a look at

    your well-written fashion you handled it

    forced me to cry over joy. Extremely thankful for your work as well as expect

    you realize what a

    great job you're undertaking educating the rest through your blog
    post. More than likely you haven't got to know any of us.

    Also visit my site: http://divineholdingsinc.com/blog/view/33536/adelante-alicante

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS