Nov 18, 2008

မောင်ဖြူ ဖားပြုတ်ကိုက် ခံရခြင်း

သတင်းစဖြစ်တာက မောင်ဖြူ ခလုတ်တိုက်ရာက စတယ်။


မောင်ဖြူ ခလုတ်တိုက်လို့ ခြေမကွဲသွားတယ် ဆိုပြီး မောင်နီက မောင်ညိုကို ပြောပြတယ်။ အဲဒီအထိ သတင်းက ဘာမှ စိတ်ဝင်စားစရာ မရှိသေးဘူး။ မောင်နီက မောင်ညိုကို တဆင့်စကားပါးတဲ့ စကားကို မောင်ဘက ကြားတယ်။ ကြားတာက သေသေချာချာ တိတိပပ ကြားခြင်း မဟုတ်။ နားစွန် နားဖျား ကြားလိုက်ခြင်း။


ဒီလိုနဲ့ မောင်ဖြူ ခလုတ်တိုက်လို့ ခြေမ ကွဲသွားတယ် ဆိုတဲ့ သတင်းက မောင်ဘဆီ ရောက်တော့ မောင်ဖြူ ဖားပြုတ်ကိုက်လို့ ခြေမကွဲသွားတယ် ဆိုပြီး ဖြစ်သွားတယ်။ မောင်ဘဆီကနေ တဆင့်စကား ကြားရတဲ့ သူတွေက ကြားခါစက မယုံဘူး။ ဖားပြုတ်ဆိုတာ လူကို ကိုက်တဲ့ သတ္တ၀ါ မဟုတ်ဘူး။ လူအနား လျှောက်သွားရင်တောင် လန့်ပြီး ပြေးတတ်တဲ့ သတ္တ၀ါ။ မောင်ဖြူရဲ့ ခြေမကို ကွဲအောင် ကိုက်တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။



မောင်ဘကလည်း သူနားနဲ့ သေချာ ဆတ်ဆတ်ကို ကြားခဲ့တဲ့ စကား ဖြစ်တော့ သေချာတယ်။ ပြောပါ များတော့ မောင်ဖြူကို ဖားပြုတ်ကိုက်တဲ့ သတင်းက သေချာသလောက် ဖြစ်လာတယ်။ ခြေမကို ကွဲအောင် ကိုက်တဲ့ ဖားပြုတ်ဟာ နှယ်နှယ်ရရ ဖားပြုတ်မဖြစ်နိုင်ဘူး။ အဲဒီ ဖားပြုတ်က ဘာဝင်စီးနေတာ ဖြစ်မယ်။ ညာဝင်စီးနေတာ ဖြစ်မယ်။ ဆိုတာတွေ ဆိုတာတွေနဲ့ နောက်ဆုံး သူ့အလိုလိုနေနေတဲ့ ဖားပြုတ်ဟာ မောင်ဘ ကောင်းမှုနဲ့ မောင်ဖြူရဲ့ ခြေမကို ကွဲအောင် ကိုက်တဲ့ အံ့မခန်း သတ္တ၀ါတစ်ကောင် ဖြစ်မှန်း မသိ ဖြစ်သွား ရရှာပါ တော့တယ်။


ကနေ့လည်း စင်္ကာပူမှာ မောင်ဖြူ ဖားပြုတ်ကိုက်တဲ့ သတင်း တစ်ပုဒ် ဖြစ်ပါတယ်။ စတာက မြန်မာအိုင်တီ ပလုံ ဖက်ရှင်နယ်များ ဖိုရမ်ကနေ စပါတယ်။ သတင်းရဲ့ အဆိုက စင်္ကာပူကို အလုပ်လုပ်ဖို့ လာတဲ့ မြန်မာလူငယ် တချို့ ချန်ဂီ လေဆိပ် လ၀က ကောင်တာကနေ ပြန်လွှတ်တယ်ဆိုတာကနေ စပါတယ်။ သတင်းပေးတာက ရည်ရွယ်ချက် ကောင်းပါတယ်။ သို့ပေမဲ့ နိုင်ငံရေး ပြစ်ချက် တစ်ခုခု ရှိမနေဘဲနဲ့တော့ အ၀င် လ၀က ကောင်တာကနေ ပြန်လွှတ်တယ် ဆိုတာ နည်းနည်း သဘောထား ကွဲလွဲစရာ အချက် ဖြစ်လာပါတယ်။


နောက်တစ်ချက် ပတ်စပို့များကို အပြီး သိမ်းလိုက်ပြီးတော့ ရန်ကုန်လေဆိပ်ရောက်မှ ပြန်ပေးတယ် ဆိုတဲ့ အချက်။ တကယ်တမ်း ဒီအကြောင်းအရာသာ မှန်ကန်တယ်ဆိုရင် ရန်ကုန်လေဆိပ်ရောက်မှ ဘယ်လို ပြန်ပေးတာလဲ ဆိုတဲ့ ကိစ္စ တွေးစရာ ဖြစ်လာပါတယ်။ စင်္ကာပူလေဆိပ်ကနေ လေယာဉ်ထွက်ခွာဖို့ ခရီးသည် စုံလို့ လေယာဉ်တံခါး ပိတ်တယ်ဆိုရင် လေယာဉ်ပျံပေါ် ပါလာတာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းများသာပဲ ကျန်ပါတယ်။ အခြား အကြောင်းအရာ အထွေအထူး မရှိဘဲ မည်သည့် အာဏာပိုင်မှ လိုက်ပါ စီးနင်းခြင်း မရှိပါဘူး။ ဆိုတော့ ဘယ်သူက ပြန်ပေးတာလဲ။ စင်္ကာပူက လ၀က အရာရှိများက ဒီမြန်မာ လူငယ်တွေ စာအုပ် ပေးလိုက်ရင် ခုန်ချထွက်ပြေးမှာ စိုးလို့ သူတို့နဲ့ မပေးလိုက်ဘဲ လေယာဉ်ဝန်ထမ်း တစ်ဦးဦးကို မင်း ယူသွားပြီး ရန်ကုန်ကျမှ ပြန်ပေးလိုက်ကွာ လို့ ဆိုလိုချင်တာမျိုးတော့ မဖြစ်နိုင်ကောင်းပါ။


ဆိုတော့ စင်္ကာပူ လာမဲ့ သူငယ်ချင်း အတွက် ဒါတွေ ဒါတွေတော့ ပြည့်စုံဖို့ လိုပါတယ်ဗျာ။


• ပတ်စပို့သက်တမ်း အနည်းဆုံး ခြောက်လရှိရပါမယ်။
• သူငယ်ချင်းဟာ အကယ်၍ သံတမန် တစ်ဦး မဟုတ်ခဲ့ဘူးဆိုရင် တရားဝင် ဗီဇာပါရပါမယ်။ (သံတမန်များအတွက် ဗီဇာမလိုဘူးလို့ ဆိုနိုင်ပါတယ်။ သူတို့အတွက် သံတမန် ဗီဇာ သတ်သတ် ရှိပါလိမ့်မယ်။)
• စင်္ကာပူမှာ နေထိုင်ဖို့ မှန်းထားတဲ့ အချိန်ပမာဏအတွက် လုံလောက်တဲ့ ငွေကြေးပမာဏ ပါရပါမယ်။
• Confirmed ဖြစ်ပြီးသား အပြန် လေယာဉ်လက်မှတ် (သို့မဟုတ်) ဆက်လက်ထွက်ခွာမဲ့ လက်မှတ် ပါရပါမယ်။
• ဆက်လက်ထွက်ခွာမဲ့ ခရီးစဉ်အတွက် သက်ဆိုင်ရာ ဗီဇာ၊ ခရီးသွားလာခွင့် လက်မှတ် ပါရပါမယ်။
• အပြည့်အစုံ ဖြည့်သွင်းထားတဲ့ DE Card (၀ါ) White Card ပါရပါမယ်။ DE Card ဘယ်ကနေ ရလဲ ဆိုတော့ လေယာဉ်ပျံပေါ်မှာလည်း ပေးသလို အကယ်၍ ဖြည့်သွင်းတာ မှားသွားလို့ လွဲသွားလို့ ရှိရင်တော့လည်း လ၀က ကောင်တာတွေ မဖြတ်ခင် ဘေးတစ်ဖက် တချက်မှာ အသစ် ထပ်ယူလို့ ရပါတယ်ဗျာ။
• အကယ်၍ သူငယ်ချင်းဟာ လွန်ခဲ့တဲ့ ခြောက်ရက် အတွင်းက သူတို့သတ်မှတ်ထားတဲ့Yellow Fever နိုင်ငံတွေကနေ လာခဲ့မယ် ဆိုရင့်  Yellow Fever Vaccination Certificate ပါရပါမယ်။ အဲဒီနိုင်ငံ တွေကို ဒီမှာ သွားကြည့်နိုင်ပါတယ်။ စိတ်မပူပါနဲ့ဗျာ။ ကိုယ်တွေရဲ့ အမိ မြန်မာပြည် မပါပါဘူး။


စင်္ကာပူရဲ့ လ၀က စာမျက်နှာမှာ ဒီလို ရေးထားတယ်ဗျာ။


“All visitors on visit passes are not permitted to engage in any form of business, profession, occupation or paid employment while in Singapore.”


ဆိုတော့ သူငယ်ချင်းတို့ရေ။ သဘောပေါက်ပေါ့ဗျာ။ အရမ်းလည်း ရိုးသား ပွင့်လင်းဖို့ လိုမယ် မထင်ဘူး ပေါ့နော။


စင်္ကာပူက သူတို့ရဲ့ ကြေငြာချက်၊ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အင်မတန်မှ ဂရုစိုက်တဲ့ နိုင်ငံ တစ်ခု ဖြစ်တော့ကာ မလာရောက်ခင်မှာ နောက်ဆုံး သတင်းထုတ်ပြန်ချက်လေးများ ရှိမရှိ လေ့လာ သုံးသပ်ပြီးတော့မှ ထွက်လာသင့်ပါတယ်ဗျာ။


သတင်းပေးကြတဲ့ သူငယ်ချင်းများ အနေနဲ့လည်း မောင်ဖြူ ဖားပြုတ်ကိုက်တာ သေချာရဲ့လား။ ဖားပြုတ်က ဘယ်လို ကိုက်တာလဲ ဆိုတဲ့ သတင်းလေးများ တိတိပပ ပေးနိုင်မယ် ဆိုရင်တော့ဖြင့် အမိမြေက သူငယ်ချင်းများ အတွက် ပိုပြီး အကျိုးများနိုင်မလား ပေါ့ဗျာ။


လောလောလတ်လတ်မှာပဲ မောင်လူအေးရဲ့ အသိ သူငယ်ချင်းများထဲက အချို့လည်း အလုပ်တာဝန်ကနေ ရပ်စဲ ခံကြရတာ ရှိနေသလို၊ အလုပ်သစ် လျှောက်ထား အောင်မြင်လို့ လုပ်ငန်းခွင် အသစ်ကို ၀င်ရောက် တာဝန် ထမ်းဆောင်နေကြသူများလည်း ရှိနေဆဲပဲ ဖြစ်တယ် ဆိုတဲ့ အကြောင်း။

စင်္ကာပူ အ၀င်မှာ လိုအပ်တဲ့ Requirements တွေကိုတော့ ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ဗျာ။

Related Posts

Related Other Author's Posts

15 comments:

  1. ကျွန်တော်လဲအဲဒိလိုပဲတွေးမိတယ်။ဒီလိုဂဂဏဏပြန်ရှင်းလင်းပေးတဲ့အတွက်
    ကျေးဇူုးပါ

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်။ ခုလိုစုံစုံလင်လင်ဖတ်ခွင့်ရအောင် BLOGSPOT မှာတင်ထားတဲ့အတွက်။ ဆက်ကြိုးစားပါ ကိုလူအေး။

    ReplyDelete
  3. ခုပဲ..စင်ကာပူ လေဆိပ်ကနေ အ၀င်မခံပဲ ပြန်လွှတ်တယ်လို့ ဖော်ဝတ်မေးလ်ရောက်လာလို့အံ့သြနေတာ...
    ကိုလူအေးရဲ့ ဒီပိုစ့်လင့်ကို မေးလ်ပို့သူဆီပြန်ပို့လိုက်ပါမယ်။
    ခလုတ်တိုက်ရာက၊ ဖားပြုတ်ကိုက်၊ နောက်ဆုံးတရုတ်ရိုက်များဖြစ်သွားလေသလားပဲ

    ReplyDelete
  4. thks for ur sharing knowledge
    http://arakanesemeetingpoint.ning.com/

    ReplyDelete
  5. စိတ်မရှိပါနဲ့ဗျာ.. ဖားပြုတ်တကယ်ကိုက်ခဲ့ပါတယ်.. ကျွန်တော့်အိမ်မှနေတဲ့ သူငယ်ချင်းရဲ့ကောင်မလေး အပါအ၀င် Visitor အချို့ပြန်သွားခဲ့ရပါတယ်.. ကျွန်တော်ကိုယ်တိုင်တိတိကျကျသိရှိတဲ့အတွက်စေတနာမှန်ဖြင့်ရေးသား ခြင်းဖြစ်ပါတယ်.. နာမည်အရင်းနှင့်တကွ၊ အချိန်၊လေယာဉ်အမှတ်တွေကို ယာယကံရှင်ရဲ့ခွင့်ပြုချက်ရရင်ဖြင့်သက်သေအထောက်အထားအဖြစ်ပြနိုင် ပါလိမ့်မယ်.. ”စင်္ကာပူက သူတို့ရဲ့ ကြေငြာချက်၊ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အင်မတန်မှ ဂရုစိုက်တဲ့ နိုင်ငံ တစ်ခု ” ဆိုတဲ့စကားကိုလည်း ကျွန်တော့်အနေနဲ့သံသယရှိသွားစေတဲ့ အဖြစ်အပျက်တစ်ခုပါပဲ.. ယခုလက်ရှိတင်ပြချက်ဟာတစုံတယောက်ပြန်ပြောပြတာမဟုတ်ပဲ ကိုယ်တိုင်လက်တွေ့ကြုံရတဲ့အတွက် ဖြန့်ဝေခြင်းဖြစ်ပါကြောင်း..

    လေးစားပါတယ်..

    ReplyDelete
  6. ကို မုတ်ဆိုးဗျာ... ဂရုတစိုက် မှတ်ချက်ပြုတာ ကျေးဇူးပါ...

    ကျွန်တော် စာရေးတာ အဓိပ္ပာယ် လိုရင်းကို မရောက်ဘူးနဲ့ တူပါတယ်ဗျ။

    ကျွန်တော် ဆိုလိုချင်တာက ပြန်သွားရတဲ့ သူတွေ တကယ် မပြန်ရပါဘူး။ ညာပြောနေတာပါ လို့ ဆိုလိုချင်တာ မဟုတ်ဘူးဗျ။ ပြန်လွှတ်ခံရတဲ့ သူတွေ တကယ်ကို ပြန်သွားရတာပါ။ ဆုံးရှုံးနစ်နာသူတွေ တကယ် ဆုံးရှုံးနစ်နာ ခဲ့ရတာပါ။ သူတို့ ဆုံးရှုံးနစ်နာမှုကို ကျွန်တော်တို့ မစာနာလို့ မဟုတ်ရပါ ခင်ဗျ။ ကျွန်တော်တို့လည်း ကြားရတာ တကယ် စိတ်မကောင်းပါဘူး။

    ကျွန်တော်တို့ ပြောချင်တာက သတင်းပေးတဲ့ ပုံစံပါ။ တစ်ချက်က Visit သမားတွေကို အ၀င်မခံတာ စင်္ကာပူ ရာဇ၀င်မှာ ဒါ ပထမဆုံးပါ ဆိုတဲ့ အချက်။ Visit သမားတွေ အ၀င်မှာ အငြင်းခံရတာ အများကြီးပါ။

    WP သမားတွေ MOM မှာ ကုမ္ပဏီက Deposit သွင်းမထားရင် Entry မှာ Refuse လုပ်ခံရတာ အမြောက်အမြားပါ။

    ကြားဖူးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အစ်ကို ဆိုရင် ချန်ဂီလေဆိပ်မှာ ၂ ရက် ၂ ည ထိမ်းသိမ်းထားပြီး ၃ ရက်မြောက်နေ့ကျမှ ရန်ကုန်ကို ပြန်လွှတ်တာမျိုး ကြုံဖူးပါတယ်။

    ဆိုတော့ မောင်ဖြူ ခလုတ်တိုက်တာ အမှန်တကယ်ပါ။ ခလုတ်တိုက်ခဲ့တဲ့ အတွက် ခြေမကွဲတယ်။ သွေးထွက်သံယို ဖြစ် ဒဏ်ရာ ရခဲ့တာ မောင်ဖြူ အမှန်တကယ် ခံစားခဲ့ရတဲ့ ကိစ္စပါ။

    ပေးချင်တဲ့ Info ရဲ့ ရည်ရွယ်ချက်က နောက်နောင် လာမဲ့ သူငယ်ချင်းများ သတိထားရအောင် ဆိုတဲ့ အထိ မှန်ကန်ပါတယ်။ သို့ပေမဲ့ အချို့ အချက်လေးတွေ Details မကျဘဲ မိမိ အမြင် တစ်ခုတည်းနဲ့ ရေးတဲ့ အတွက် နောက်နောင် လာမဲ့သူများ သွေးလန့်သွားစေမှာ စိုးတဲ့အတွက် ရှင်းပြပေးရတာပါ။

    ”စင်္ကာပူက သူတို့ရဲ့ ကြေငြာချက်၊ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အင်မတန်မှ ဂရုစိုက်တဲ့ နိုင်ငံ တစ်ခု ” ဆိုတဲ့ စကားစုရဲ့ ရည်ရွယ်ရင်းက သူတို့ ရစ်ချင်ရင် ရစ်လို့ရအောင် အချိန်နဲ့ တပြေးညီ ကြေငြာချက်တွေ ထုတ်ထုတ်ပြီး ရစ်တတ်တယ် ဆိုတဲ့ သဘောကို ထင်ရှားစေချင်တဲ့ ရည်ရွယ်ချက်ပါ။

    မောင်လူအေး ရေးတဲ့ အရေးအသားက လိုရင်း အဓိပ္ပာယ်ကို ဖော်ဆောင် နိုင်မှု အားနည်းသေးတယ် ဆိုရင်တော့ မောင်လူအေးရဲ့ အားနည်းချက်ပဲ မို့လို့ နားလည် ခွင့်လွှတ်ပေးပါဦးဗျာ။

    အချိန်ပေး လာရောက် ဖတ်ရှု ဝေဖန်ပေးတာ ကျေးဇူးပါဗျာ။

    :)

    ReplyDelete
  7. လေးစားပါတယ်ကိုလူအေးခင်ဗျာ

    ကျွန်တော်နဲနဲလောက်တော့ပြောပြချင်ပါတယ်၊ ကိုလူအေးတို့ Singapore မှာနေတဲ့ stay ကိုတော့ မသိဘူးပေါ့ခင်ဗျာ၊ Singapore ကိုအ၀င်အထွက် ဘယ်လောက်များလဲမသိနိင်ဘူးပေါ့၊ ကျွန်တော်ကတော့ Singapore ကို ၅ကြိမ်မြောက် ၀င်ရောက်လာသူပါ..... ဘာပြစ်ချက်၊ နိုင်ငံရေးနဲ့ မှ ညိစွမ်းခြင်း မရှိသူပါ...၄ကြိမ်မြောက်မှာ ဒီအဖြစ်အပျက်နဲ့ ကြုံခဲ့ရသူပါ.. ကိုလူအေး ပြောပြတဲ့အချက်တွေထဲမှာ လုံလောက်တဲ့ငွေကြေးပမာဏ ဆိုတာပါတယ်နော်... Singapore မှာ လူခံဆွေမျိုးသားချင်း ရှိသူတွေဟာ show money အမြောက်အမြား ယူလာတတ်ကြပါသလား... ရန်ကုန် Immigration ကကော တရားဝင်ယူလာခွင့်ပေးပါသလား... ကျွန်တော်ကိုအကြာင်းပြတာကတော့ At least US $ 1000 ပါရပါမယ်တဲ့... ကျွန်တော်ဟိုးအရင်အခေါက်တွေက US $ 200 နဲ့ အမြဲ ၀င်ရောက်နေကြပါ.... ဒါတောင် Singapore Immigration အထွက်မှာ အရက်ဝယ်ဖို့ဆိုတာ လူတိုင်းသိပါတယ်.. အဓိက က PR ရဲ့ Sponsor Letter မဟုတ်ဘူးလားခင်ဗျာ.. PR က fully responsible ပေးနိုင်ရင် မရဘူးလားခင်ဗျာ.. မည်သူမှ ငွေမရှိဘဲနဲ့ Singapore မှာနေလို့ မရနိုင်တာ လူတိုင်းသိပါတယ်... ၀င်လို့မရတော့ အပြင်ကနေ ကျွန်တော့်ညီကို သူငယ်ချင်းတွေက ပြောပေးကြတယ်ခင်ဗျ.... Deposit လိုရင်တောင် တင်မယ် ပြောကြတယ်.. ဒါပေမယ့်မရပါဘူးခင်ဗျာ.. ကျွန်တော်ကြုံခဲ့ရတုန်းက လူမျိုးစုံတယ်ခင်ဗျ.... မြန်မာက ၃ ယောက်ပဲ ပါပါတယ်.. work permit ၁ယောက်ပါတယ်ခင်ဗျ.. သူပြောပြတော့ သူကိုလဲ Show money ပဲစစ်တာ ပါတဲ့..... work permit သမားက show money ပြဖို့ လိုအပ်ပါသလား.. India မှ work permit အမြောက်အများလဲပါပါတယ်.. နိုင်ငံတကာမှ Visitors အများအပြားလဲပါပါတယ်.. အဖြူမတွေတောင်ပါတယ်ခင်ဗျ... ဒါဟာ Visitors တွေကို စော်ကားရာကြပါတယ်....

    Show money က အဓိကဆိုရင် ဟိုးအရင်ကဘာကြောင့် မစစ်တာလဲ... ဘာလို့ဝင်ခွင့်ပေးရတာလဲ... ကျွန်တော်အမြင်ကတော့ နိုင်ငံတကာမှာ ဖြစ်နေတဲ့ စီးပွားရေး အကြပ်အတည်းကြောင့်ဇြစ်မှာပါ....

    Passport ကိစ္စ ကလည်း အမှန်ခင်ဗျ.. ဘာဥပဒေ၊ ပြစ်ချက်နဲ့မှ ညိစွမ်းခြင်းမရှိဘဲ ဘာကြောင့် မြန်မာပြည်လေဆိပ်ရောက်မှ ပြန်ပေးရတာလဲ.. ဒါကိုတော့ ကိုလူအေး Singapore Immigration ကိုပဲ မေးကြည့်သင့်တယ်ခင်ဗျ.. ကျွန်တော်ကတော့ တကယ်ကို မြန်မာပြည်လေဆိပ်ရောက်မှ Passport ကို Air Line က ပြန်ပေးတာခင်ဗျ... အခုလက်ရှိတော့ ကျွန်တော် Singapore ပြန်ရောက်နေပါပြီ...

    ဒါကို ကိုလူအေးတို့ဘက်က မှန်ကန်တဲ့ သုံးသပ်ချက်ပေးသင့်ပါတယ်... မောင်ဇြူ အမှန်တကယ် ဖားပြုပ် ကိုက်ခံလိုက်ရတာပါ.... ဘယ်သူကမှ ကိုက်မယ်မထင်တဲ့ ဖားပြုပ်က ကိုက်သွားတာပါ... ကိုယ်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ပေါ့ဗျာ.. ဘေးလူက အပြည့်အ၀ မသိနိုင်ပါဘူးခင်ဗျာ...

    ကျေှးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete
  8. ကို Caesar 1981 ရေ...

    ဂရုတစိုက် မှတ်ချက်ပေးတာ ကျေးဇူးပါဗျာ...

    အပေါ်က ကိုမုတ်ဆိုးရဲ့ Comment ကို ကျွန်တော် ပြန်လည် ဖြေကြားရင်း ရှင်းပြတဲ့ အထဲမှာ တော်တော်များများ ပါခဲ့ပြီးပါပြီ။ ကျွန်တော် စာရေးတာ မရှင်းတာပဲ နေမှာပါ။

    တကယ်က ဖားပြုတ်ကိုက်တယ်လို့ မှတ်ချက်ချမယ် ဆိုရင် ကျွန်တော် ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို မအုပ်မိလို့ဘဲ နေပါလိမ့်မယ်။ တကယ်က မောင်ဖြူ ခလုတ်တိုက်ခဲ့တာပါ။ ခလုတ်တိုက်လို့ မောင်ဖြူ သွေးထွက်သံယို အနာတရ ဖြစ်တယ်။ မောင်ဖြူ ခံစားခဲ့ရတဲ့ ထိခိုက်မှုကို ကျွန်တော်တို့ နားလည်ပါတယ်။ စာနာပါတယ်။

    သို့ပေမဲ့ သတင်းပေးတဲ့ ပုံစံက မောင်ဖြူ ခလုတ်တိုက်တဲ့ ကိစ္စကို ဖားပြုတ်ကိုက်တယ် ထင်ရအောင် ရေးတဲ့ခါ ကျတော့ သတင်းက ပေးချင်တဲ့ အဓိပ္ပာယ် မရောက်ဘဲ မလိုလား အပ်တဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ်ဗျ။

    ဘယ်အချက်တွေက ဘယ်လို အဓိပ္ပာယ်ကောက် လွဲနိုင်တယ် ဆိုတာကို KPZ ရဲ့ ကိုင်း ဘာဆက်လုပ်ကြမလဲ မှာ အသေးစိတ် ဖတ်နိုင်ပါတယ်။

    နိုင်ငံခြားသား ၀င်ရောက်မှုကို စင်္ကာပူက ငြင်းပယ်တာ ကျွန်တော်တို့ သိသလောက် ဖြစ်နေကျ ကိစ္စပါ။ ဘယ်နေ့မှာ ဘယ်နှစ်ယောက် အငြင်းခံရတယ် ဆိုတာ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့သူတွေ မပါတော့ ကျွန်တော်တို့လည်း သတိမထားမိဘူး ဆိုတဲ့ သဘောပါ။

    ဆိုတော့ အခု ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကို ရုတ်တရက် ဖတ်လိုက်ရတဲ့ သူတစ်ဦးက "မြန်မာလူမျိုးတွေ စင်္ကာပူကို ၀င်ရောက်တာကို အဲဒီနေ့ကမှ စတင်ပြီး ငြင်းပယ်နေပြီ" လို့ အလွယ် အဓိပ္ပာယ် ကောက်သွားနိုင်ပါတယ်။ တကယ်တော့ ကောက်သွားနိုင်တာတောင် မဟုတ်ပါဘူး။ အခြား နိုင်ငံမှာ နေတဲ့ သူငယ်ချင်းတွေက " စင်္ကာပူက မြန်မာ အလုပ်သမားတွေ အ၀င်မခံတော့ဘူးဆို.... " ဆိုတဲ့ အဓိပ္ပာယ် အထိကို မေးလာ မြန်းလာတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

    ဆိုတော့ ကျွန်တော်တို့က လက်လှမ်းမီသလောက် သူငယ်ချင်းတွေကို ပြောပြတဲ့ သဘောပါ။ ဘယ်နေ့ ဘယ်ရက်က မောင်ကကြီးနဲ့ မောင်ခခွေးတို့ စင်္ကာပူ ၀င်ရောက်တာကို ငြင်းပယ်ခံရတယ် ဆိုတာ ဟုတ်တယ်။ သို့ပေမဲ့ လာရောက်သမျှ မြန်မာ အလုပ်သမားတွေ အားလုံးကို ပြန်လွှတ်တယ် ဆိုတာ မဟုတ်ဘူး ဆိုတဲ့ Information လေး ပေးချင်တာပါ။

    အဲဒီ အချက်ကို ၀င်္က၀ုတ္တိနဲ့ သုံးလိုက်တော့ မောင်လူအေး ပေးချင်တာက မောင်ဖြူကို ဖားပြုတ်ကိုက်တာ မဟုတ်ပါဘူး။ ခလုတ်တိုက်တာပါ လို့ ပေးချင်တယ်ဗျာ။ ဖတ်တဲ့ သူငယ်ချင်းတွေကတော့ ခလုတ်တိုက်တာ မဟုတ်ဘူး။ ဖားပြုတ်ကိုက်သွားတာ တကယ်ပါ ချဉ်းပဲ ပြောသွားကြတော့... မောင်လူအေးရဲ့ အရေးအသားက တော်တော်လေး ဆိုလိုရင်းကို ဖွင့်ဆိုမှု အားနည်းတယ် ဆိုနိုင်ပါတယ်။

    ကြိုးစားဦးမယ်ဗျာ။

    နော

    ပျော်ပျော်ပါးပါးပေါ့....

    :)

    ReplyDelete
  9. Great blog here! Also your site loads up fast!

    What web host are you

    using? Can I get your affiliate link to your host?
    I wish my site loaded up as fast as yours

    lol

    Take a look at my website; http://www.extension.org.bd/

    ReplyDelete
  10. Do you mind if I quote a few of your posts as long as I provide credit and
    sources back to your

    webpage? My website is in the very same niche

    as yours and my users would genuinely benefit from some of

    the information you provide here. Please let me know if this okay with you.
    Cheers!

    Feel free to surf to my site - Www.cafulcurasc.com.ar

    ReplyDelete
  11. It's a shame you don't have a donate button!
    I'd without a doubt donate to

    this excellent blog! I suppose for now i'll settle for

    bookmarking and adding your RSS feed to my Google account.
    I look forward to new updates and will share this blog
    with my Facebook group. Chat soon!

    my blog post lochcarrongarage.com

    ReplyDelete
  12. I think this is among the most significant
    information for me. And i'm glad

    reading your article. But want to remark on some general things, The site style is

    great, the articles is really great : D. Good job, cheers

    my website :: website.kamsgraphics.com

    ReplyDelete
  13. Great blog here! Additionally your site quite a bit up very fast!
    What web host are you the usage of? Can

    I am getting your affiliate link to your host? I

    wish my web site loaded up as quickly as yours lol

    My web-site: www.bixlight.net

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...