Jul 25, 2008

First Priority!!!

မော်တော်ယာဉ်တွေ သွားလာရေးမှာ ဦးစားပေး အစီအစဉ်အလိုက် သွားလာကြရတယ်။ အဲဒီလို မောင်းနှင်ကြရမှာ မီးသတ်ကား၊ လူနာတင်ယာဉ် စတာတွေက တာဝန်ချိန် အတွင်းမှာ ဦးစားပေး အဆင့်အမြင့်ဆုံး ယာဉ်တွေပါ။ ထိုနည်းတူစွာ မီးရထား၊ မီးရထားသည်လည်း မီးရထားနဲ့ ကားလမ်းဆုံဆည်းရာနေရာတွေမှာ ဆိုရင် မီးရထားသည်လည်း ဦးစားပေး ယာဉ် တစ်မျိုးဖြစ်တယ်။ မီးရထား သွားလာနေစဉ်မှာ တခြား ယာဉ်တစ်မျိုးမျိုးနဲ့ တိုက်ခိုက်မိတယ် ဆိုရင် ထိခိုက်မှုအတွက် တိုက်ခံရသူ ယာဉ်က လျော်ကြေးမရတဲ့ အပြင် မီးရထား ခရီးစဉ် နှောင့်နှေးမှုအတွက်၊ မီးရထားကို ထိခိုက်စေမှုအတွက် လျော်ကြေး တောင် ပြန်ပေးရပါသေးတယ်။

မောင်လူအေးတို့ တစ်ခါကြုံခဲ့ရတဲ့ အမှတ် မထင် အဖြစ်အပျက်လေး တစ်ခုပါ။ ပြည်အောင်လံလမ်းမပေါ်က ပြည်မြို့အထွက်နားမှာ ပြည်ဆေးရုံသစ်ကြီး ရှိတယ်။ ဆေးရုံရဲ့ နံဘေးမှာ ရထားလမ်းနဲ့ ကားလမ်းဆုံတဲ့ ပြည် သံလမ်းဂီတ်ရှိတယ်။ အဲဒီနေ့က စနေနေ့တစ်နေ့။ နေ့လည် ၃ နာရီလောက် ရှိမယ်ထင်ပါတယ်။ ပြည်မြို့ထဲကနေ စက်ဘီးနဲ့ ပြန်လာတဲ့ မောင်လူအေးတို့ ရထားလာနေတဲ့ အတွက် သံလမ်းဂိတ်က ပိတ်လိုက်တယ်။ မောင်လူအေးတို့လည်း စက်ဘီးပေါ်ကဆင်း ရထားဖြတ်အသွားကို ရပ်စောင့်ပေါ့။

မောင်လူအေးတို့ စက်ဘီးရပ်နေတဲ့ ဘေးကို မီးသတ်ကားက လာရပ်တယ်။ မီးသတ်ကားရဲ့နောက်ကို လူနာတင်ယာဉ်က လာရပ်တယ်။ လူနာတင်ယာဉ်ရဲ့ နောက်မှာ ပြည် ခရိုင် တပ်ရင်းမှုးကားက လာရပ်တယ်။ အားလုံး ဗွီအိုင်ပီယာဉ်တွေ ချဉ်းပဲ။ တနည်း သက်သာသွားတာက မီးသတ်ကားကလည်း တာဝန်ချိန် မဟုတ်ဘူး။ နားနေတဲ့ အချိန် ရေသွားဖြည့်ရာက ပြန်လာတာ။ လူနာတင်ယာဉ်ကလည်း နားနေချိန် တခြားတနေရာကနေ ပြန်လာတာ။ တပ်ရင်းမှုးကားကတော့ ဘယ်က ပြန်လာတယ် မသိပေမဲ့ သူလည်း တာဝန်ချိန် ပြင်ပ။တကယ်တော့ လာရပ်လိုက်တဲ့ ယဉ်တွေ အားလုံးက သူ့နေရာနဲ့ သူ၊ တာဝန်ချိန်သာ ဖြစ်ကြည့်။ ဘယ်သူတွေ ရှိရှိမရှိရှိ။ သူတို့ကတော့ ရပ်တဲ့ ယာဉ်တွေ မဟုတ်ကြပါဘူး။ အကယ်၍သာ အားလုံးသာ တာဝန်ချိန် အတွင်း ဖြစ်နေခဲ့မယ်ဆိုရင် ဘယ်သူ့ကို ဘယ်သူ ဦးစားပေးပြီး ဘယ်သူက ရပ်စောင့်ကြမလဲ ဆိုတာ စဉ်းစားမိတယ်။

တကယ်လို့ လူ့ဘ၀မှာရော ဦးစားပေး အစီအစဉ် ပထမဆင့် ပထမဆင့်ဆိုတာတွေ နှစ်မျိုး၊ သုံးမျိုး တပြိုင်နက်တည်း ကြုံလာခဲ့မယ်ဆိုရင် ဘယ်လို စခန်းသွားကြမလဲ။ နံပတ် ၁ ကလည်း မလုပ်မဖြစ်၊ နံပတ် ၂ က မဖြစ်မနေ ဆိုတာမျိုး ကြုံလာခဲ့မယ်ဆိုရင် .....

ဆက်လက်တွေးခေါ်ဖို့ ဝေမျှရခြင်းပါ။

4 comments:

  1. မီးရထားကတော့ အချိန်တိုအတွင်းရပ်ဖို့ရာခက်လို့ သူ့ကိုပဲ ဦးစားပေးချင်တာပဲ...။ ဖြစ်လားတော့ မသိ။

    ReplyDelete
  2. This is the appropriate blog for anybody who needs to
    find out about this topic. You

    notice so much its almost arduous to

    argue with you (not that I really would need…HaHa). You positively put a brand new
    spin on a topic thats been written about for years.
    Great stuff, simply

    nice!

    my webpage http://kalgoorliebusinessdirectory.com/user_detail.php?u=amirawells99

    ReplyDelete
  3. Hello! I'm at work surfing around your blog from my new iphone! Just wanted to say I love reading your blog and look forward to all your

    posts! Keep up the great work!

    my web site; mtwebit.com

    ReplyDelete
  4. Excellent blog! Do you have any hints for aspiring writers?
    I'm hoping to start my own website

    soon but I'm a little lost on everything. Would you
    recommend starting with a free platform like


    Wordpress or go for a paid option? There are so many choices out there that
    I'm completely

    overwhelmed .. Any tips? Many thanks!

    my web page ... atenea hotel benidorm review

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS