Sep 15, 2008

Some Useful Freewares

AUTOCAD နဲ့ အလုပ်လုပ်နေကြတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းများ အတွက် အသုံးဝင်တဲ့Software လေးတစ်ခုပါ။ စင်္ကာပူနိုင်ငံမှာ AUTOCAD နဲ့ အလုပ်လုပ်ကြတဲ့ AUTOCAD သမားတွေ ကြုံရတတ်တဲ့ ကိစ္စလေးပါ။ စင်္ကာပူကုမ္ပဏီ တော်တော်များများဟာ Pirated Version တွေ သုံးခွင့် မပြုကြပါဘူး။ အဲဒီအချိန်မှာ အင်တာနက်ပေါ်ကနေ အလကားရတဲ့ DWG Viewer နဲ့ Editor တွေကို ယူယူ သုံးကြရပါတယ်။ အများစု အသုံးပြုကြတာ ကတော့ အခု ပြောမဲ့ ProgeCad ဆိုတဲ့ Software လေးပါပဲ။ AUTOCAD ရဲ့ Command တွေနဲ့ တော်တော်များများကို ဆင်တူပြီး ထပ်တူနီးပါး အသုံးပြုနိုင်တဲ့Software လေးပါပဲ။ ဒီမှာ Downloadလုပ်လို့ရပါတယ်။

အခုနောက်ပိုင်းမှာ တော်တော်များများသော Document တွေကို Portable Document Format ဆိုတဲ့ PDF နဲ့ ပြောင်းလဲ သုံးလာကြတာ တွေ့ရပါတယ်။ ဖိုင်အရွယ်အစားအနေနဲ့လည်း သေးတယ်။ အီးမေးလ်နဲ့ ပို့လို့လည်း လွယ်တဲ့ အတွက် တော်တော်များများသော အင်တာနက် အသုံးပြုသူတွေ သုံးစွဲနေကြပါပြီ။ PDF နဲ့ ဖိုင်တွေကို ဖတ်ရလွယ်သလောက် Document တွေကို PDF ပြန်ပြောင်းဖို့ အတွက်ကျတော့ တော်တော်များများသော PDF Converter တွေက Trial Version အနေနဲ့ စာမျက်နှာ အချို့ကိုပဲ ပြောင်းပေးပြီး ဖိုင်တစ်ခုလုံး ပြောင်းချင်ရင် Full Version ၀ယ်ခိုင်းတတ်ပါတယ်။ အဲဒီ အခက်အခဲတွေကို ဟောဒီ CutePDF Software လေးက ဖြေရှင်းပေးနိုင်တာ တွေ့ရပါတယ်။ CutePDF က သူ့ကို Install လုပ်ပြီးတဲ့ နောက်မှာ ကွန်ပျူတာထဲမှာ Virtual Printer အနေနဲ့ နေရာ ၀င်ယူပြီး ကို ပြောင်းချင်သမျှသော ဖိုင်တွေကို Printer နဲ့ Print Out ထုတ်သလိုပဲ Print ထုတ်နိုင်ပါတယ်။ လိုအပ်သူများ လွယ်လင့်တကူ ဒီနေရာမှာ Download လုပ်နိုင်ပါတယ်ဗျာ။

No comments:

Post a Comment

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...