Aug 15, 2008

Regarding to WIKIMYANMAR


မြန်မာ ၀ီကီကို အယင် www.my.wikipedia.org မှာ စထိတွေ့ခဲ့ပေမဲ့လို့ သိပ်ပြီး အကျွမ်းတ၀င် စိတ်ဝင်တစား မရှိခဲ့ပါဘူး။ မရှိရခြင်းကလည်း သူ့ဖောင့်တွေက ကျွန်တော် ဖတ်လိုက်တိုင်း တလွဲတွေ ချည်းပဲ ပေါ်ပေါ် နေတာကနေ စတာပါ။ ခုထိလည်း ဘာဖြစ်မှန်း မသိပါဘူး။ အယင် ၀ီကီက ခုထိ ကျွန်တော် ဖွင့်ကြည့်သမျှသော စက်တွေမှာ ထိုနည်း လည်းကောင်း ဖောင့် အမှားတွေ ပြနေဆဲပါ။

နောက်တော့ ကိုဘလူးဖီးနစ် ဘလော့ကိုသင်ကာ ဘလော့တွေမှာ သွားရောက်လည်ပတ်ရာကနေ မြန်မာဝီကီကို စတွေ့ခဲ့တယ်။ စတွေ့တွေ့ချင်းမှာ အကြောင်းအရာ အားဖြင့် ၂၀၀ ကျော်လောက် စတင် ရေးသားထားနှင့်ပြီး ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီတော့ ကိုယ်ကလည်း အကောင့် လေးလုပ်၊ ၀င်ရေးဖြစ်တယ်။

ကျွန်တော် ၀ီကီမှာ ပါဝင်ရေးသား ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ကျွန်တော်က ငယ်ငယ် ကတည်းက ဗဟုသုတ အင်မတန် ငတ်မွတ်တဲ့သူပါ။ ကိုသိချင်တဲ့ အကြောင်းအရာတွေကို စာအုပ်တွေထဲ ရှာဖတ်၊ ရှေ့က လူကြီးသူမတွေကို မေးတန်တာမေး၊ ကျွန်တော်မေးသမျှကိုလည်း ကျွန်တော်မေးတဲ့ သူတိုင်းက ပြောပြကြပါတယ်။ ၂၀၀၅ နောက်ပိုင်းမှာ အင်တာနက်ကို ထိတွေ့ပြီး နောက်မှာတော့ Google သည် ကျွန်တော့်ရဲ့ အဓိက အရူး လွယ်အိတ်ကြီးပေါ့။ အရုးလွယ်အိတ်ဆိုတာ လိုချင်တာ အကုန်ရှာလို့ရတဲ့ နေရာတစ်ခုပေါ့။

ဆိုတော့ အဲဒီ အင်တာနက် ဆိုတာကြီးကနေ တဆင့် ၀ီကီပီးဒီးယာ ဆိုတာတွေလည်း ၀င်ဖြစ်တယ်၊ ဖတ်ဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော် သိချင်တာ မှန်သမျှ ရှာတွေ့နေနိုင်အောင် ရေးထားခဲ့လိုက်ကြတာ စုစည်းခဲ့လိုက်ကြတာ နည်းနည်းနောနော လူတွေ မဟုတ်ပါဘူး။ သေချာတာက အဲဒီရေးတဲ့ သူတွေ ထဲမှာ ဘာသာရပ် တစ်ခုခုကို အကုန်အစင် တတ်တဲ့သူ ပါချင်မှ ပါမယ်။ အကုန်အစင်တတ်မှ ရေးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ် သိတာ နည်းရင် နည်းမယ်၊ အချက်ကလေး တစ်ချက်တည်းပဲ ဖြစ်ရင်လည်း ဖြစ်နေမယ်။ သို့ပေမဲ့ ကိုယ်သိတဲ့ အချက်အလက်ကလေး ဖြည့်လိုက်ခြင်းအားဖြင့် ပိုပြီး ပြည့်စုံသွားမယ် ဆိုရင် လေ့လာရတဲ့သူတွေ အတွက် အင်မတန်မှ အကျိုးများပါမယ်။

ခုနေအခါမှာ အင်္ဂလိပ် ၀ီကီပီးဒီးယားဆိုရင် အချက်အလက်ပေါင်း ၂ သန်းခွဲ ကျော်ရှိနေပါပြီ။ သူတို့လည်း အကြောင်းအရာ တစ်ခု၊ နှစ်ခု သုံးလေးခုကနေ စတင်ခဲ့ရတာပါ။ ကျွန်တော့် ကိုယ်တွေ့၊ လက်ခံကျင့်သုံးနေတဲ့ အယူအဆလေးတစ်ခု ရှိတယ်ဗျာ။ လောကမှာ အလုံးစုံ သိတဲ့သူဆိုတာ မရှိဘူး။ တစ်ယောက်ချင်း နည်းနည်းစီ သိထားကြတဲ့ အသိတွေ ဆုံဆည်း စုစည်းဖို့ ဆိုတာ လွယ်တဲ့ ကိစ္စ တစ်ခုမဟုတ်ပါဘူး။ သိချင်တဲ့သူနဲ့ သိတဲ့သူနဲ့ တွေ့ဦးမှ၊ တွေ့သည့်တိုင်အောင် အခြေအနေ အကြောင်းခြင်းရာ အများကြီးတိုက်ဆိုင်မှ သိတဲ့သူဆီက သိလိုတဲ့သူဆီကို အဲဒီ သတင်းအချက်အလက် ရောက်ရှိနိုင်ပါတယ်။ အခု ၀ီကီပီးဒီယားဟာ အဲဒီ တိုက်ဆိုင်ဖို့ မလွယ်ကူတဲ့ အကြောင်းခြင်းရာ အားလုံးအတွက် ပေါင်းကူး တံတားလေး တစ်စင်းဆိုလည်း မမှားနိုင်ပါဘူး။ သင်သိထားတဲ့ အကြောင်းအရာလေး တစ်ခုကို သိလိုတဲ့သူတွေ ကို ပေးသိလိုက်ပါ။ သင် နောက်ထပ် သိလိုတဲ့ အကြောင်းအရာလေးတွေ ရှိလာတဲ့ခါမှာလည်း သင့်ကို အဲဒီ အချက်အလက်တွေ သိရအောင် ကူညီပေးမဲ့ သူ ရှိလာပါလိမ့်မယ်။

ဆိုတော့ သင်ဘာပဲ သိသိ၊ ဘယ်လောက်လေးပဲ သိသိ သင်သိထား တတ်ထားတဲ့ ပညာရပ်လေးတွေကို သိလိုသူတွေ အထူးသဖြင့် နောက်မျိုးဆက်တွေ အတွက် မိမိသိတာလေးတွေ ၀င်ရောက် ဖြည့်စွက် ရေးသားရင်း မြန်မာဝီကီကို ကူညီကြပါစို့လား။

**********************************************************************************
ကိုသင်ကာက သူ့ပို့စ်မှာ နာမည်ကြီး တပ်ပြီး ရေးပါတယ်။ ဒီကလူက ဘလော့မှာ ဘာမှ မရေးရသေးခင် ဆရာက လုပ်ချလိုက်တော့ မဖြစ်ချေဘူးဆိုပြီး ရေးချလိုက်ရာက ဒီပို့စ်ဖြစ်လာပါကြောင်း။

ကိုသင်ကာရ ကျေးဇူးဗျို့...

5 comments:

  1. ကျနော် လင့်ခ်ထည့်ထားပြီဗျို့။

    ဝီကီမှာ ကိုလူအေးရေးတာ အတော်ကို ကောင်းပါတယ်။

    သင်ကာ

    ReplyDelete
  2. Hey There. I found your blog using msn. This is an
    extremely neatly written article. I’ll make sure to bookmark it and

    return to read more of your useful information. Thanks for the

    post. I will definitely comeback.

    Have a look at my website; sexualitystudies.net

    ReplyDelete
  3. I am curious to find out what blog system you happen
    to be working with? I'm having some small security problems with my latest website and I'd
    like to find something more risk-free. Do you have any

    suggestions?

    Have a look at my weblog: www.szshot.com

    ReplyDelete
  4. Excellent website. Lots of useful

    info here. I’m sending it to some friends ans also sharing in delicious.
    And naturally, thanks for your sweat!

    Feel free to surf to my web-site; http://thespellblog.com/index.php?option=com_blog&view=comments&pid=110431&Itemid=0

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS