Nov 30, 2008

Engineering Ebooks Download Links

Scrbid ပေါ်မှာ မောင်လူအေး အယင်က တင်ထားခဲ့တဲ့ Engineering Ebooks Download Links တွေပါ။ အများစုက Rapidshare Links တွေ ဖြစ်နေတာကြောင့်တော့ Download လုပ်ရတာ အခက်အခဲ ရှိကောင်း ရှိနိုင်ပါတယ်။ ဘာပဲ ပြောပြော Rapid Share Account ရှိတဲ့ သူငယ်ချင်းတွေ အတွက် Download လုပ်ဖို့ အဆင်ပြေမဲ့ Links လေးတွေပါ။

Computer Aided Design, Engineering & Manufacturing _ Optimization Methods – 11.53 MB
CNC Programming – 0.23 MB
Computer Numerical Control Programming Basics – 1.19 MB
Fabricators & Erectors Guide to Welded Steel Construction - 0.86 MB
ESAB Welding Handbook - Filler Materials for Manual & Automatic Welding - 13.80 MB
Guidelines to Gas Tungsten Arc Welding - 2.59 MB
Manufacturing Engineer's Reference Handbook – 68.93 MB
Lean Manufacturing & The Environment (US Environmental Protection Agency) – 0.38 MB
US Army Welding Operations Parts I – 3.11 MB
US Army Welding Operations Part II – 3.11 MB
Handbook of Mathematical Functions – 58.72 MB
Schaum's Differential Equations Crash Course – 6.51 MB

Introduction to Differential Topology – 0.36 MB
Dictionary of Classical Theoretical Mathematics – 1.93 MB
Mathematical Methods of Engineering Analysis – 0.47 MB
Dictionary of Analysis - Calculus & Differential Equations – 2.52 MB
Harmonic Analysis & Partial Differential Equations – 1.16 MB
Engineering Statistics Handbook – 10.38 MB
Introduction to Stochastic Differential Equations – 0.95 MB
Welding Manual - Basics of Gas, Arc, MIG, TIG, & Plasma Welding & Cutting - 10.04 MB
Welding Materials Handbook - Welding Materials & Techniques for the SEABEE Welder – 0.77 MB
Springer Handbook of Nanotechnology - 51.62 MB
US Army Welding Manual – 14.05 MB
Trigonometry Demystified - 67.17 MB
A First Course on Wavelets - 4.75 MB
Algebra Demystified - 1.33 MB
Linear Algebra - 20.06 MB
Encyclopedic Dictionary of Mathematics - 97.66 MB
Encyclopedic Dictionary of Mathematics - 57.30 MB
Schaum's Outlines for Advanced Calculus - 7.78 MB
Dictionary of Algebra, Arithmetic and Trigonometry - 3.89 MB
Understanding Regression Analysis - 3.62 MB
Discrete Fourier Transform - 0.33 MB
Basic Elements of Real Analysis - 1.24 MB
Fundamentals of Probability & Statistics for Engineers - 5.25 MB
Concise Encyclopedia of Mathematics Volumes 1 - 77.05 MB
Concise Encyclopedia of Mathematics Volumes 2 - 76.48 MB
Concise Encyclopedia of Mathematics Volumes 3 - 76.69 MB
Concise Encyclopedia of Mathematics Volumes 4 - 72.54 MB
Standard Mathematical Tables & Formulas - 12.13 MB
Advances in Mechanical Ventilation - 0.31 MB
Analysis and Design of Flight Vehicles Structures - 44.16 MB
Design for Construction - 2.43 MB
Structural Elements Design Manual - 7.66 MB
Engineering Design and Liquid Process Piping - 1.59 MB
FAG Bearings - 17.27 MB
Mechanical Engineering Vehicle Design - 0.34 MB
Structural And Stress Analysis - 20.57 MB
How & Why Machines Work - 5.76 MB
Illustrated Sourcebook of Mechanical Components - 70.87 MB

Nov 29, 2008

Entertainment @ MGLUAYEPAGES

www.mgluaye.com လုပ်ချင်လို့ Domain တော့ ၀ယ်ထားပြီးပါပြီ။ Setup လုပ်ဖို့ပဲ ကျန်နေတော့တာပါ။ လောလောဆယ် Domain Setup မလုပ်ခင်မှာ www.mgluaye.com မှာ တင်ဖို့ ဗီဒီယိုတွေ Edit လုပ်တဲ့ နည်းတွေ လိုက်မွှေနေပါတယ်။ အဲဒီထဲက ရထားတဲ့ တစ်ခုနဲ့ လက်ရှိ ရှိနေတဲ့ Video File တချို့ကို လက်ဆော့ပြီး တင်စမ်းကြည့်ထားတာပါ။

သီချင်းတွေကတော့ YouTube မှာလည်း သူများတွေ တင်ထားပြီးသား သီချင်းတွေပါ။ လောလောဆယ်တော့ Video Editing လုပ်ဖို့ Software ကောင်းကောင်း မရသေးဘူးဗျ။ သိတာလေးတွေ ရှိရင် Share ခဲ့ကြပါဦး။

အိုးလေး လှုပ်ပါဟေ့ - စိုင်းစိုင်းခမ်းလှိုင်


မိုက်ခဲ - ကြက်ဖ

Nov 26, 2008

ရတနာ သုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း

စာအုပ်အကြောင်းကတော့ အထွေအထူး ပြောစရာ မရှိပါဘူး။ ဖတ်ဖူးတဲ့သူတွေ နာမည်ကြားတာနဲ့ ထပ်ဖတ်ချင်မဲ့ စာအုပ်တစ်အုပ်၊ မဖတ်ဖူးသေးတဲ့ သူငယ်ချင်းတွေ အတွက် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။ Internet ပေါ်မှာ ရှာနေခဲ့တာ ကြာပါပြီ။ တနေ့ကမှ တွေ့လို့ Download ချထားဖြစ်ပါတယ်။ မူရင်း Scan ဖတ်တင်ပေးတဲ့ သူငယ်ချင်းကိုလည်း ဘယ်သူမှန်း မသိပေမဲ့လို့ ကျေးဇူးတင်ရမှာပါ။ မူရင်း စာအုပ်ကို တိုက်ရိုက် Scan ဖတ်ထားတဲ့ အတွက် File Size ကတော့ အတော်လေး ကြီးပါတယ်။


Download ချရတာ ခက်ခဲမယ်၊ ကြံ့ကြာမယ်ဆိုရင် မှတ်ချက်လေး ပေးခဲ့ပါ။ ဒါမှမဟုတ် Email နဲ့ လိုချင်တယ် ဆိုရင်လည်း Cboxမှာ တစ်ခုခု ပြောခဲ့ဗျာ။

Download from Fileden. or Download From 4Shared.

Nov 24, 2008

English - Myanmar Calendar 2009

၂၀၀၉ ခုနှစ် အတွက် အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်ကို Free Download လုပ်နိုင်ပါပြီဗျာ။ တစ်လချင်း လိုချင်တယ် ဆိုရင်တော့ လစဉ်အလိုက် လိုချင်တဲ့ လများကို သက်သက် Save As လုပ်နိုင်ပြီးတော့၊ တစ်နှစ်လုံးစာ လိုချင်တယ် ဆိုရင်တော့ 4shared ပေါ်မှာ တင်ထားပေးပါတယ်။ ကမ္ဘာအရပ်ရပ်က သူငယ်ချင်းများ အားလုံး အတွက် မောင်လူအေးရဲ့ မေတ္တာလက်ဆောင် ဖြစ်ပါကြောင်း။








တစ်နှစ်လုံးစာ အတွက် ဒီပုံလေးကို နှိပ်ဗျာ။

Nov 18, 2008

မောင်ဖြူ ဖားပြုတ်ကိုက် ခံရခြင်း

သတင်းစဖြစ်တာက မောင်ဖြူ ခလုတ်တိုက်ရာက စတယ်။


မောင်ဖြူ ခလုတ်တိုက်လို့ ခြေမကွဲသွားတယ် ဆိုပြီး မောင်နီက မောင်ညိုကို ပြောပြတယ်။ အဲဒီအထိ သတင်းက ဘာမှ စိတ်ဝင်စားစရာ မရှိသေးဘူး။ မောင်နီက မောင်ညိုကို တဆင့်စကားပါးတဲ့ စကားကို မောင်ဘက ကြားတယ်။ ကြားတာက သေသေချာချာ တိတိပပ ကြားခြင်း မဟုတ်။ နားစွန် နားဖျား ကြားလိုက်ခြင်း။


ဒီလိုနဲ့ မောင်ဖြူ ခလုတ်တိုက်လို့ ခြေမ ကွဲသွားတယ် ဆိုတဲ့ သတင်းက မောင်ဘဆီ ရောက်တော့ မောင်ဖြူ ဖားပြုတ်ကိုက်လို့ ခြေမကွဲသွားတယ် ဆိုပြီး ဖြစ်သွားတယ်။ မောင်ဘဆီကနေ တဆင့်စကား ကြားရတဲ့ သူတွေက ကြားခါစက မယုံဘူး။ ဖားပြုတ်ဆိုတာ လူကို ကိုက်တဲ့ သတ္တ၀ါ မဟုတ်ဘူး။ လူအနား လျှောက်သွားရင်တောင် လန့်ပြီး ပြေးတတ်တဲ့ သတ္တ၀ါ။ မောင်ဖြူရဲ့ ခြေမကို ကွဲအောင် ကိုက်တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။



မောင်ဘကလည်း သူနားနဲ့ သေချာ ဆတ်ဆတ်ကို ကြားခဲ့တဲ့ စကား ဖြစ်တော့ သေချာတယ်။ ပြောပါ များတော့ မောင်ဖြူကို ဖားပြုတ်ကိုက်တဲ့ သတင်းက သေချာသလောက် ဖြစ်လာတယ်။ ခြေမကို ကွဲအောင် ကိုက်တဲ့ ဖားပြုတ်ဟာ နှယ်နှယ်ရရ ဖားပြုတ်မဖြစ်နိုင်ဘူး။ အဲဒီ ဖားပြုတ်က ဘာဝင်စီးနေတာ ဖြစ်မယ်။ ညာဝင်စီးနေတာ ဖြစ်မယ်။ ဆိုတာတွေ ဆိုတာတွေနဲ့ နောက်ဆုံး သူ့အလိုလိုနေနေတဲ့ ဖားပြုတ်ဟာ မောင်ဘ ကောင်းမှုနဲ့ မောင်ဖြူရဲ့ ခြေမကို ကွဲအောင် ကိုက်တဲ့ အံ့မခန်း သတ္တ၀ါတစ်ကောင် ဖြစ်မှန်း မသိ ဖြစ်သွား ရရှာပါ တော့တယ်။


ကနေ့လည်း စင်္ကာပူမှာ မောင်ဖြူ ဖားပြုတ်ကိုက်တဲ့ သတင်း တစ်ပုဒ် ဖြစ်ပါတယ်။ စတာက မြန်မာအိုင်တီ ပလုံ ဖက်ရှင်နယ်များ ဖိုရမ်ကနေ စပါတယ်။ သတင်းရဲ့ အဆိုက စင်္ကာပူကို အလုပ်လုပ်ဖို့ လာတဲ့ မြန်မာလူငယ် တချို့ ချန်ဂီ လေဆိပ် လ၀က ကောင်တာကနေ ပြန်လွှတ်တယ်ဆိုတာကနေ စပါတယ်။ သတင်းပေးတာက ရည်ရွယ်ချက် ကောင်းပါတယ်။ သို့ပေမဲ့ နိုင်ငံရေး ပြစ်ချက် တစ်ခုခု ရှိမနေဘဲနဲ့တော့ အ၀င် လ၀က ကောင်တာကနေ ပြန်လွှတ်တယ် ဆိုတာ နည်းနည်း သဘောထား ကွဲလွဲစရာ အချက် ဖြစ်လာပါတယ်။


နောက်တစ်ချက် ပတ်စပို့များကို အပြီး သိမ်းလိုက်ပြီးတော့ ရန်ကုန်လေဆိပ်ရောက်မှ ပြန်ပေးတယ် ဆိုတဲ့ အချက်။ တကယ်တမ်း ဒီအကြောင်းအရာသာ မှန်ကန်တယ်ဆိုရင် ရန်ကုန်လေဆိပ်ရောက်မှ ဘယ်လို ပြန်ပေးတာလဲ ဆိုတဲ့ ကိစ္စ တွေးစရာ ဖြစ်လာပါတယ်။ စင်္ကာပူလေဆိပ်ကနေ လေယာဉ်ထွက်ခွာဖို့ ခရီးသည် စုံလို့ လေယာဉ်တံခါး ပိတ်တယ်ဆိုရင် လေယာဉ်ပျံပေါ် ပါလာတာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းများသာပဲ ကျန်ပါတယ်။ အခြား အကြောင်းအရာ အထွေအထူး မရှိဘဲ မည်သည့် အာဏာပိုင်မှ လိုက်ပါ စီးနင်းခြင်း မရှိပါဘူး။ ဆိုတော့ ဘယ်သူက ပြန်ပေးတာလဲ။ စင်္ကာပူက လ၀က အရာရှိများက ဒီမြန်မာ လူငယ်တွေ စာအုပ် ပေးလိုက်ရင် ခုန်ချထွက်ပြေးမှာ စိုးလို့ သူတို့နဲ့ မပေးလိုက်ဘဲ လေယာဉ်ဝန်ထမ်း တစ်ဦးဦးကို မင်း ယူသွားပြီး ရန်ကုန်ကျမှ ပြန်ပေးလိုက်ကွာ လို့ ဆိုလိုချင်တာမျိုးတော့ မဖြစ်နိုင်ကောင်းပါ။


ဆိုတော့ စင်္ကာပူ လာမဲ့ သူငယ်ချင်း အတွက် ဒါတွေ ဒါတွေတော့ ပြည့်စုံဖို့ လိုပါတယ်ဗျာ။


• ပတ်စပို့သက်တမ်း အနည်းဆုံး ခြောက်လရှိရပါမယ်။
• သူငယ်ချင်းဟာ အကယ်၍ သံတမန် တစ်ဦး မဟုတ်ခဲ့ဘူးဆိုရင် တရားဝင် ဗီဇာပါရပါမယ်။ (သံတမန်များအတွက် ဗီဇာမလိုဘူးလို့ ဆိုနိုင်ပါတယ်။ သူတို့အတွက် သံတမန် ဗီဇာ သတ်သတ် ရှိပါလိမ့်မယ်။)
• စင်္ကာပူမှာ နေထိုင်ဖို့ မှန်းထားတဲ့ အချိန်ပမာဏအတွက် လုံလောက်တဲ့ ငွေကြေးပမာဏ ပါရပါမယ်။
• Confirmed ဖြစ်ပြီးသား အပြန် လေယာဉ်လက်မှတ် (သို့မဟုတ်) ဆက်လက်ထွက်ခွာမဲ့ လက်မှတ် ပါရပါမယ်။
• ဆက်လက်ထွက်ခွာမဲ့ ခရီးစဉ်အတွက် သက်ဆိုင်ရာ ဗီဇာ၊ ခရီးသွားလာခွင့် လက်မှတ် ပါရပါမယ်။
• အပြည့်အစုံ ဖြည့်သွင်းထားတဲ့ DE Card (၀ါ) White Card ပါရပါမယ်။ DE Card ဘယ်ကနေ ရလဲ ဆိုတော့ လေယာဉ်ပျံပေါ်မှာလည်း ပေးသလို အကယ်၍ ဖြည့်သွင်းတာ မှားသွားလို့ လွဲသွားလို့ ရှိရင်တော့လည်း လ၀က ကောင်တာတွေ မဖြတ်ခင် ဘေးတစ်ဖက် တချက်မှာ အသစ် ထပ်ယူလို့ ရပါတယ်ဗျာ။
• အကယ်၍ သူငယ်ချင်းဟာ လွန်ခဲ့တဲ့ ခြောက်ရက် အတွင်းက သူတို့သတ်မှတ်ထားတဲ့Yellow Fever နိုင်ငံတွေကနေ လာခဲ့မယ် ဆိုရင့်  Yellow Fever Vaccination Certificate ပါရပါမယ်။ အဲဒီနိုင်ငံ တွေကို ဒီမှာ သွားကြည့်နိုင်ပါတယ်။ စိတ်မပူပါနဲ့ဗျာ။ ကိုယ်တွေရဲ့ အမိ မြန်မာပြည် မပါပါဘူး။


စင်္ကာပူရဲ့ လ၀က စာမျက်နှာမှာ ဒီလို ရေးထားတယ်ဗျာ။


“All visitors on visit passes are not permitted to engage in any form of business, profession, occupation or paid employment while in Singapore.”


ဆိုတော့ သူငယ်ချင်းတို့ရေ။ သဘောပေါက်ပေါ့ဗျာ။ အရမ်းလည်း ရိုးသား ပွင့်လင်းဖို့ လိုမယ် မထင်ဘူး ပေါ့နော။


စင်္ကာပူက သူတို့ရဲ့ ကြေငြာချက်၊ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အင်မတန်မှ ဂရုစိုက်တဲ့ နိုင်ငံ တစ်ခု ဖြစ်တော့ကာ မလာရောက်ခင်မှာ နောက်ဆုံး သတင်းထုတ်ပြန်ချက်လေးများ ရှိမရှိ လေ့လာ သုံးသပ်ပြီးတော့မှ ထွက်လာသင့်ပါတယ်ဗျာ။


သတင်းပေးကြတဲ့ သူငယ်ချင်းများ အနေနဲ့လည်း မောင်ဖြူ ဖားပြုတ်ကိုက်တာ သေချာရဲ့လား။ ဖားပြုတ်က ဘယ်လို ကိုက်တာလဲ ဆိုတဲ့ သတင်းလေးများ တိတိပပ ပေးနိုင်မယ် ဆိုရင်တော့ဖြင့် အမိမြေက သူငယ်ချင်းများ အတွက် ပိုပြီး အကျိုးများနိုင်မလား ပေါ့ဗျာ။


လောလောလတ်လတ်မှာပဲ မောင်လူအေးရဲ့ အသိ သူငယ်ချင်းများထဲက အချို့လည်း အလုပ်တာဝန်ကနေ ရပ်စဲ ခံကြရတာ ရှိနေသလို၊ အလုပ်သစ် လျှောက်ထား အောင်မြင်လို့ လုပ်ငန်းခွင် အသစ်ကို ၀င်ရောက် တာဝန် ထမ်းဆောင်နေကြသူများလည်း ရှိနေဆဲပဲ ဖြစ်တယ် ဆိုတဲ့ အကြောင်း။

စင်္ကာပူ အ၀င်မှာ လိုအပ်တဲ့ Requirements တွေကိုတော့ ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ဗျာ။

Related Posts

Related Other Author's Posts

Nov 16, 2008

Tips of Job Hunting in Singapore

စင်္ကာပူမှာ အလုပ်ရှာရတာ ခက်တယ် ခက်တယ်တဲ့။ ပြောကြတယ်။ ဘယ်သူတွေ ပြောလဲ။ အလုပ်ရှာမရတဲ့ သူတွေ ပြောပါတယ်။ :)


နည်းသိရင် လွယ်ပါတယ်ဗျ။ မောင်လူအေး သူငယ်ချင်းတွေကို ပြောပြောဖြစ်တဲ့ စကားလေးတွေကို တစ်ယောက်လာ တစ်ခါပြော တစ်ယောက်လာ တစ်ခါပြောနဲ့ ခဏခဏ ပြောနေရတာ ဒီစကားတွေကိုပဲ ထပ်ကာတလဲလဲ ဖြစ်နေလေတော့ နောက်ဆို မပြောချင်တော့ဘူးဗျာ။ ဒီကပို့စ်လေးပဲ သွားဖတ်လိုက် လို့ပြောတော့မယ်။ (အမှန်ကတော့ ဟစ်တက်အောင် ရမယ် ရှာတာပါ။ ဟ ဟ ဟ )


စစချင်း လုပ်ရမှာက စင်္ကာပူမှာ အလုပ်ရှာရတာ ခက်တယ်ဆိုပြီး စိတ်ထဲ ရောက်နေတဲ့ အတွေးလေးကို မေ့ထားလိုက်ဗျာ။ ဒီ အဆင့်လေးတွေနဲ့ ကြိုးစားကြည့်ဗျာ။ မောင်လူအေး ပြောပြမဲ့ နည်းတွေက ရိုးစင်းလွန်းကောင်း ရိုးစင်း နေပါလိမ့်မယ်။ ကြိုးစားခဲ့ကြပြီး သူငယ်ချင်းတွေကတော့ အလုပ်ဖြစ်တယ် ပြောပါတယ်။ အလုပ်ဖြစ်တော့လည်း အလစ် ဖြုတ်ကြတာပေါ့ လား။


ကဲ စရအောင်ဗျာ။


အလုပ်ဘယ်ကနေ ရှာမလဲ။


သုံးနေရာပဲ ရှိပါတယ်။ တစ် သတင်းစာကနေ ရှာမယ်။ နှစ် အင်တာနက်ကနေ ရှာမယ်။ သုံး မိတ်ဆွေ အပေါင်းအသင်းကနေ တဆင့် ရှာမယ်။


သောက်သောက်လဲ ထုတ်နေကြတဲ့ သတင်းစာတွေကို လိုက်ဝယ်စရာ မလိုပါဘူး။ လိုက်ဝယ်လည်း စင်္ကာပူသည် ကမ္ဘာပေါ်တွင် နေထိုင်စရာ အကောင်းဆုံး တိုင်းပြည် ဖြစ်လေသတည်း ဆိုတဲ့ စာတွေကလွဲရင် ဘာမှ တွေ့မှာ မဟုတ်ဘူး။ တစ်ပတ်လုံး ထုတ်တဲ့ သတင်းစာတွေထဲက စနေ နဲ့ ဗုဒ္ဓဟူး ထုတ်တဲ့ သတင်းစာတွေကို ၀ယ်ဗျာ။ ပြားရှစ်ဆယ် (အခုတော့) တစ်ဒေါ်လာ ပေးရပြီး လက်မောင်း အောင့်နေအောင် ထမ်းရတဲ့ သတင်းစာ အထပ်ကြီးထဲက Recruit ဆိုတာရယ် Classified ဆိုတာရယ် ၂ ခုပဲ ချန်ထားပြီး ကျန်တာ ပဲကြီးလှော်နဲ့သာ လဲစားပစ်။ ပဲကြီးလှော်နဲ့ ဘယ်နေရာမှာ လဲလို့ ရလဲတော့ မမေးနဲ့ဦး။ မောင်လူအေးလည်း သိသေးဘူး။ ခင်ဗျားတို့သိရင်တော့လည်း ကွန်းမန့်မှာ ရေးခဲ့ဗျာ။ နော


ဒီလို ပြောတော့ ရန်ကုန်ကနေ အလုပ်ရှာနေတဲ့ သူငယ်ချင်းတွေက ပြောမယ်။ တို့က ရန်ကုန်မှာပဲ ရှိသေးတာ ဘယ့်နှာလုပ် သတင်းစာ ၀ယ်လို့ ရမတုံး။ အင်တာနက်ကြီး ရှိတယ်ဗျာ။ နော် အင်တာနက်က ရှာတာ ပြောတဲ့ခါကျရင် ပြောမယ်ဗျာ။


အဲလို Recruit နဲ့ Classified ၂ စောင်ကို ယူပြီးတဲ့ခါကျတော့ ဘောပင် တစ်ချောင်းရှာဗျာ။ ဘေးနားမှာ လိုက်ရေးဖို့ စာရွက် အလွတ် တစ်ရွက်ကို ချ။ ကိုယ်နဲ့ သက်ဆိုင်ရာ အလုပ်ကြော်ငြာတွေကို ဘောပင်နဲ့ အယင် လိုင်းလိုက်တားဗျာ။ အဲဒီထဲမှာ ဖုန်းနံပတ် မပါလို့တို့။ အီးမေးလ် မပါလို့တို့။ ဖက်စ်နံပတ် မပါလို့တို့ အဲဒါတွေလည်း မကျန်စေနဲ့ဗျ။ အဲဒါတွေ အကုန် လိုင်းလိုက်တား။ ပြီးတာနဲ့ တစ်ခုချင်းစီ စာရွက်လွတ် မှာ လိုက်ရေးဗျာ။ ခေါ်ယူတဲ့ ကုမ္ပဏီ။ ခေါ်ယူတဲ့ ရာထူး။ ဆက်သွယ်ရန် ဖုန်းနံပတ်။ အီးမေးလ်။ ဖက်စ် နံပတ်။ အကုန်သာ ချရေးဗျာ။


ဒါက သတင်းစာ ကနေ အလုပ်ခေါ်စာ ရှာတဲ့ နည်းပေါ့။ အလုပ်ခေါ်စာ တစ်မျက်နှာလောက် ရရင် ခဏ ရပ်ထားလိုက်ဗျာ။


အင်တာနက်ပေါ်ကနေ ဘယ်လို ရှာမလဲ။ အလုပ်ခေါ်စာတွေ ပါတဲ့ ၀ဗ်ဆိုက်တွေကို သွားဗျာ။ အဲဒီထဲကလည်း ကိုယ်ရှာတဲ့ အလုပ်အကိုင်မျိုးတွေ လျှောက်ရှာ ပြီးရင် ခုနက လိုပဲ စာရွက်လွတ် တစ်ရွက်မှာ ချရေးဗျာ။ စောစောက နည်းအတိုင်းပဲ ခေါ်ယူတဲ့ ကုမ္ပဏီ။ ခေါ်ယူတဲ့ ရာထူး။ ဆက်သွယ်ရန် ဖုန်းနံပတ်။ အီးမေးလ်။ ဖက်စ် နံပတ်။ အကုန်သာ ချရေးဗျာ။ တချို့ ကုမ္ပဏီတွေမှာ ဆက်သွယ်ရန် လိပ်စာ မပါတာမျိုး ကြုံရတတ်ပါတယ်။ အဲဒါလည်း အရေး မကြီးဘူးဗျ။ ချရေးစရာ ရှိတာ ရေးသာထားလိုက်။ စောစောက ပြောခဲ့တဲ့ အလုပ်ခေါ်စာ အများဆုံး ပါတယ်ဆိုတဲ့ The Straits Times ရဲ့ Recruit နဲ့ Classified မှာ ပါတဲ့ အလုပ်ကြော်ငြာများကိုတော့ www.st701.com မှာ အများဆုံး ရှာတွေ့နိုင်ပါတယ်။ စာတစ်မျက်နှာစာ ရရင် ခဏ ရပ်ထားဗျာ။


နောက်တစ်ခုကတော့ မိတ်ဆွေ အပေါင်းအသင်း ကနေ တဆင့် ရှာတာပေါ့။ မိတ်ဆွေ အပေါင်းအသင်း ဆိုတဲ့ နေရာမှာ အလုပ်ခေါ်တယ် ဆိုတဲ့ ကြော်ငြာတွေ ပေးပေးပြီး ကြော်ငြာတတ်တဲ့ အလုပ်အကိုင် ရှာဖွေရေး တွေကနေ တဆင့် ရှာတာလည်း ပါတာပေါ့ဗျာ။ သူငယ်ချင်းက သူတို့ ကုမ္ပဏီမှာ ဘယ်ရာထူးတော့ ခန့်မယ်ပြောတယ်။ အဲဒီအတွက် ကိုယ်ရေး အချက်အလက် ပို့ပေးလိုက်ပါဆိုတဲ့ လင့်လေးပေးတဲ့ နည်းကလွဲရင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေနဲ့ လုပ်တာတော့ သိပ် အားမပေး ချင်ဘူးဗျ။ အလုပ်ဖြင့် မရသေးဘူး။ သူတို့ကို ပေးရမှာက တနင့်တပိုးဗျ။ ဆိုတော့ မပေးဘဲ ရရင် ပိုမကောင်းဘူးလားဗျာ။


ဆိုတော့ ခုနက အလုပ်ကို ဘယ်ကနေ ရှာမလဲ ဆိုတဲ့ အဆင့်ကတော့ စင်္ကာပူမှာ အလုပ်လာရှာကြတဲ့ သူငယ်ချင်းတွေ အကုန် လုပ်ဖူးကြပါတယ်။ အလုပ်ခေါ်စာ ရှာတယ်။ အီးမေးလ် လိပ်စာ ရှာတယ်။ Resume လေး Attached လုပ်တယ်။ ပြီးတော့ ပို့တယ်။ ပို့မဲ့သာ ပို့တယ်။ တစ်စောင်မှ ပြန်မ ဆက်သွယ်လာဘူး။ ခင်ဗျား ပြောတဲ့နည်း ကျုပ်လည်း လုပ်တာပဲဗျာပေါ့။ အလုပ် သိပ်မဖြစ်ပါဘူးဗျာ ပေါ့။


အဲဒီ အလုပ်မဖြစ်တဲ့ နည်းကနေ အလုပ်ဖြစ်စေတဲ့ နည်းကို တမဟုတ်ချင်း ပြောင်းပေးမဲ့ နည်းလေးက အခုမှ စမှာပါ။ (သင်္ဘောဆိပ်က ပွဲတွေ့ ၀ဲဆေး ကြော်ငြာနဲ့တောင် ခပ်ဆင်ဆင်ပဲနော် ဗျ။ )ခုနက နည်း ဘယ်နည်းနဲ့ ပဲ ရှာရှာ အလုပ်ကြော်ငြာ ကုမ္ပဏီ လိပ်စာတွေ ပါတဲ့ သူငယ်ချင်း ချရေးထားတဲ့ စာတစ်မျက်နှာကို ယူဗျာ။ အဲဒီထဲက ပထမဦးစားပေး အနေနဲ့ တယ်လီဖုန်း နံပတ် ပါတဲ့ အလုပ်ကြော်ငြာတွေကို အယင်ရွေးဗျာ။ ပြီးရင် တယ်လီဖုန်း ခေါ်ဗျာ။ အဲလို ခေါ်တဲ့ နေရာမှာ ဆက်သွယ်ရမဲ့ ပုဂ္ဂိုလ်နာမည် ပါရင်တော့ အကောင်းဆုံး ပေါ့ဗျာ။ ဦးကကြီးနဲ့ ပြောချင်လို့ပါ။ ဒေါ်ခခွေးနဲ့ ပြောချင်လို့ပါ ဆိုရင်တော့ အကောင်းဆုံးပဲ ပေါ့ဗျာ။ အကယ်၍ ဆက်သွယ်ရမဲ့ လူပုဂ္ဂိုလ်နာမည်များ မပါခဲ့ဘူး ဆိုရင်တော့ဖြင့်HR နဲ့ ပြောချင်လို့ပါ ဆိုပြီး ပြောဗျာ။


ပြီးရင် ပြောရမှာက မင်းတို့ အလုပ်ဘယ်ရာထူးကိုဖြင့် ဘယ်နေရာမှာ ကြော်ငြာထားတာ တွေ့လို့ပါပေါ့။ အဲဒါ စိတ်ဝင်စားတဲ့ အတွက် လျှောက်ထား ချင်ပါတယ်ပေါ့။ သူတို့က ပြောပါလိမ့်မယ်။ ဒါဆို Resume လေးပို့လိုက်ပါ။ ဘာညာ သာရကာပေါ့။ အဲဒီမှာ တစ်ခါတည်း မေးရမှာက သူငယ်ချင်းဟာ Foreigner ဖြစ်ကြောင်း၊ လက်ရှိ Social Visit Pass နဲ့ လာရောက် နေတာ ဖြစ်ကြောင်း၊ Foreigner ဆိုရင် ခန့်နိုင်ရဲ့လားပေါ့။ အကယ်၍ ကုမ္ပဏီဟာ Foreigner အတွက် ခန့်ထားဖို့ရာ Work Pass Quota ရှိမနေဘူးဆိုရင် သူတို့ တစ်ခါတည်း ပြန်ဖြေပါလိမ့်မယ်။ ဆိုတော့ Foreigner ခန့်ဖို့ အဆင်မပြေတဲ့ ကုမ္ပဏီ တစ်ခုအတွက် ပြန်မယ်မှန်း မပြန်မယ်မှန်း မသိဘဲ Resume Attached လုပ်ထားတဲ့ Email တွေလည်း ပို့နေစရာ မလိုတော့ဘူးပေါ့ဗျာ။ စကာတင် စစ်ယူလိုက်နိုင်တဲ့ သဘောပေါ့။


အကယ်၍များ ကုမ္ပဏီက Foreigner အတွက် Work Pass Quota ရှိထားတယ် ဆိုရင်တော့ Resume ပို့လိုက်ဖို့ တစ်ပါတည်း ပြောပါလိမ့်မယ်။ Resume ပို့တဲ့ နေရာမှာ တစ်ပါတည်း မေးရမှာက Attention ဘယ်သူ့ကို လိပ်မူရမလဲ ဆိုတာပါ ထည့်မေးပါ။ များပြားလှစွာသော စင်္ကာပူက ကုမ္ပဏီက ဌာနတွေမှာ တစ်နေ့တစ်နေ့ကို အီးမေးလ်ပေါင်း သောင်းခြောက်ထောင် ၀င်ထွက်နေတဲ့ အထဲကမှ ကိုယ့်အီးမေးလ်ကို ဖွင့်ဖောက် ဖတ်ရှု စေဖို့ တမင် လိပ်မူပြီး ပို့ပေးတဲ့ သဘောပါ။ ပြီးတော့ သူငယ်ချင်းရဲ့ နာမည် ဘယ်သူဖြစ်ကြောင်း။ ခုပဲ Resume ပို့လိုက်မယ် ဖြစ်ကြောင်း ပြောပြီး တစ်ပါတည်း အီးမေးလ်နဲ့ ပို့လိုက်ဗျာ။


မောင်လူအေးနဲ့ သူငယ်ချင်းများကတော့ ဒီနည်းလေးနဲ့ ပို့ပြီး လျှောက်ထားခဲ့ရာမှာ သာမန်လေး ကြော်ငြာထားတဲ့ ကုမ္ပဏီကနေ ဘယ်နေ့ကျရင် မင်း အင်တာဗျူး လာလို့ ရမလား ဆိုတာထိ တိုးတက်အောင်မြင်တဲ့ ရလဒ်တွေ ရခဲ့ဖူးပါတယ်။


ဒါက ဆက်သွယ်ရန် တယ်လီဖုန်း နံပတ် ပါတဲ့ ကြော်ငြာများ အတွက်ပေါ့။ အကယ်၍ ကြော်ငြာမှာ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ် ပါမလာခဲ့ဘူး ဆိုရင် ဘယ်လို လုပ်မလဲ။ ဒါလည်း မခက်ပါဘူးဗျာ။ ကြော်ငြာမှာ ကုမ္ပဏီ နာမည် ပါတယ်ဟုတ်။ အဲဒီ ကုမ္ပဏီ နာမည်ကို ကော်ပီကူးပြီး Google ထဲ သွားပြီး ရှာပေါ့ဗျာ။ နောက်ထပ် ရှာနိုင်တဲ့ နေရာလေး တစ်ခုကတော့ GreenBook ပါဗျာ။ အဲဒီထဲမှာလည်း စင်္ကာပူက ကုမ္ပဏီင်္ တော်တော်များများရဲ့ လိပ်စာနဲ့ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ်တွေ တွေ့နိုင်ပါတယ်။


နောက်ဆုံး တဆင့်ကဖြင့် အလုပ်ကြော်ငြာမှာ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ်လည်း မပါ။ ကုမ္ပဏီ နာမည်လည်း မပါခဲ့ရင်ရောဗျာ။ ဒါဆို ဆက်သွယ်ရန် အီးမေးလ်လေးတော့ ပါတတ်တယ်ဗျ။ အဲဒီဆက်သွယ်ရန် အီးမေးလ်လေးကို တစ်ခုလုံး ကော်ပီကူးပြီး Google မှာ ရှာဗျာ။ အီးမေးလ် အကုန်လုံးနဲ့ ရှာမတွေ့ခဲ့ဘူး ဆိုရင်တော့ဖြင့် name@company.com ဆိုတဲ့ အထဲက name ကို ချန်ထားပြီး company.com ဆိုတာကို ရှာဗျာ။ အဲဒီမှာ အလုပ်ခေါ်တဲ့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် ၀ဗ်ဆိုက်လိပ်စာကို တွေ့နိုင်ပါတယ်။ အဲဒီကနေ တဆင့် Contact Form ကို ရှာပြီး တယ်လီဖုန်း နံပတ်ကို အလွယ်တကူပဲ ရှာနိုင်ပါတယ်။ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ် ရခဲ့ရင်ဖြင့် ခုနက နည်း အတိုင်း ဖုန်းဆက်ပေါ့ဗျာ။


ရန်ကုန်က သူငယ်ချင်းတွေ အတွက်ရော။ Pfingo နဲ့ ခေါ်ရင် ရပါတယ်ဗျ။


တယ်လီဖုန်း နဲ့ ဆက်သွယ်ပြီးတဲ့ ခါကျရင်တော့ ပို့စရာ Resume ကို ဒီနေရာမှာ ဖတ်ဗျာ။


နောက် အရေးကြီးတဲ့ တချက်က Cover Letter လို့ ခေါ်တဲ့ အီးမေးလ် မှာ ရေးထည့်ပေးရမဲ့ စာသားပါပဲ။ အဲဒီ စာသားကိုလည်း ရှည်ရှည်ဝေးဝေး ရေးနေစရာ မလိုပါဘူးဗျာ။ မောင်လူအေး ရေးနေကျ စာသားလေး ကူးချလိုက်ဗျာ။
Dear Sir,

I have seen your advertisement for position on the internet dated 1.Jan.2008.
I have strong experience on your specialized skills.

Please take a look on attached resume for my past experience and I will be pleased if you give me a chance to explain my past experience in details with you.
I am contactable at your phone number and available for personal interview.

Hoping to hear from you soon.

Regards,
your name

ကဲ ဒီလိုလေး ဆိုတော့ စင်္ကာပူမှာ အလုပ်ရှာရတာ မလွယ်ပေဘူးလား။ တစ်နေ့ကို အများကြီး မပို့နဲ့ဗျာ။ တစ်နေ့ကို အစောင်ရေ အစိတ်လောက် ပို့ရင် တစ်ပတ်လောက် အတွင်းမှာ အခြေအနေ တစ်ခုခု ထူးခြားမှု ရှိလာပါလိမ့်မယ်။


တစ်ခု သတိထားဖို့က လျှောက်ထားနည်း ပုံစံ တစ်ခုနဲ့ လျှောက်ထားလို့ ရက်သတ္တ ၂ ပတ်လောက် နေလို့မှ အခြေအနေ မထူးခြားဘူးဆိုရင်တော့ အဲဒီ လျှောက်ထားနည်းကို တဖန် ပြန်လည် သုံးသပ်ဖို့ လိုမှာ ဖြစ်ပါကြောင်း။

Related Posts


Nov 13, 2008

Essential Documents to Manage Your Projects

အတွေ့အကြုံရင့်ကျက်တဲ့ Project Manager တစ်ယောက်နဲ့ စကားစမြည် ပြောဆို ကြည့်မယ်ဆိုရင် Project တစ်ခုကို အောင်အောင်မြင်မြင် ကိုင်တွယ် နိုင်စေဖို့ရာ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ၊ အကြံဥာဏ်တွေ အမြောက်အမြား ပေးနိုင်ပါတယ်။ သူတို့ပေးတဲ့ အကြံဥာဏ် အားလုံးရဲ့ အနှစ်သာရကတော့ ဆုံးရှုံးမှု အနည်းဆုံးနဲ့ သတ်မှတ်ထားတဲ့ အချိန် သတ်မှတ်ထားတဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏအတွင်းမှာ Project ပိုင်ရှင် လိုချင်တဲ့ ရလဒ်တွေ ပေးအပ်နိုင်ဖို့အတွက် မိမိကိုယ်တိုင် အပါအ၀င် Project မှာ ပါဝင် လုပ်ဆောင် ကြသူများကို ဘယ်လို စီမံ ခန့်ခွဲမယ် ဆိုတာပဲ ဖြစ်တယ်။

အမှတ်တမဲ့ ကြည့်ရင် ခက်တယ်လို့ ထင်စရာ မရှိပါဘူး။ သို့ပေမဲ့ အချို့အချို့သော အကြောင်း ခြင်းရာများကြောင့် လူ တော်တော်များများရဲ့ အမြင်မှာ Project Management ဟာ အလွန်တရာမှ ခေါင်းစားတဲ့ ၀န်ထုပ်ဝန်ပိုး တစ်ခုလို့ ထင်မှတ်စရာ ဖြစ်နေပါတယ်။ "အစီအစဉ်တွေ၊ စာရင်းဇယားတွေ ဆွဲပြီး အချိန် ဖြုန်းမနေပါနဲ့ဗျာ" ဆိုတာက တမျိုး၊ "Project မျှော်မှန်းချက်တွေ လျှောက်ရေးပြီး အချိန်ကုန် ခံမနေပါနဲ့ အဲဒါတွေ ပြီးအောင် လုပ်ရမယ်ဆိုတာ ကျုပ်တို့ အားလုံး သိထားပြီးသားပါ" ဆိုတာက တဖုံ အခါများစွာ ကျွန်တော်တို့ ပြောသံ ကြားရတတ်ပါတယ်။

ဒါ့ကြောင့် ဘယ်လိုမျိုး Project ကိုပဲ ဖြစ်ဖြစ် အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင်စေဖို့ နံပတ် ၁ ဖြတ်လမ်းနည်းကတော့ "မဖြစ်မနေ တည်ဆောက်ပြုစုရမဲ့ အတိုချုပ် စာရွက်စာတမ်း အချို့ကို နားလည်သဘောပေါက်ဖို့နဲ့ Project သက်တမ်း ကာလတလျှောက် မှန်မှန် ပြန်လည် သုံးသပ်သွားဖို့ပဲ" လို့ ဆိုချင်ပါတယ်။


စာတမ်း ၁ - Project ၏ လုပ်ငန်းဆောင်တာများ (Project Charter)

သာဓကအားဖြင့် Project တစ်ခု စစချင်းမှာ စာတစ်မျက်နှာစာ ရှိတဲ့ Project လုပ်ငန်းဆောင်တာများ လို့ ခေါ်တဲ့ စာတမ်းကို စတင်ပြုစုဖို့ လိုပါတယ်။ သင်နဲ့ သင့် Project ပိုင်ရှင် တို့ရဲ့ အခြေခံ Project ရည်မှန်းချက်များကို နားလည် သဘောပေါက်စေဖို့ အထောက်အကူပြုပါတယ်။ ဒါမှ မဟုတ်ရင် သင် ဘယ်ကို သွားနေတယ် ဆိုတာ မသိဘဲ သင် အဲဒီ ပန်းတိုင်ကို ဘယ်လို ရောက်အောင် သွားမလဲ။ သင်ကိုယ်တိုင်ပဲ သင့် အလုပ်ရှင်ဖြစ်တယ်လို့ မှတ်ယူထားဖို့ လိုပါတယ်။

ဒီအချက်အလက်ကို ရနိုင်ဖို့ သင့်အလုပ်ရှင်နဲ့ တွေ့တဲ့ အစည်းအဝေးမှာ ဒီ မမေးမဖြစ် မေးခွန်းသုံးခု မေးရပါလိမ့်မယ်။
  • Project ရဲ့ ရည်မှန်းချက်က ဘာလဲ
  • Project ရဲ့ ရလဒ်တွေ၊ လွှဲအပ်ပေးရမှာတွေက ဘာတွေလဲ
  • ဒီ Project ကို လုပ်ဆောင်ရခြင်းရဲ့ အဓိက စီးပွားရေး အကြောင်းရင်းက ဘာလဲ
အစည်းအဝေးပြီးတာနဲ့ Project နဲ့ဆိုင်တဲ့ အဲဒီမေးခွန်းတွေရဲ့ အဖြေကို ပရောဂျက်ရဲ့ လုပ်ငန်းဆောင်တာများ စာတမ်းထဲမှာ ထည့်သွင်း ရေးသားပြီးတော့ သင့်အလုပ်ရှင်ဆီကို Email နဲ့ ပို့ပြီး အတည်ပြုချက် ရယူပါ။
ဒါဆို Project တစ်ခုရဲ့ အဓိက အကျဆုံး ကိစ္စရပ်တစ်ခု ပြီးမြောက်အောင်မြင်သွားပြီလို့ ဆိုနိုင်ပါတယ်။ သင်နဲ့ သင့်အလုပ်ရှင်တို့ ဘယ်ပန်းတိုင်ကို သွားနေကြတယ်ဆိုတာ နှစ်ဦးနှစ်ဘက် နားလည် သဘော ပေါက်သွား ကြပါပြီ။

ဒီအဆင့်အောင်မြင်ဖို့ သင်သုံးလိုက်ရတဲ့ အချိန်ပမာဏကို ကြည့်မယ်ဆိုရင် အစည်းအဝေး တစ်ကြိမ် (ဒါမှမဟုတ်) နှစ်ကြိမ် လောက် တက်ရမယ်၊ စာတမ်း ချရေးဖို့ အချိန် မိနစ် သုံးဆယ်လောက် သုံးရမယ်။ ခပ်သေးသေး Project အတွက် စုစုပေါင်း ကြာချိန် နှစ်နာရီပဲ ထားပါတော့။ ဘယ်လောက်မှ ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုး ကိစ္စ မဟုတ်ပါဘူး။

စာတမ်း ၂ - Project အစီအစဉ် (Project Plan)

ဒီကနေ စပြီး Project အစီအစဉ်ခေါ်တဲ့ ဒုတိယ စာတမ်းကို တည်ဆောက်ရပါတော့မယ်။ ဒီစာတမ်းထဲမှာ ပြီးမြောက်အောင် ဆောင်ရွက်ရမဲ့ ကိစ္စတွေရယ် (လုပ်ကွက်လို့လည်း ခေါ်တတ်ကြတယ်)၊ ဘယ်သူက တာဝန်ယူရမယ် ဆိုတာရယ်၊ ဒီလုပ်ငန်း လုပ်ဆောင်ဖို့ ကုန်ကျမှုနဲ့ ကြာမြင့်ချိန်ရယ် ပါဝင်ပြီး နောက်ဆုံးမှာ ဘယ်နေရာမှာ ဘာတွေ လွဲမှား ဆောင်ရွက်နိုင်တယ် ဆိုတာ သုံးသပ်တဲ့ အန္တရာယ်ဖြစ်မှု သုံးသပ်ချက် တို့ပါဝင်ပါတယ်။

စာတမ်း ၃ - ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာ (Progress Report)

အပတ်စဉ် (ဒါမှမဟုတ်) လစဉ် ပုံမှန်အားဖြင့် လုပ်ငန်း ပြီးမြောက်မှု အစီရင်ခံစာ ပြုစုပြီး အလုပ်ရှင်ထံကို ပေးပို့ဖို့ လိုပါတယ်။ ဘယ်လုပ်ကွက်၊ ဘယ်လုပ်ငန်းတွေ ဘယ်အချိန်မှာ ပြီးစီးတယ်၊ (ရင်းမြစ်) ဘယ်လောက် သုံးစွဲထားတယ် ဆိုတာကို အလုပ်ရှင် အနေနဲ့လည်း သိချင်ကြတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခက်အခဲ တစုံတရာ တွေ့တိုင်းမှာ သူတို့ ဘယ်နေရာမှာ ၀င်ပြီး ကူညီ ဖြေရှင်းပေးနိုင်မလဲ ဆိုတာလည်း သိလိုကြတယ်။ အဓိက လုပ်ရမှာ ကတော့ အချက်အလက်ကို အစဉ်သဖြင့် စုဆောင်းထားရှိပြီး ပုံမှန် ဖြစ်ပေါ်တိုးတက်မှု အစီရင် ခံစာ ပေးပို့နိုင်စေဖို့ပါပဲ။

အဆုံးသတ် အတွေးလေး တစ်ခု

Project တစ်ခု စီမံခန့်ခွဲနိုင်ဖို့ မရှိမဖြစ် စာတမ်းများတော့ ဖော်ပြခဲ့ပြီးပါပြီ။ လက်တွေ့ အောင်မြင်စေရေး သော့ချက်ကတော့ Project လုပ်ငန်းဆောင်တာများ၊ Project အစီအစဉ်နဲ့ ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာ စတဲ့ စာတမ်းတွေ ပြုစု နိုင်စေဖို့ အတွက် အချက်အလက်များကို နားလည် သဘောပေါက်နေစေရေးပါပဲ။ ဒီအချက်တွေက သင့် Project အောင်မြင်စေဖို့ အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆပါတယ်။


Original Version

Related Posts

Nov 11, 2008

Let's Prepare Animated Dropdown Menu

မောင်လူအေး ဘလော့မှာ Menu တွေကို အယင်က Peek-a-boo ပုံစံနဲ့ ထားပါတယ်။ ညာဖက် Sidebar ရဲ့အောက်နားမှာပေါ့။ ပြီးခဲ့တဲ့ အပတ် စနေ၊ တနင်္ဂနွေကတော့ ဘလော့ကို အချိန် တော်တော်လေး ပေးပြီး ကလိ ဖြစ်ပါတယ်။ Menu အနေနဲ့က အယင်ကလည်း ဒီအရေအတွက်နဲ့ ဒီ Menu တွေပဲ။ သို့ပေမဲ့ Cbox အောက်မှာ ထားတာက တစ်ကြောင်း၊ အမှတ်တမဲ့ ကြည့်လိုက်ရင် စာရေးထားတာနဲ့ ဘာမှ မထူးတာက တကြောင်းကြောင့် သွားနှိပ်ဖူးတဲ့ သူလောက်သာ သိကြပြီးတော့၊ တော်ရုံ ဘလော့လာဖတ်သူများက Menu ရှိမှန်းကို မသိကြတာပါ။

ဒီ စနေ၊ တနင်္ဂနွေမှာ Menu လေး အပေါ် တင်လိုက်တယ်။ နောက်ထပ် မောက်စ်လေး ဖြတ်ပြေးရုံနဲ့ အောက်ကို ကျလာစေတဲ့ Dropdown Menu လေး လုပ်လိုက်တယ်။ ဆိုတော့ ဒီနေရာမှာ Menu ရှိတယ်ဆိုတာ လာလည်တဲ့ သူငယ်ချင်းတွေ အလွယ်တကူ သိစေနိုင်ပြီးတော့ သွားရောက် လည်ပတ်ဖို့ လွယ်ကူ သွားစေပါတယ်။

တကယ်တမ်း မောင်လူအေး Programming နားမလည်ပါဘူး။ သို့ပေမဲ့ အလုပ်ကလွဲရင် ကျောင်းစာကလွဲရင် စိတ်ဝင်စားတဲ့ အရာသာ ဖြစ်လိုက်၊ မရမချင်း စိုက်လိုက်မတ်တပ် လိုက်လုပ်တတ်တဲ့ ၀သီကြောင့် ဟိုကလိ ဒီကလိကနေပြီးတော့ အချိန် တော်တော်လေး ခေါင်းကိုက်ခံ၊ မျက်စိရှုပ်ခံပြီး လုပ်လိုက်တဲ့ နောက်မှာ အဲဒီ Menu လေးရလာတယ် ပေါ့ဗျာ။

အယင်ပို့စ်မှာ ကိုရွှေဘိုသားလေးက မေးသွားတယ်။ ဘယ်လို လုပ်တာလဲ။ သိချင်ပါတယ် ဆိုတော့ မောင်လူအေး လုပ်ထားတဲ့ အတွေ့အကြုံ လေးနဲ့ ပြောပြမယ်ဗျာ။ အိုင်တီသမား မဟုတ်တော့ နားရှုပ်ခဲ့မယ်ဆိုရင် ကွန်းမန့်လေး ချန်ခဲ့ဗျာ။ နော…

စစချင်းက ဒီ စာသားလေးကို အယင်ကူးဗျာ။



.jqueryslidemenu{
font: bold 12px Verdana;
background: #414141;
width: 100%;
}

.jqueryslidemenu ul{
margin: 0;
padding: 0;
list-style-type: none;
}

/*Top level list items*/
.jqueryslidemenu ul li{
position: relative;
display: inline;
float: left;
}

/*Top level menu link items style*/
.jqueryslidemenu ul li a{
display: block;
background: #414141; /*background of tabs (default state)*/
color: white;
padding: 8px 10px;
border-right: 1px solid #778;
color: #2d2b2b;
text-decoration: none;
}

* html .jqueryslidemenu ul li a{ /*IE6 hack to get sub menu links to behave correctly*/
display: inline-block;
}

.jqueryslidemenu ul li a:link, .jqueryslidemenu ul li a:visited{
color: white;
}

.jqueryslidemenu ul li a:hover{
background: black; /*tab link background during hover state*/
color: white;
}

/*1st sub level menu*/
.jqueryslidemenu ul li ul{
position: absolute;
left: 0;
display: block;
visibility: hidden;
}

/*Sub level menu list items (undo style from Top level List Items)*/
.jqueryslidemenu ul li ul li{
display: list-item;
float: none;
}

/*All subsequent sub menu levels vertical offset after 1st level sub menu */
.jqueryslidemenu ul li ul li ul{
top: 0;
}

/* Sub level menu links style */
.jqueryslidemenu ul li ul li a{
font: normal 13px Verdana;
width: 160px; /*width of sub menus*/
padding: 5px;
margin: 0;
border-top-width: 0;
border-bottom: 1px solid gray;
}

.jqueryslidemenuz ul li ul li a:hover{ /*sub menus hover style*/
background: #eff9ff;
color: black;
}

/* ######### CSS classes applied to down and right arrow images ######### */

.downarrowclass{
position: absolute;
top: 12px;
right: 7px;
}

.rightarrowclass{
position: absolute;
top: 6px;
right: 5px;
}

ပြီးရင် Notepad လေးဖွင့်ပြီး File Nameကို jqueryslidemenu.css လို့ပေးပြီး သိမ်းလိုက်ဗျာ။

နောက်တစ်ခါ ဒီ စာသားလေးတွေကို ထပ်ကူးဗျာ။

//Specify full URL to down and right arrow images (23 is padding-right to add to top level LIs with drop downs):
var arrowimages={down:['downarrowclass', 'down.gif', 23], right:['rightarrowclass', 'right.gif']}

var jqueryslidemenu={

animateduration: {over: 200, out: 100}, //duration of slide in/ out animation, in milliseconds

buildmenu:function(menuid, arrowsvar){
jQuery(document).ready(function($){
var $mainmenu=$("#"+menuid+">ul")
var $headers=$mainmenu.find("ul").parent()
$headers.each(function(i){
var $curobj=$(this)
var $subul=$(this).find('ul:eq(0)')
this._dimensions={w:this.offsetWidth, h:this.offsetHeight, subulw:$subul.outerWidth(), subulh:$subul.outerHeight()}
this.istopheader=$curobj.parents("ul").length==1? true : false
$subul.css({top:this.istopheader? this._dimensions.h+"px" : 0})
$curobj.children("a:eq(0)").css(this.istopheader? {paddingRight: arrowsvar.down[2]} : {}).append(
'[img src="http://www.blogger.com/%27+%20%28this.istopheader?%20arrowsvar.down%5B1%5D%20:%20arrowsvar.right%5B1%5D%29%20%09%09%09%09+%27" class="' + (this.istopheader? arrowsvar.down[0] : arrowsvar.right[0]) + '" style="border: 0pt none ;" /]'
)
$curobj.hover(
function(e){
var $targetul=$(this).children("ul:eq(0)")
this._offsets={left:$(this).offset().left, top:$(this).offset().top}
var menuleft=this.istopheader? 0 : this._dimensions.w
menuleft=(this._offsets.left+menuleft+this._dimensions.subulw>$(window).width())? (this.istopheader? -this._dimensions.subulw+this._dimensions.w : -this._dimensions.w) : menuleft
if ($targetul.queue().length<=1) //if 1 or less queued animations $targetul.css({left:menuleft+"px", width:this._dimensions.subulw+'px'}).slideDown(jqueryslidemenu.animateduration.over) }, function(e){ var $targetul=$(this).children("ul:eq(0)") $targetul.slideUp(jqueryslidemenu.animateduration.out) } ) //end hover }) //end $headers.each() $mainmenu.find("ul").css({display:'none', visibility:'visible'}) }) //end document.ready } } //build menu with ID="myslidemenu" on page: jqueryslidemenu.buildmenu("myslidemenu", arrowimages)

ပြီးရင် jqueryslidemenu.js ဆိုတဲ့ နာမည်လေး ပေးပြီး သိမ်းဗျာ။

ပြီးရင် ဒီ မြှားပုံလေး နှစ်ခုကို Download ချပါ။ အဲဒီနောက် အဲဒီမြှားလေး နှစ်ခုကိုပဲ သူငယ်ချင်းရဲ့ Hosting တစ်ခုမှာ Upload လုပ်ဗျာ။ ပြီးရင် URL လေး ထုတ်ယူပါ။

ခုနက Save လုပ်ထားတဲ့ jqueryslidemenu.js ကို Open with နဲ့ Notepad နဲ့ ဖွင့်ဗျာ။

ပြီးရင်

//Specify full URL to down and right arrow images (23 is padding-right to add to top level LIs with drop downs):
var arrowimages={down:['downarrowclass', 'down.gif', 23], right:['rightarrowclass', 'right.gif']}

ဒီထဲမှာ ပါတဲ့ down.gif နဲ့ right.gif ကို ခုနက ရထားတဲ့ URL လေးတွေနဲ့ အစားထိုးဗျာ။ ပြီးရင် Save ပေါ့။

အဲဒီနောက် အဲဒီ jqueryslidemenu.js နဲ့ jqueryslidemenu.css ကိုလည်းံHosting ထဲကို Upload လုပ်ပါ။

အဲဒါ ပြီးရင် www.blogger.com ထဲကို သွားဗျာ။ ပုံမှန်အတိုင်း sign in လုပ်ဗျာ။ ပြီးရင် layout tab ထဲက Edit HTML ကို ၀င်ဗျာ။

အဲဒီထဲမှာ [head] ဆိုတာကို ရှာဗျာ။

အဲဒီ [head] အောက်မှာ ဒီ စာသားလေး ကူးထည့်ဗျာ။


[link rel="stylesheet" type="text/css" href="jqueryslidemenu.css"]

[!--[if lte IE 7]]
[
style type="text/css"]
html .jqueryslidemenu{height: 1%;} /*Holly Hack for IE7 and below*/
[/style]
[![endif]--]

[script type="text/javascript" src="http://ajax.googleapis.com/ajax/libs/jquery/1.2.6/jquery.min.js"][/script]
[script type="text/javascript" src="jqueryslidemenu.js"][/script]

အဲဒါလေး ကူးထည့်တဲ့ အခါမှာ jqueryslidemenu.css နဲ့ jqueryslidemen.js လေးကို ခုနက Hosting ကနေ ရထားတဲ့ URL လေးတွေ ပြောင်းပေးဖို့တော့ မမေ့နဲ့ပေါ့ဗျာ။

အဲ ဒီအဆင့်အထိ ပြီးပြီဆိုရင်တော့ Coding ကိစ္စ ၀ိစ္စ ပြီးသလောက် ဖြစ်သွားပါပြီ။

Coding တွေ ပြီးရင် ကျွန်တော်တို့ Menu လေးတွေ နေရာချဖို့ပဲ ကျန်ပါတော့မယ်။

အဲဒီလို နေရာချနိုင်ဖို့ ဒီ Coding လေးကို သုံးပါတယ်။ ဒီ Coding ကိုတော့ ကိုယ်ထည့်ချင်တဲ့ Link တွေနဲ့ Notepad ထဲမှာ Prepare လုပ်ပြီးမှ Copy Paste လုပ်တာ ပို အဆင်ပြေပါတယ်။

[div id="myslidemenu" class="jqueryslidemenu"]
[ul]
[li][a href="http://www.yourdomain.com/"]Item 1[/a][/li]
[li][a href="#"]Item 2[/a][/li]
[li][a href="#"]Folder 1[/a]
[ul]
[li][a href="#"]Sub Item 1.1[/a][/li]
[li][a href="#"]Sub Item 1.2[/a][/li]
[li][a href="#"]Sub Item 1.3[/a][/li]
[li][a href="#"]Sub Item 1.4[/a][/li]
[/ul]
[/li]
[li][a href="#"]Item 3[/a][/li]
[li][a href="#"]Folder 2[/a]
[ul]
[li][a href="#"]Sub Item 2.1[/a][/li]
[li][a href="#"]Folder 2.1[/a]
[ul]
[li][a href="#"]Sub Item 2.1.1[/a][/li]
[li][a href="#"]Sub Item 2.1.2[/a][/li]
[li][a href="#"]Folder 3.1.1[/a]
[ul]
[li][a href="#"]Sub Item 3.1.1.1[/a][/li]
[li][a href="#"]Sub Item 3.1.1.2[/a][/li]
[li][a href="#"]Sub Item 3.1.1.3[/a][/li]
[li][a href="#"]Sub Item 3.1.1.4[/a][/li]
[li][a href="#"]Sub Item 3.1.1.5[/a][/li]
[/ul]
[/li]
[li][a href="#"]Sub Item 2.1.4[/a][/li]
[/ul]
[/li]
[/ul]
[/li]
[li][a href="http://www.yourdomain.com/"]Item 4[/a][/li]


[/div]




Click နှိပ်လို့ ကိုယ်သွားစေချင်တဲ့ နေရာရဲ့ လိပ်စာကို
[a href="#"] ရဲ့ # နေရာမှာ ထည့်ဗျာ။ နောက်က Item တို့ Sub Item တို့ နေရာကတော့ ကိုယ်ပေါ်စေချင်တဲ့ စာသားလေးတွေ ရိုက်ထည့်ပေါ့။

အဲလို ရိုက်ထည့်ပြီးတဲ့ နောက်မှာတော့ ကိုယ့် Menu ကို ဘယ်နားထားချင်တာလဲ ဆိုတာပေါ် မူတည်ပြီး နေရာချရပါမယ်။ မောင်လူအေး စာမျက်နှာမှာ ထည့်ထားတဲ့ နေရာမျိုးမှာ ထည့်ချင်တာ ဆိုရင်တော့ HTML Edit Page ထဲမှာ ဒီ Coding လေးကို ရှာပြီး အဲဒီ အောက်မှာ ထည့်ပေးလိုက်ပါ။
[div id='content-wrapper']

[div id='crosscol-wrapper' style='text-align:center']
[b:section class='crosscol' id='crosscol' showaddelement='no'/]

ဒါဆို မောင်လူအေး စာမျက်နှာမှာ ပေါ်နေတဲ့ Menu လေးတွေ လိုမျိုးလေးတွေ ရရှိပါလိမ့်မယ်ဗျာ။ Coding တွေထဲ ပါတဲ့ အနီရောင် လေးထောင့်ကွင်း လေးတွေကိုတော့ ထောင့်ကွင်းလေးတွေ ပြောင်းပေးဖို့ လိုပါမယ်။

Coding ကူးရတာ အဆင်မပြေဘူး ဆိုရင် jqueryslidemenu.css နဲ့ jqueryslidemenu.js တို့တွေကို ဒီမှာလည်း သွားယူလို့ ရပါတယ်ဗျာ...

  • jqueryslidemenu.css

  • jqueryslidemenu.js


  • အကယ်လို့ မောင်လူအေး ရေးပြတာ နားရှုပ်မယ် ဆိုရင်တော့ ဒီနေရာလေးမှာ အော်ရီချင်တယ် ဗားရှင်းကို သွားရောက် ဖတ်ရှုနိုင်ပါတယ်ဗျာ။

    Related Posts

    Nov 10, 2008

    PROJECT MANAGEMENT BASIC

    Project တစ်ခု ကိုင်တွယ်တော့မယ်ဆိုရင် ကြီးကြီး သေးသေး၊ ဖော်ပြထားတဲ့ အချက်နဲ့ တကယ်လုပ်ရမဲ့ အချက် ကွဲပြား ခြားနားမှုများ နဲ့ ဖော်ပြပါ အချက်အလက်များ နောက်ကွယ်မှာ ရှိနေတဲ့ ထည့်သွင်း တွက်ချက်ရမဲ့ အရေးကြီး အချက်အလက် တွေကို နားလည် သဘော ပေါက်ထားဖို့ လိုတယ်။ အောင်မြင်တဲ့ Project Management ဆိုတာတွေ ထဲမှာ Project အဖွဲ့ရဲ့ ရုန်းကန် လှုပ်ရှားရတာတွေ၊ အခက်အခဲ ပြဿနာတွေ၊ အားနည်း ချို့ယွင်းချက်တွေကို ဖော်ပြတာ အင်မတန် နည်းပါးပါတယ်။ စာရေးသူ Herbert Lovelace ကတော့ ဒီ အဖြစ်အပျက်ကို ပြင်ဆင် ချက်ပြုတ်ချိန်မှာ ညစ်ပေနေသမျှ စားသုံးသူတွေကို ပြတဲ့ခါ သန့်ရှင်းသပ်ရပ် လှပနေတတ်တဲ့ မီးဖိုဆောင်နဲ့ တူတယ်လို့ ဆိုစမှတ် ပြုပါတယ်။

    Project ကို ဘယ်လို စီမံ ခန့်ခွဲရမယ်ဆိုတာကို စာအုပ်ကြီး အတိုင်းပဲ နားလည်ထားမယ် ဆိုရင်ကို ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ် အထောက်အကူ ပြုပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်တဲ့ Project Manager တစ်ယောက် ဖြစ်ဖို့ Project မှာ ပါဝင် ပတ်သက်နေတဲ့ လူ အများအပြားရဲ့ လိုအပ်ချက်တွေ၊ အဓိကကျတဲ့ အခက်အခဲ ပြဿနာတွေ၊ Project အောင်မြင် ထမြောက်တယ်လို့ မဆိုနိုင်ခင်မှာ ရှင်းလင်း ဖော်ဆောင်ရမဲ့ အချက်အလက်တွေကို နားလည် သဘောပေါက်ထားဖို့ လိုပါတယ်။ ကျွန်မ အတွေ့အကြုံအရ ပြောရရင် Project Management ဆိုတာသည် အယင်က လုပ်ခဲ့တဲ့ Project တွေကနေ ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေရဲ့ အထွတ်အထိပ် ဖြစ်ပြီးတော့ အခြေအနေနဲ့ လိုက်လျောညီထွေ ပြုပြင် လုပ်ဆောင်သွားရခြင်းလို့ ဆိုချင်ပါတယ်။ Project တစ်ခု သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ချောမွေ့အောင်မြင်စေဖို့ အထောက်အကူပြုစေမဲ့ ပြန့်ပြောကြွယ်ဝတဲ့ လမ်းညွှန်ချက်တွေလည်း ရှိနေပါတယ်။


    ၁ ။ သတ်မှတ်ဖော်ထုတ်ခြင်း။

    Project တစ်ခု မစတင်မီမှာ အခက်အခဲ၊ Project မျှော်မှန်းချက် စတာတွေ တိတိပပ သတ်မှတ်ဖော်ထုတ်ပါ။ Project ရဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်ကို စာရွက်နဲ့ ချရေးပြီး ပါဝင်ဆောင်ရွက်သူ အားလုံး ဖတ်ရှုနားလည် သဘောပေါက်အောင် လုပ်ထားခြင်းဟာ အကောင်းဆုံး နည်းလမ်းပါပဲ။ နောက်ပြီးတော့ စည်းဝေးပွဲ အခမ်းအနားမှာ Project ရည်မှန်းချက် အပေါ်မှာ အဖွဲ့သား အားလုံးရဲ့ သဘောတူညီချက်ကို ရယူပါ။ ဒီလုပ်ဆောင်ချက်က Project ပိုင်ရှင်ရဲ့ ရည်ရွယ်ချက်နဲ့ လိုအပ်ချက်တွေ အားလုံးကို Project ကာလ တလျှောက်လုံး ဖော်ထုတ် ပြသဖို့ လိုတဲ့ အချိန်တိုင်းမှာ အထောက်အကူ ပြုနေမှာ ဖြစ်ပြီးတော့ Project အဖွဲ့တွင်း ကြုံတွေ့ရနိုင်တဲ့ အရင်းအမြစ်၊ ပစ္စည်းပစ္စယများ နဲ့ ဦးစားပေး အစီအစဉ်နဲ့ ပတ်သက်တဲ့ ၀ိဝါဒ ကွဲပြားမှုတွေကို ဖြေရှင်းရာမှာလည်း အထောက်အပံ့ ဖြစ်စေပါတယ်။


    ၂ ။ အစီအစဉ်ချမှတ်ခြင်း။

    ဘာတွေ လုပ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အစီအစဉ်ချတာပါပဲ။ ကိစ္စရပ် တစ်ခုချင်းစီအတွက် အစီအစဉ်ချတဲ့ နေရာမှာ သိပ်မခက်ခဲပေမဲ့လို့ Project အဖွဲ့သား အားလုံး သဘောတူညီမှု ရရှိစေမဲ့ အစီအစဉ် ချမှတ် လုပ်ဆောင်ရာမှာတော့ အတော်အတန် ပိုမို ခက်ခဲ ပါလိမ့်မယ်။ အစီအစဉ်ချမှတ်ခြင်းရဲ့ တစိတ်တဒေသ အနေနဲ့ ဘယ်သူက ဘာတွေ ပြီးအောင် ဆောင်ရွက်ရမယ်ဆိုတာရယ် သူရဲ့ ဒီပရောဂျက်မှာ ပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍက ဘာ ဆိုတာရယ်ကို စာရွက်ပေါ်မှာ ရေးချ လက်မှတ်ရေးထိုးခိုင်းပါလို့ အကြံပြုလိုပါတယ်။ လူတွေ အနေနဲ့ လုပ်ဆောင်ချက် တစ်ခုမှာ သူ့ရဲ့ အခန်းကဏ္ဍက ဘာဆိုတာကို တိတိပပ သိထား နားလည်ထားရင် လုပ်ဆောင်ချက် အထမြောက် အောင်မြင်စေဖို့ ပိုမို အားသွန်ခွန်စိုက် ဆောင်ရွက်လေ့ရှိတတ်တယ်။ ကျွန်မတို့ လုပ်ငန်းထဲမှာတော့ ကန်ထရိုက်နဲ့ ညှိနှိုင်းဆောင်ရွက်တဲ့ ကိစ္စတွေမှာ Project အတွင်း ဘာတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို ထည့်သွင်း ရေးဆွဲထားတဲ့ လုပ်ဆောင်ရမဲ့ အခန်းကဏ္ဍ သဘောတူညီချက် စာတမ်းကို အသုံးပြုပါတယ်။ ဒီစာတမ်းကို သုံးခြင်းကြောင့် Project အဆုံးမသတ်ခင်မှာ Project တွင်း တာဝန်ဝတ္တရားများ၊ ပြီးမြောက်ရမဲ့ ကိစ္စရပ်များ၊ အချိန်သတ်မှတ်ချက်များ ကို ပြတ်ပြတ်သားသား ရေးဆွဲနိုင်ပါတယ်။ နောက်ထပ် သတိထားရမဲ့ တစ်ချက်ကတော့ သင်ဟာ စနစ်တစ်ခု ထည့်သွင်း အသုံးချဖို့ ရည်ရွယ်ခဲ့လို့ အကယ်၍ အဲဒီစနစ်ကို သူများ နားလည်အောင် ရှင်းမပြနိုင်ဘူးဆိုရင် အဲဒီစနစ်ကို မသုံးတာ ကောင်းတယ်။


    ၃ ။ လက်တွေ့အသုံးချခြင်း

    အစဉ်သဖြင့် ရှုပ်ထွေးတတ်တယ် ဆိုတာ သတိရပါ။ လက်တွေ့ အသုံးချခြင်းကို ရိုးရှင်းနိုင်သမျှ ရိုးရှင်းအောင် ဆောင်ရွက်ပြီး၊ အကယ်၍ မအောင်မြင်ခဲ့ရင် မူလအတိုင်း ပြန်ရှိနေစေအောင် နည်းဗျူဟာချ လုပ်ဆောင်ပါ။ မထင်မှတ်ဘဲ တွေ့လာရတဲ့ ရလဒ်တွေအပေါ် သင် ဘယ်လို ကိုင်တွယ် ဖြေရှင်းသလဲ ဆိုတဲ့ ကိစ္စက အောင်မြင်မှုနဲ့ ကျရှုံးမှုကို နှစ်ခုစလုံး ဖြစ်သွားစေနိုင်ပါတယ်။ အရေးကြီးတဲ့ အဆုံးအဖြတ် မရေမရာ တာမျိုး၊ အဖြေ မထွက်တာမျိုး ဖြစ်စေပြီး Project အဖွဲ့ကို အချိန်ပို လုပ်ဆောင်ခိုင်းခြင်းမျိုးနဲ့ Project အဖွဲ့ စိတ်ဓာတ်ပျက်ပြားအောင် မလုပ်မိပါစေနဲ့။ အဖွဲ့သား အားလုံး သတင်းအချက်အလက် မပြတ်စေဖို့နဲ့ Project အတွက် တာဝန်ရှိနေတယ်ဆိုတာ သိအောင်ဆောင်ရွက်ပါ။ အချိန်နဲ့ တပြေးညီ ပြီးမြောက်မှုကို အဟန့်အတား ဖြစ်စေမဲ့ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာခဲ့ရင် နောက်ပြန်ဆုတ်ဖို့လည်း မတုံ့နှေးစေဖို့ လိုပါတယ်။


    ၄ ။ ပြန်လှန်သုံးသပ်ခြင်း

    ဒါက တန်ဖိုး အရှိဆုံးကိရိယာ တစ်ခုပဲ။ Project တစ်ခုပြီးသွားတဲ့ နောက်ပိုင်းကျမှ ဘယ်နေရာလေးကို ဘယ်လိုလေး လုပ်လိုက်ရမှာ၊ အဲလိုလေး ပြောင်းလုပ်လိုက်ရင် ကောင်းမှာ ဆိုတာမျိုးတွေ တပုံတပင် သိရတတ်ပါတယ်။ Project ကာလ အတွင်းမှာ အဲဒီ ကိစ္စတွေကို မှတ်တမ်း အနေနဲ့ စုဆောင်း ထည့်သွင်းထားရင် ပိုပြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒီမှတ်စုလေးကို Project ပြီးဆုံးသွားတဲ့ နောက်မှာ ဘယ်ကိစ္စရပ်တွေ လုပ်ဆောင်ချက်တွေကို ဘယ်လို အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတာ ပြန်လည် သုံးသပ်နိုင်စေဖို့ အသုံး ချနိုင်ပါတယ်။ Project အပြီးမှာ ပြုလုပ်တဲ့ တုံ့ပြန်မှု ပေးနိုင်မှာ သေချာတဲ့ အဖွဲ့သား အားလုံး တက်ရောက်တဲ့ Project အဖွဲ့ အစည်းအဝေးမှာ ပါဝင် ပတ်သက်သူ အားလုံးဆီက တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ ရနိုင်ပါတယ်။


    ကောက်ချက်ချခြင်း

    Project Manager တွေဟာ စနစ် ပုံစံကျတဲ့ နည်း ဥပဒေများကို သင်ယူ လေ့လာထားရပါမယ်။ ရှေ့က လုပ်ဆောင်ဖူးတဲ့ သူများ အခြား အတွေ့အကြုံ ရင့်ကျက်တဲ့ Project Manager များထံမှ အကူအညီတွေ ရယူပြီး လက်တွေ့ အသုံးချ ရပါမယ်။ အရှင်းဆုံး ပြောရရင် ကိုယ်တိုင် ၀င်ရောက် လုပ်ကိုင်ခြင်းထက် Project Management နဲ့ အစီအစဉ်ချခြင်း အတွက် အကျွမ်းတ၀င် ရှိလာစေမဲ့ တခြား နည်းလမ်း မရှိပါဘူး။ အောင်မြင်တဲ့ Project တစ်ခု ဖြစ်စေဖို့ အသုံးပြုတဲ့ စတင်တဲ့ အချိန်မှာ သုံးတဲ့ နည်းဥပဒေသ (ဒါမှမဟုတ်) စံ နမူနာများက လွဲရင် ချွေးထွက်တဲ့ ပင်ပန်းမှု၊ အသင်းအဖွဲ့နဲ့ ဆောင်ရွက်မှု၊ ကြိုးပမ်း အားထုတ်မှုနဲ့ ကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုတွေက အစားထိုးမရတဲ့ အရင်းအနှီးတွေပဲ။ အထက်က အချက်လေးချက်ကို အသုံးချပြီးတော့ သင်ကြုံ ရနိုင်တဲ့ အခက်အခဲ၊ ပြဿနာ အရေအတွက် ပမာဏကို လျော့ကျအောင် ဆောင်ရွက်နိုင်ပါတယ်။

    စာရေးသူ မီရှဲလ် (Michele Webb)သည် ကိုယ်ပိုင်အင်တာနက် စာမျက်နှာ ပိုင်ဆိုင်ပြီး အမျိုးသမီး အင်တာနက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ အသင်းတော်တော်များများမှာ အဖွဲ့ဝင် ဖြစ်ပြီးတော့ အမေရိကန် ပြည်ထောင်စု၊ နီဗားဒါးပြည်နယ် လပ်စ်ဗေးဂတ်စ်မှာ သူမရဲ့ ခွေး၂ကောင်နဲ့ နေထိုင်ပါတယ်။ မီရှဲလ်ကို ဆက်သွယ်ဖို့ အီးမေးလ်လိပ်စာက news@ebooksnstuff.com ဖြစ်ပြီး သူ့အင်တာနက် စာမျက်နှာက www.ebooksnstuff.com ဖြစ်ပါတယ်။

    Original Version

    Related Posts


    For Furthur Reading...

    ဒီပို့စ်ရဲ့ Comment မှာ ကိုအောင်က ဒီလို ရေးသွားပါတယ်။

    "ဟေ့လူ။ Project Management ကို စိတ်ဝင်စားရင် O'REILLY က ထုတ်တဲ့ Head First PMP စာအုပ်ကို ဖတ်ကြည့်။ 4shared.com မှာ pdf download လုပ်လို့ရတယ်။ PM အကြောင်းရှင်းတာ အလွန်လွယ်ပြီး အလွန်ထိမိတယ်။ ..... "

    အဲဒီအတွက် မောင်လူအေး သွားရောက် မွှေနှောက်ပြီး သကာလ Download လုပ်၊ လိုအပ်သူများ လွယ်လင့်တကူ ကူးယူနိုင်စေဖို့... Hosting တစ်ခုမှာ ပြန်တင်ပြီး ပြန်ဝေမျှ လိုက်ပါတယ်ဗျာ... အောက်က ပုံလေးကို ကလစ်လုပ်ပြီး Download လုပ်နိုင်ပါကြောင်း...

    ဝေမျှပေးတဲ့ ကိုအောင် ကိုလည်း ကျေးဇူးပါဗျာ...


    Nov 8, 2008

    Recent Condition Of SG Job Market

    "စင်္ကာပူမှာ အလုပ်သမားတွေ လျှော့တယ်ဆို၊"

    "ဘယ်လို အလုပ်မျိုးတွေ လျှော့တာလဲ၊ ဘယ်နှစ်ယောက် လျှော့ခံရတာလဲ။"

    "စင်္ကာပူက အလုပ်သမားတွေကို ပြန်လွှတ်နေတယ် ပြောတယ်၊ အဲဒါ ဟုတ်သလား။"

    "စင်္ကာပူကို အခုနေ အလုပ်လာရှာရင် ဘယ်လို နေမလဲ။ အလုပ်အကိုင်တွေ ကောင်းရဲ့လား။"

    Gtalk ပေါ်မှာ တွေ့လိုက်တဲ့ ရန်ကုန်က သူငယ်ချင်းတွေ အခုတလော အရမ်း အမေးများတဲ့ မေးခွန်း တွေပါ။

    ကမ္ဘာမှာ အမေရိကန်နိုင်ငံ ကနေ စတဲ့ စီးပွားရေး အကျပ်အတည်း ဖြစ်နေတယ် ဆိုတာ လူတော်တော် များများ သိထားပြီး ကိစ္စ တစ်ခုပါ။ ကမ္ဘာရဲ့ ဘူဇွာ နိုင်ငံ ဖြစ်တဲ့ အမေရိကန် နိုင်ငံ ကိုယ်တိုင်ကိုက စီးပွားရေး ဂယက်ကြားထဲမှာ နလန် ထူနိုင်အောင် သူတို့ နိုင်ငံရဲ့ ဗဟိုဘဏ်ကနေ ငွေပမာဏ အမြောက်အမြား ထုတ်ချေး၊ ကျန်တဲ့ နိုင်ငံ တော်တော် များများ ကလည်း ရင်းနှီး မြှုပ်နှံသူတွေရဲ့ စိုးရိမ်စိတ်ကို ကာကွယ်နိုင်စေဖို့ သူတို့ရဲ့ နိုင်ငံတော် ဗဟိုဘဏ်တွေကနေ ပိုက်ဆံတွေ ထုတ်ကြ။ လုပ်နေကြတဲ့ အချိန်….

    စင်္ကာပူကရော ဘာလဲဗျာ… အတိုင်းအတာ တစ်ခု အထိ ထိခိုက်မှုတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ စင်္ကာပူက အတိုင်းအတာ တစ်ခုထိ ပါးနပ်တဲ့ နိုင်ငံ တစ်ခု၊ သူတို့နိုင်ငံ မထိခိုက်အောင်တော့ နည်းမျိုးစုံနဲ့ ကာကွယ် ဆောင်ရွက် နေကြတယ်။

    ဆိုတော့ အလုပ်သမားလျှော့တယ်ဆိုတဲ့ ကိစ္စ။

    အလုပ်သမားတွေ လျှော့တယ်ဆိုတဲ့ ကိစ္စ ဟုတ်ပါသလားလို့ မေးရင် ဟုတ်ပါတယ်လို့ ဖြေရမှာပါ။ အချို့ အချို့သော ကုမ္ပဏီတွေက အလုပ်သမားတွေ လျှော့ချပါတယ်။ အချို့ ကုမ္ပဏီတွေက ကုမ္ပဏီ တစ်ခုလုံးရဲ့ ၀န်ထမ်း လစာတွေကို ရာခိုင်နှုံး တချို့ လျှော့ချပါတယ်။ အချို့ ကုမ္ပဏီတွေက ၀န်ထမ်းတွေကို အိုဗာတိုင် လုပ်ချိန် လျှော့ ချပါတယ်။ အလုပ်သမား လျှော့ချတဲ့ ကုမ္ပဏီတွေက အများစုက အမေရိကန် နိုင်ငံနဲ့ ဆက်နွယ်တဲ့ တခုခုသော စီးပွားရေး လုပ်ငန်း ရှိနေတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

    အဲဒီတော့ ရန်ကုန်ကနေ စင်္ကာပူကို အလုပ်လာလုပ်မယ် ဆိုတဲ့ သူတွေအတွက်…

    တကယ်တမ်း ဒီပို့စ်က စင်္ကာပူမှာ လက်ရှိ အလုပ်လုပ် နေကြသူတွေ ထက်၊ ရန်ကုန်ကနေ နောက်ထပ် လာကြဖို့ စိုင်းပြင်း နေကြသူတွေ အတွက် ရည်ရွယ်ပါတယ်။

    ပုံမှန်အားဖြင့်လည်း စင်္ကာပူမှာ အခု အချိန်ဟာ အလုပ် အပြောင်းအရွှေ့ အင်မတန်မှ နည်းတဲ့ အချိန် ဖြစ်ပါတယ်။ ဒီနှစ်မှာမှ မဟုတ်ပါဘူး။ နှစ်စဉ် နှစ်တိုင်း တရုတ် နှစ်သစ်ကူး အချိန် ဖေဖော်ဝါရီလ ကျရင် ကုမ္ပဏီ တော်တော်များများက တစ်နှစ် အပြည့်လုပ်ခဲ့တဲ့ ၀န်ထမ်းတွေကို နောက်ထပ် တစ်လစာ ဆောင်းပေးပါတယ်။ ခေါ်တာတော့ ၁၃ လမြောက် လစာ (13th Month Salary) လို့ ခေါ်ပါတယ်။ အဲဒါက တစ်နှစ် အပြည့်လုပ်မှပဲ ရတာ ဖြစ်ပါတယ်။ အချို့ ကုမ္ပဏီတွေက Bonus ကို အဲဒီ အချိန်မှာပဲ ပေးပါတယ်။ အဲဒီတော့ နှစ်တစ်နှစ်ရဲ့ နှစ်ကုန်ပိုင်း ကျရင် ၀န်ထမ်းတွေဟာ အလုပ် အပြောင်းအရွှေ့ အတော် နည်းပါတယ်။ အဲဒီတော့ အလုပ်အကိုင် အခွင့်အလမ်း နည်းတယ်။ ဒီကြားထဲမှာ အခု ငွေကြေး ဂယက် ဖြစ်တဲ့ခါကျတော့ ကုမ္ပဏီတွေက အလုပ်သမား အသစ်ခန့်ဖို့ကို ဆိုင်းငံ့ကုန်ပါတယ်။ အဲဒီတော့ အလုပ်အကိုင် အခွင့်အလမ်း အင်မတန်မှ နည်းတဲ့ အချိန် ဖြစ်ပါတယ်။

    အဲဒီတော့ အခုနေ စင်္ကာပူလာပြီး အလုပ်လာရှာကြမဲ့ သူငယ်ချင်းများ အတွက် အင်မတန်မှ စဉ်းစားကြရမဲ့ အချိန် ဖြစ်ပါတယ်ဗျာ။

    နောက်တစ်ချက်။
    ဒါက စင်္ကာပူမှာ ရောက်နှင့်နေကြတဲ့ တကယ် လက်ရှိ အလုပ်လုပ် နေကြတဲ့ အင်ဂျင်နီယာများ ထံက တိုက်ရိုက် စကားများပဲ ဖြစ်ပါတယ်။ ဖတ်တဲ့သူတွေ အဆင်ပြေအောင် စကား အစီအစဉ် ချတာက လွဲလို့ ကျန်တာ သူတို့ရဲ့ တိုက်ရိုက် ပြောစကားများ ဖြစ်ပါတယ်။

    "အစ်ကိုရယ်… စင်္ကာပူ လာချင်တဲ့ သူတွေက များနေတယ်။ ဒီမှာ ဘာဖြစ်နေလဲ ဆိုတာ တကယ် မသိကြဘူး။ အော်တိုကတ်နဲ့ စင်္ကာပူမှာ အလုပ်ပေါတယ် ပေါတယ်။ လာလိုက်ကြတဲ့ အော်တိုကတ်တွေ။ ဘာတဲ့ ရန်ကုန်မှာ အော်တိုကတ် လုပ်ငန်းခွင်ဝင် သင်တန်း တစ်လပြတ် ဆိုတာ တောင်ရှိတယ် ဆိုပဲ။ အော်တိုကတ် ဆိုတာ တစ်လ သင်ရုံနဲ့ တတ်ရောလား။ လက်မှတ်တော့ ရလာမှာပေါ့။ လက်မှတ် ရလာပြီး ဒီရောက်တော့ အလုပ်ထဲလည်း ၀င်ရော အိုးနင်း ခွက်နင်းတွေ ဖြစ်ကုန်ရော။ အဲဒီတော့ မလာခင် တုံးက လာသင့်မလာသင့် ပြောပြတဲ့ သူတွေကိုလည်း နားမလည် ကြဘူး။ စင်္ကာပူလာမယ် ဆိုတော့ မေးတယ်။ ဘာတွေ လုပ်သင့်လည်း။ ဒီက လူက ပြောပြတယ်။ နားမလည်ကြဘူး။ သူတို့ အမြင်မှာ နိုင်ငံခြား ဆိုတာကို နတ်ပြည်လို့များ ထင်နေကြတယ် ထင်တယ်။ ဒီမှာ လုပ်နေရတဲ့ သူတွေ လွယ်တယ် မှတ်နေကြတယ်။ မေးတဲ့သူက မေးတယ်။ တစ်ခါတခါ ညီမ အီးမေးလ်ထဲ ပို့ပြီး မေးတယ်။ သူတို့ မေးခွန်းကို ညီမ ချက်ချင်း ဖြေနိုင်တဲ့ အခါလည်း ရှိတယ်။ တခါတလေ အချက်အလက် ရှာရတာတွေ ရှိတယ်။ အဲဒီ အချိန်ကျရင် သူတို့က တစ်စောင်ပြီး တစ်စောင်ပို့ရော .. ညီမပြောချင်တာက အခုနေ စင်္ကာပူ လာမယ်ဆိုတဲ့ သူတွေကို မလာပါနဲ့ဦးပဲ ပြောချင်တယ်။"

    ဒါက အော်တိုကတ်နဲ့ အလုပ်လုပ်နေတဲ့ ညီမတစ်ယောက်က ပြောပြတာပါ။
    "ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဗျာ။ အယင်တစ်ခါ စင်္ကာပူကို လာတယ်ဗျာ။ အိုင်တီ အလုပ်နဲ့ အလုပ် လာရှာတယ်။ နှစ်လလောက် နေသွားတယ်။ အလုပ်မရဘူး။ ပြန်သွားရတယ်။ ပြန်ခါနီး ကျွန်တော် သူ့ကို ပြောလိုက်တယ်။ မင်း နောက်တစ်ခါ ပြန်လာရင် အော်တိုကတ် ဖြစ်ဖြစ် တစ်ခုခု ထပ်သင်လာခဲ့။ အခု နောက်တစ်ခေါက် ထပ်ရောက်လာတယ်။ အယင်တစ်ခါ လာတဲ့ အတိုင်းပဲ။ အလုပ်ထပ်ရှာတယ်။ အခု တစ်လကျော်နေပြီ။ ဒီလ ကုန်ရင် Stay က ကုန်ပြီ။ အခန့်မသင့်ရင် ပြန်ရဦးမယ်။ အခု အချိန် အလုပ်ပါး ပုံမျိုးနဲ့ ကျွန်တော်တော့ မထင်ဘူး။"

    "ကျွန်မ အသိထဲက တစ်ယောက်ပဲ။ သူက ရန်ကုန်မှာကတည်းက Spass Approve ဖြစ်လာတာ။ ရန်ကုန်မှာ တုံးက သူသိတာက Accountant Post နဲ့ ပေါ့။ ဒီရောက်တော့ လုပ်ရတာက Cashier ဖြစ်နေတယ်။ စားသောက်ဆိုင်မှာ စားသောက်သူတွေ စားပြီးတာနဲ့ ဘယ်လောက် ကျတယ်။ တွက်ပေးရတယ်။ စာရင်း သွင်းရတယ်။ အရမ်းပင်ပန်းတယ်။ ထားဦး။ ပင်ပန်းတာ သူ လုပ်နိုင်သေးတယ်။ ရောက်ပြီး ဆယ်ရက်လောက်ပဲ ရှိသေးတယ်။ ကုမ္ပဏီကနေ အလုပ်ဖြုတ် လိုက်တယ်ရှင်။ ကဲ အခု Stay က ၂ ပတ်ပဲ ရတယ်။ ဘာလုပ်မလဲ။ ဒီ ၁၄ ရက်အတွင်း အလုပ်သစ် တစ်ခု ရနိုင်ဖို့။ ဘယ်လွယ်မလဲ။"

    ဒါက ရန်ကုန်ကနေ Spass Approval နဲ့ ထွက်လာပြီးမှ ဒီရောက်မှ အခက်အခဲ ကြုံရတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ဇာတ်ထုပ်ပေါ့။

    သူငယ်ချင်း တစ်ယောက်ကလည်း သူ့ရဲ့ အမြင်ကို အခုလို ကရုဏာ ဒေါသလေးနဲ့ ပြောပါတယ်။
    "ခက်တာက ရန်ကုန်ကနေ မလာခင်တုံးက ဒီက လူတွေ ပြောပြတာကို နားမလည် ကြဘူး။ သူတို့ကို သူတို့ ဟုတ်လှပြီ အောင့်မေ့နေတာ။ ဒီကလူတွေ ပြောပြတာ လောက်က သူတို့က လုပ်နိုင်ပါတယ်။ ဖြစ်ပါတယ် ဆိုပြီး စွတ်ရွတ် ထွက်လာကြတာ။ ဒီရောက်လို့ အဆင်မပြေ ဖြစ်ရင် ဘယ်သူ့ကို သွား ဘာလုပ်မလဲ။ အဲဒီ အချိန်ကျရင် ရန်ကုန်မှာ ပိုက်ဆံ မယူခင် တုံးက အကုန် တာဝန် ယူပါတယ် ဆိုတဲ့ Agent တွေက ဘယ်တွေ ရောက်ကုန်မှန်း မသိဘူး။"

    "အခု စင်္ကာပူမှာ ကြားကြားနေတာ။ အော်တိုကတ်ကို ၂ ပတ်အပြတ် သင်တန်းတဲ့ဗျာ။ သင်တန်းကြေးက စင်္ကာပူဒေါ်လာ ၂၀၀ တဲ့။ ၂ ပတ်ဆိုတဲ့ အချိန်နဲ့ ဘာ တတ်မှာလည်း။ အများဆုံး စက်ဝိုင်း ဆွဲတာနဲ့ လိုင်း ဆွဲတာပဲ တတ်မှာပေါ့။ အင်ဂျင်နီယာ ဒီပလိုမာ တစ်ခုခုရထားတဲ့ ပုံဆွဲ အယူအဆ အခေါ်အဝေါ်တွေ၊ အတိုင်းအထွာ အတွက်အချက်တွေ နားလည် ပြီးသား လူတွေတောင် အနည်းလေး တစ်ပတ်ကို ၁၅ နာရီ အနည်းဆုံး နဲ့ ၂ လ လောက် အချိန်ယူပြီး သင်ယူမှ နည်းနည်းလေး အရည် လည်သလောက် ရှိတာ၊ သင်တန်းကြေးတွေ တနင့် တပိုး ပေးပြီးတော့ နောက်ဆုံး သုံးမရရင် မကောင်းဘူးဗျာ။ မလုပ်သင့်ဘူးပေါ့ဗျာ။"

    ခေတ်ကာလ တောင်းဆိုချက် အရ ပေါ်ပေါက်လာတဲ့ သင်တန်းတွေရဲ့ နောက်ကို လိုက်သွားမိတဲ့ သူငယ်ချင်း တချို့ရဲ့ ဖြစ်ရပ်မှန်လေးတွေပါ။

    တစ်ခါက အင်းစိန် GTI မှာ ဖွင့်တဲ့ CNC သင်တန်း တစ်ခုမှာ ကျောင်းအုပ်ကြီးက အမှာစကား ပြောပါတယ်။ ဒီသင်တန်း တက်ရောက်ပြီး အောင်မြင်လို့ ကျွမ်းကျင်သွားမယ်ဆိုရင် စင်္ကာပူနိုင်ငံလို နေရာမှာ အနည်းဆုံး လစာ စင်္ကာပူဒေါ်လာ ၃၀၀၀ ကနေ ၅၀၀၀ အထိ ရနိုင်တယ်လို့ ထည့်ပြောပါတယ်။ နားထောင်နေတဲ့ ကျောင်းသားတွေက ဒါဆို အဲဒီ ပညာကို ကျွမ်းကျင်ပြီးသား ဆရာတွေ ဘာလို့ အဲဒီကို မထွက်လည်း ဆိုတဲ့ အတွေး ၀င်ဖြစ်ပါတယ်။ တကယ်တော့ ဆရာကြီး ပြောတာလည်း မမှားပါဘူး။ ပညာရပ်ရဲ့ တန်ကြေးအားဖြင့် အဲဒီလောက် ရှိနေတာ အမှန်ပါ။ သို့ပေမဲ့ CNC Programmer ဆိုတာ ရုံးဝန်ထမ်း ရာထူးလို တပုံတပင်ကြီး ခန့်ထားစရာ မလိုတဲ့ ရာထူးပါ။ ကျွမ်းကျင် ပညာရှင် တစ်ယောက် နှစ်ယောက် ရှိနေရင်ကို စက်ရုံ တစ်ရုံ ကောင်းကောင်း အလုပ်လုပ်လို့ ရတဲ့ ပညာရပ် ဖြစ်တော့ကာ ပညာရှင် အနေနဲ့ လခ ကောင်းကောင်း ရနိုင်ပါတယ်။ သို့ပေမဲ့ တစ်ယောက်ကောင်း ပညာရပ်ဖြစ်တဲ့ အတွက် လူတွေ အများကြီး မလိုတဲ့ အတွက် အလုပ်အခွင့် အလမ်း အနေနဲ့ ကြည့်ရင် အင်မတန် နည်းပါတယ်။ ဒီအတွက် မိမိ သင်ယူမဲ့ ပညာရပ်ဟာ လစာကောင်းကောင်း ရတယ်ဆိုတာလေး တစ်ခုတည်းနဲ့ ရမ်းသမ်း တက်လို့ မရပါဘူး။ တက်ပြီးတဲ့နောက် အလုပ်အကိုင် အခွင့်အလမ်း ကရော ဘယ်လို ရှိသလဲ ဆိုတာကိုပါ ထည့်သွင်း တွက်ချက်ပြီးမှ သင်ယူ သင့်ပါတယ်။
    "ကျွန်တော်တို့ အေးဂျင့်ခ ၃၈၀၀ နဲ့ လေယာဉ် လက်မှတ်ခ ပေးခဲ့ ရတယ်ဗျာ။ ဒီကို ရောက်တော့ ဆောက်လုပ်ရေး ကုမ္ပဏီမှာ အလုပ် လုပ်ရပါတယ်။ ပြောခဲ့စဉ် တုံးက တစ်လကို စင်္ကာပူ ဒေါ်လာ ၆၀၀နဲ့ အိုဗာတိုင် ရမယ်လို့ ပြောပါတယ်။ ရောက်ပြီးပြီးချင်း အလုပ် စမဆင်းခင်မှာ စင်္ကာပူဒေါ်လာ ၁၅၀ စီ လိုအပ်တာ သုံးဖို့ ထုတ်ပေးမယ်လို့ ရန်ကုန်က ကုမ္ပဏီက ပြောလိုက်တယ်။ ပိုက်ဆံ ယူလာဖို့ လိုမလား မေးတော့ အေးဂျင့်က ယူလာစရာ မလိုဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရံအတားလေး တစ်ယောက် စင်္ကာပူဒေါ်လာ ၅၀ စီ ပါလာတယ်။ အခု ရောက်တာ ၁ လပြည့်တော့မယ်။ အလုပ် စမဆင်းရသေးဘူး။ ပိုက်ဆံ ထုတ်ပေးမယ် ပြောတာ အခုထိ ဘာမှ ပေါ်မလာဘူး။ အရံအတား ယူလာတဲ့ ပိုက်ဆံသာ မပါရင် ငတ်ပြီ။"

    "အလုပ်စဆင်းရတော့ ကုမ္ပဏီက အလုပ်သမားတွေကို တပုံတပင်ကြီး ခေါ်ထားပြီးတော့ အိုဗာတိုင် မဆင်းခိုင်း ဘူးဗျာ။ လစာကလည်း ၄၅၀ ပဲ ရတယ်။ အဲဒီထဲက တစ်လ ထမင်းစားစရိတ် ၁၅၀ ဖြတ်တယ်ဗျာ။ အဆောင်ခက ၇၅ ကျပ် ဖြတ်တယ်ဗျာ။ ၂၂၅ ကုန်ပြီ။ နောက်ထပ် လိုတာလေး ၀ယ်ခြမ်းတာနဲ့ဆိုတော့ တစ်လ အိမ်ကို တစ်သိန်း ပို့နိုင်အောင် မနည်း လုပ်နေကြရတယ်။ အဲဒီထဲက ကျွန်တော်တို့က သူများ ဆီကနေ ချေးငှား လာရတာ ဆိုတော့ ရန်ကုန်မှာ အတိုး ပေးတာနဲ့ဆို အစ်ကို စဉ်းစားသာ ကြည့်တော့။ အခု ရောက်နေနှင့်ြ့ပီးသား သူတွေကလည်း ရင်းထားတဲ့ ပိုက်ဆံ ကျေအောင်သာ ကျိတ်မှိတ်ပြီး လုပ်နေကြရတာ။ ဘယ်သူမှ စိတ် မချမ်းသာဘူး။ အကြွေးကျေရင်တော့ အားလုံး ပြန်မယ် ဆိုတာ ချည်းပဲ။"

    အေးဂျင့်အားကိုးနဲ့ လာရောက်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်သား တစ်ဦးရဲ့ ရင်ထဲက ထွက်လာတဲ့ စကားစု တချို့ပါ။

    ဆိုတော့ ဒီလို အကြောင်းအရာတွေ ကြောင့် စင်္ကာပူမှာ အလုပ်လာလုပ်မဲ့သူများ ဘာတွေ သိထား သတိထားဖို့ လိုမလဲ။ အပြည့်စုံဆုံး မဟုတ်သည့်တိုင် ကိုယ်တိုင် ကြုံခဲ့ရတဲ့ အနေအထားလေးတွေ သူငယ်ချင်းတွေ သိအောင် ပြောပြချင်တဲ့ ဆန္ဒ ရှိလာပါတယ်။

    ရန်ကုန်ကနေ ထွက်မလာခင်၊ စင်္ကာပူဆိုတာ နိုင်ငံခြားပါ။ နိုင်ငံခြားဆိုတဲ့ အတိုင်း ကျွန်တော်တို့ အပါအ၀င် အများစု သိထား ကြတာက ရုပ်ရှင်တွေ ဗီဒီယိုတွေထဲက ဇိမ်ခံကားကြီးတွေနဲ့ မိုးမျှော် တိုက်ကြီးတွေနဲ့ မြေအောက် ရထားတွေနဲ့ တိုးတက် စည်ကားနေတဲ့ နေချင့်စဖွယ် နေရာ တစ်ခု။ အဲလို တကယ် မဟုတ်ဘူးလား ဆိုတော့ ဟုတ်ပါတယ်။ ပိုက်ဆံသုံးဖို့ ဖြုန်းဖို့လာမဲ့ သူတွေအတွက် နိုင်ငံခြားက ပျော်စရာ အလွန်ကောင်းတဲ့ နေရာတစ်ခုပါ။ ကျွန်တော်တို့က ပိုက်ဆံ လာဖြုန်းတာ မဟုတ်ပါဘူး။ ပိုက်ဆံ လာရှာကြတာ ဖြစ်ပါတယ်။ သူများ နိုင်ငံမှာ လာနေပြီး ပိုက်ဆံ လာရှာတာ ထင်သလောက် မလွယ်ပါဘူး။ မလွယ်ပါဘူး ဆိုတာကို သိသိနဲ့ ဟိုရောက်တော့မှ အဆင်မပြေရင် ကြည့်ကြက် လုပ်တာပေါ့ ဆိုတဲ့ အတွေးနဲ့ ဆိုရင်တော့ မလာတာ ပိုကောင်းပါတယ်။

    နောက်တစ်ချက်။ အေးဂျင့်တွေရဲ့ စကားတွေ။ သူတို့အတွက် နိုင်ငံခြားကို လူပို့နိုင်ရေးသည် သူတို့ အလုပ် ဖြစ်ပါတယ်။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောချင်ရင်လည်း သူတို့ ပါးစပ် ထဲမှာပဲ ရှိပါတယ်။ လိပ်ကို ကြမ်းပိုး ဖြစ်အောင် ပြောချင်ရင်လည်း သူတို့ စကားပဲ ဖြစ်ပါတယ်။ သူတို့အလုပ် ဖြစ်စေဖို့ အတွက် လိုတဲ့ အချက်ကို လိုသလို လျှောက်ပြောဖို့ အဆင်သင့်ပါ။ ဥပမာ တစ်ခု ပြောရရင် မောင်လူအေး ရထားတဲ့ AGTI ဆိုတဲ့ ဒီပလိုမာနဲ့ စင်္ကာပူမှာ အလုပ်လုပ်နိုင် မလုပ်နိုင်ဆိုတဲ့ ကိစ္စကို ဆိပ်ကမ်းသာလမ်းမှာ ရှိတဲ့ အများစုသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဘယ်လိုမှ မလွယ်ဘူးဆိုတဲ့ တစ်လေသံတည်း ထွက်ပြီး ဖြေပါတယ်။ သူတို့ရဲ့ အပြောအရ ဆိုရင် စင်္ကာပူမှာ Spass နဲ့ အလုပ် လုပ်ခွင့် ရရေးဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံ အားထုတ်ရမဲ့ သဘောမျိုး သက်ရောက်ပါတယ်။ တကယ်တမ်း မိမိကိုယ်တိုင် ထွက်လာပြီး အလုပ် လျှောက်တဲ့ခါ ကျတော့ အလုပ်ရပါတယ်။

    အမှန်အကန် ၀န်ဆောင်မှု ပေးနေတဲ့ အေးဂျင့်တွေ မရှိဘူးလား။ ရှိနိုင်ပါတယ်။ သို့ငြားလည်း မဟုတ်မမှန် လုပ်စားသူ တချို့ကြောင့် အေးဂျင့်ဆိုတဲ့ လုပ်ငန်းဟာ နိုင်ငံခြားကို လူပို့ပြီး ရိုက်စား လုပ်နေတဲ့ လုပ်ငန်းလို့ ထင်ရအောင်ကို နာမည် ပျက်နေတဲ့ အနေအထား ရောက်သွားပါတယ်။ ဆိုတော့ အကောင်းဆုံး အကြံ ပေးလိုတာက အကယ်၍များ မည်သည့် နိုင်ငံကို မဆို အလုပ်လုပ်ဖို့ထွက်မယ် ဆိုရင် ယင်းနိုင်ငံမှာ ယခင် ကတည်းက ရောက်နှင့်နေပြီး မိမိ ရှာဖွေ လုပ်ကိုင်လိုတဲ့ လုပ်ငန်းမျိုး တကယ် အလုပ် လုပ်နေတဲ့သူ တစ်ဦးဦးနဲ့ ဆက်သွယ် မေးမြန်းခြင်း သည်သာ အကောင်းဆုံး ဖြစ်မှာပါ။

    ဆိုတော့ အကျဉ်းပြန်ချုံ့ရမယ်ဆိုရင်

    • စင်္ကာပူမှာ အလုပ်သမားတွေ လျှော့တယ်ဆိုတာ ဟုတ်ပါတယ်။ သို့ပေမဲ့ ကုမ္ပဏီတိုင်း လုပ်ငန်းတိုင်း လျှော့တာ မဟုတ်ပါဘူး။ အလျှော့ခံရတဲ့ အထဲမှာ မြန်မာ အလုပ်သမား တွေလည်း တချို့ ပါပါတယ်။ သို့ပေမဲ့ အလုပ်သမားတွေ အကုန် ပြန်လွှတ် နေတယ်ဆိုတာ မဟုတ်ပါဘူး။

    • စင်္ကာပူနိုင်ငံ အနေနဲ့ အလုပ်အကိုင် အပြောင်းအရွှေ့ အများဆုံး အချိန်သည် တရုတ်နှစ်သစ်ကူး ပတ်ဝန်းကျင် အချိန် ဖြစ်ပြီးတော့ တစ်နှစ်လုံး အလုပ်အကိုင် အခွင့်အလမ်းသည် ပုံမှန်ပဲ ရှိတတ်ပြီး၊ အခုနေ အချိန်မှာတော့ ကမ္ဘာ့ငွေကြေးဂယက်ရဲ့ အရှိန် ရိုက်ခတ်မှုကြောင့်လည်း အလုပ်အကိုင် အခွင့်အလမ်း အင်မတန် ပါးလျားတဲ့ အနေအထားကို ရောက်နေတဲ့ အချိန် ဖြစ်ပါတယ်။

    • အလုပ် လာလုပ်ကြမဲ့ သူများ အနေနဲ့ ထွက်မလာခင်မှာ မိမိ လာရှာမဲ့ အလုပ်အကိုင်မျိုး လက်ရှိ လုပ်ကိုင်နေတဲ့ သူတွေနဲ့ ဆက်သွယ် မေးမြန်း ပြီးတော့မှသာလျှင် ဆက်လက် ကြိုးပမ်း သင့်ပါတယ်။

    • အထူးသဖြင့် အေးဂျင့်တွေနဲ့ ဆက်သွယ်လုပ်ကိုင်ပြီး ထွက်လာမယ် စဉ်းစားရင်တော့ ပိုပြီး သတိထား စုံစမ်းလေ့လာပြီးမှ သာလျှင် ထွက်လာသင့်ပါကြောင်း။


    Related Posts

    Recent News Update



    Nov 4, 2008

    AutoCAD MEP 2009 Download Links

    Autodesk MEP v2009 2DVD | 7.3 GB
    AutoCAD MEP is the AutoCAD software - based building design and construction documentation application for Mechanical, Electrical, and Plumbing (MEP) engineers, designers, and drafters that helps improve productivity, accuracy, and coordination.






    AutoCAD.MEP.V2009_Part.01.rar
    AutoCAD.MEP.V2009_Part.02.rar
    AutoCAD.MEP.V2009_Part.03.rar
    AutoCAD.MEP.V2009_Part.04.rar
    AutoCAD.MEP.V2009_Part.05.rar

    AutoCAD.MEP.V2009_Part.06.rar
    AutoCAD.MEP.V2009_Part.07.rar
    AutoCAD.MEP.V2009_Part.08.rar
    AutoCAD.MEP.V2009_Part.09.rar
    AutoCAD.MEP.V2009_Part.10.rar

    AutoCAD.MEP.V2009_Part.11.rar
    AutoCAD.MEP.V2009_Part.12.rar
    AutoCAD.MEP.V2009_Part.13.rar
    AutoCAD.MEP.V2009_Part.14.rar
    AutoCAD.MEP.V2009_Part.15.rar

    AutoCAD.MEP.V2009_Part.16.rar
    AutoCAD.MEP.V2009_Part.17.rar
    AutoCAD.MEP.V2009_Part.18.rar
    AutoCAD.MEP.V2009_Part.19.rar
    AutoCAD.MEP.V2009_Part.20.rar

    AutoCAD.MEP.V2009_Part.21.rar
    AutoCAD.MEP.V2009_Part.22.rar
    AutoCAD.MEP.V2009_Part.23.rar
    AutoCAD.MEP.V2009_Part.24.rar
    AutoCAD.MEP.V2009_Part.25.rar

    AutoCAD.MEP.V2009_Part.26.rar
    AutoCAD.MEP.V2009_Part.27.rar
    AutoCAD.MEP.V2009_Part.28.rar
    AutoCAD.MEP.V2009_Part.29.rar
    AutoCAD.MEP.V2009_Part.30.rar

    AutoCAD.MEP.V2009_Part.31.rar
    AutoCAD.MEP.V2009_Part.32.rar
    AutoCAD.MEP.V2009_Part.33.rar
    AutoCAD.MEP.V2009_Part.34.rar
    AutoCAD.MEP.V2009_Part.35.rar

    AutoCAD.MEP.V2009_Part.36.rar
    AutoCAD.MEP.V2009_Part.37.rar
    AutoCAD.MEP.V2009_Part.38.rar
    AutoCAD.MEP.V2009_Part.39.rar
    AutoCAD.MEP.V2009_Part.40.rar



    AutoCAD.MEP.V2009_Part.41.rar
    AutoCAD.MEP.V2009_Part.42.rar
    AutoCAD.MEP.V2009_Part.43.rar
    AutoCAD.MEP.V2009_Part.44.rar
    AutoCAD.MEP.V2009_Part.45.rar

    AutoCAD.MEP.V2009_Part.46.rar
    AutoCAD.MEP.V2009_Part.47.rar
    AutoCAD.MEP.V2009_Part.48.rar
    AutoCAD.MEP.V2009_Part.49.rar
    AutoCAD.MEP.V2009_Part.50.rar

    AutoCAD.MEP.V2009_Part.51.rar
    AutoCAD.MEP.V2009_Part.52.rar
    AutoCAD.MEP.V2009_Part.53.rar
    AutoCAD.MEP.V2009_Part.54.rar
    AutoCAD.MEP.V2009_Part.55.rar

    AutoCAD.MEP.V2009_Part.56.rar
    AutoCAD.MEP.V2009_Part.57.rar
    AutoCAD.MEP.V2009_Part.58.rar
    AutoCAD.MEP.V2009_Part.59.rar
    AutoCAD.MEP.V2009_Part.60.rar

    AutoCAD.MEP.V2009_Part.61.rar
    AutoCAD.MEP.V2009_Part.62.rar
    AutoCAD.MEP.V2009_Part.63.rar
    AutoCAD.MEP.V2009_Part.64.rar
    AutoCAD.MEP.V2009_Part.65.rar

    AutoCAD.MEP.V2009_Part.66.rar
    AutoCAD.MEP.V2009_Part.67.rar
    AutoCAD.MEP.V2009_Part.68.rar
    AutoCAD.MEP.V2009_Part.69.rar
    AutoCAD.MEP.V2009_Part.70.rar

    AutoCAD.MEP.V2009_Part.71.rar
    AutoCAD.MEP.V2009_Part.72.rar
    AutoCAD.MEP.V2009_Part.73.rar


    Password : freshwap.net
    Size : 7.3 GB

    Nov 3, 2008

    Neikbann Zay @ Toa Payoh

    နိုဝင်ဘာလ ၂ ရက်နေ့၊ တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံမှာ ရှိတဲ့ တိုပါးယိုး မြန်မာ ဘုန်းကြီးကျောင်းမှာ ကထိန်အကြို နိဗ္ဗာန်ဈေးပွဲလေး ကျင်းပပါတယ်။ ၂ ရက်နေ့ နိဗ္ဗာန်ဈေး ရှိတယ်ဆိုတာ မတ်ဆေ့ခ်ျတွေ ရထားပေမဲ့ တနင်္ဂနွေမှာ မေ့မေ့ပျောက်ပျောက် ဖြစ်နေတာကို သူငယ်ချင်း တစ်ယောက်က ဖုန်းဆက် အသိပေးတဲ့အတွက် နေ့လည်လောက်မှ ရောက်ဖြစ်ပါတယ်။ ရောက်တဲ့ အချိန်မှာ ဈေးပွဲ တော်တော်တောင် ပါးနေပါပြီ။ လက်ထဲပါတဲ့ ကင်မရာနဲ့ လျှောက် လက်ဆော့ဖြစ်တဲ့ ပုံရိပ်များ ဖြစ်ပါကြောင်း။

    Kahtein Kahtein

    တိုးပါးယိုးဘုန်းကြီးကျောင်းက နိဗ္ဗာန်ဈေးကို လာကြသူတွေ...

    Kahtein Kahtein

    အ၀င်ဝနားမှာ တိုကင်လေးတွေ ရောင်းတယ်။ ပြက္ခဒိန်လေးတွေ အမှတ်တရပေးတယ်။

    Kahtein Kahtein

    သိမ်ထဲက ဘုရားကန်တော့နေကြသူတွေနဲ့ ဆရာတော်ဘုရားထံမှာ ဦးချ ကန်တော့ ဆုယူ ကြသူများ...

    Kahtein Kahtein

    ရန်ကုန်မှာဆိုရင် ၅၀၀ တန်တွေ၊ တစ်ထောင်တန်တွေပေါ့... ဒီမှာတော့ ၂ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ တန်တွေပေါ့...

    Kahtein Kahtein

    ပွဲဈေးတန်း လျှောက်ရအောင် လာဗျာ...

    Kahtein Kahtein

    Kahtein Kahtein

    ဆီထမင်း ၂ ကျပ်၊ အကြော် ၄ ခု ၁ ကျပ်...
    အကြော်စုံ ၂ ကျပ်၊ ကောက်ညှင်းပေါင်း ၁ ကျပ်တဲ့ ဗျိုး...
    Kahtein Kahtein
    Kahtein Kahtein

    Kahtein Kahtein

    Kahtein Kahtein

    Kahtein Kahtein

    Kahtein Kahtein

    Kahtein Kahtein

    Kahtein Kahtein

    Kahtein Kahtein

    Kahtein

    မမကြီးတို့ကလည်း မနေဘူးဗျာ... လျှော့ဈေး ဆိုပဲ...


    သူတို့ဖျက်ကြလေပြီ

    Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...