Jun 24, 2008

တစ်ခါက GTI

အလုပ်ကိစ္စနဲ့ ဆက်နွယ်ပြီး စင်္ကာပူမှာ မြန်မာ ကျောင်းသားတွေ အမြားအပြား တက်ရောက် ကြတယ် ဆိုတဲ့ တီးမားဆက် ပိုလီတက်ကနစ်ကို ရောက်ခဲ့တယ်။ အင်ဂျင်နီယာ အတတ်ပညာ သင်ကြားတဲ့ ကျောင်းဖြစ်တဲ့ အားလျော်စွာ မောင်လူအေးတို့ရဲ့ တစ်ချိန်က စက်မှုလက်မှု သိပ္ပံ ခေါ်တဲ့ ဂျီတီအိုင်ကို သွား သတိရမိတယ်။ စင်္ကာပူနိုင်ငံဟာ တီးမားဆက် ပိုလီတက်ကနစ်ကို ၁၉၉၀ ပြည့်နှစ်မှာမှ စဖွင့်ခဲ့ပြီး အချိန်တိုလေး အတွင်းမှာ အရှေ့တောင် အာရှနိုင်ငံတကာ တန်းဝင် စက်မှု ပညာသင်ကျောင်းတစ်ကျောင်း အနေနဲ့ တည်ထောင်နိုင်ခဲ့တယ်။

စက်မှုလက်မှု သိပ္ပံကို ၁၈၉၆ မှာ စတင် တည်ထောင်ခဲ့လို့ ၁၉၉၆ တုံးက အင်းစိန် စက်မှုသိပ္ပံ နှစ်တစ်ရာပြည့်ပွဲတောင် ကျင်းပခဲ့တယ်။ စတင် တည်ထောင်ချိန်မှာ မြန်မာပြည်မှာ စက်မှု သက်မွေးပညာများ သင်ကြားနိုင်ရေး အတွက် ဆိုပြီး ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ပြည်၊ မန္တလေး ပခုက္ကူ စတဲ့ နေရာတွေ မှာ ကျောင်းတွေ ဆက်ဖွင့်သင်ကြားခဲ့တယ်။ စတင်ခဲ့စဉ်ကတည်းက စက်မှုလက်မှုသိပ္ပံ ဟာ အငယ်တန်း အင်ဂျင်နီယာများ မွေးထုတ်ပေးရာ ကျောင်းတော် တစ်ခုဖြစ်ပြီး၊ အကြောင်းကြောင်းကြောင့် ပညာသင်နှစ် ၅ နှစ် အပြည့်တက် ရောက်ပြီး စက်မှု အင်ဂျင်နီယာဘွဲ့ကို ယူဖို့ အခက်အခဲ ရှိသူများ အတွက် အချိန်တို (ပညာသင်နှစ် ၃ နှစ်တည်း) နဲ့ တက်ရောက်ပြီး လုပ်ငန်းခွင် အသုံးချ အတတ်ပညာတွေကို သင်ပေးခဲ့တယ်။ ဒီကျောင်းက ဆင်းလာတဲ့ A.G.T.I လက်မှတ်ကိုင် အငယ်တန်း အင်ဂျင်နီယာ များသည်လည်း နိုင်ငံတော် တည်ဆောက်ရေး နေရာ အမြောက်အမြားမှာ တာဝန်တွေ ကိုယ်စီ ယူခဲ့ကြတယ်။

စက်မှုသိပ္ပံရဲ့ သင်ရိုးညွှန်းတမ်းက စစချင်း ပထမနှစ်တက်တဲ့ အခါမှာ မိမိ တက်ရောက်လိုတဲ့ အင်ဂျင်နီယာ ဘာသာရပ်ကို ရွေးချယ်ရပြီး တက်ရောက်လိုတဲ့ ဘာသာရပ်နဲ့ မိမိရမှတ်နဲ့ ကိုက်ညီတယ်ဆိုရင် လျှောက်ထားတဲ့ ဘာသာရပ်ကို တစ်ခါတည်း တက်ရောက်ခွင့်ရတယ်။ ပထမနှစ်မှာပဲ Civil က Civil စာ စသင်ရတယ်။ EP က EP စာစသင်ရတယ်။ စာသင်နှစ် တစ်နှစ်ကို ၁၀ လ တက်ရောက်ရပြီး ၃ နှစ် တက်ရောက်ပြီးတဲ့ အချိန်မှာ အောင်မြင်တယ် ဆိုရင် AGTI လက်မှတ် ပေးအပ် ချီးမြှင့်တယ်။ နောက်ဆုံးနှစ်မှာ တကယ်လို့များ အမှတ် မီတယ်ဆိုရင် နောင်တော် တက္ကသိုလ် ဖြစ်တဲ့ စက်မှုတက္ကသိုလ်ကို ဆက်လက် တက်ရောက် နိုင်စေဖို့ ၀င်ခွင့်ဖြေဆို တက်ရောက်နိုင်တယ် ဆိုတဲ့ အခွင့်အလမ်းမျိုး ပေးခဲ့တယ်။

စက်မှုတက္ကသိုလ်ကတော့ ပထမနှစ်၊ ဒုတိယနှစ်ကို ဘာသာခွဲခြင်း မရှိဘဲ အခြေခံ အင်ဂျင်နီယာ ဘာသာရပ်များကို စုပေါင်း သင်ကြား ရပြီးတဲ့နောက် ဒုတိယနှစ်ရဲ့ ရလဒ်ကိုကြည့်ပြီး ဘယ်ဘာသာ တက်ရောက်ချင်တယ်ဆိုတာ ရွေးချယ်ရတယ်။ စာသင်နှစ် ၅ နှစ်မှာ တတိယနှစ်ကနေ ပဉ္စမနှစ်အထိ အင်ဂျင်နီယာ ဘာသာရပ်များကို ၃ နှစ် သင်ကြားရတယ်။ ရှေးယခင် တုံးကတော့ စက်မှုသိပ္ပံ ၀င်ခွင့်ကို စာမေးပွဲနဲ့ ဖြေဆိုရပြီး ၁၉၉၀ နောက်ပိုင်းမှာ ဆယ်တန်းရ အမှတ်ကို မူတည်ပြီး ၀င်ခွင့် ရွေးချယ်ဆုံးဖြတ်ခဲ့တယ်။

၁၉၉၈ နောက်ပိုင်းမှာ ဘယ်လို ပညာရှိမျိုးက ရွှေဥာဏ်တော် စူးရောက်လိုက်တယ် မသိပါဘူး။ GTI ကို GTC ရယ်လို့ အသွင် ပြောင်းလိုက်တယ်။ စစချင်းမှာ GTC သည် GTI ကို အမည် ပြောင်းထားရုံက လွဲပြီး ဘာမှ မထူးခြားတော့ သိပ်သိသိသာသာ မရှိလှပါဘူး။ နောက်ပိုင်းမှာ GTC = စက်မှုတက္ကသိုလ် ပထမ ၂နှစ်ဖြစ်သွားတယ်။ စစချင်း GTI ကို GTC အဖြစ် ပြောင်းစဉ် ကတည်းက ဘယ်လိုပဲ ပညာရေး အဆင့်မြှင့်တယ် ပြောပြော Institute သည် College နဲ့အဓိပ္ပာယ်လည်း မတူသလို၊ သက်ရောက်လည်း မတူတာအမှန်။ သို့ငြားလည်း ပြောင်းဆိုတော့ ပြောင်းပေါ့။ Institute နဲ့ University တုံးက ကိုယ့်ရပ်တည်မှုနဲ့ကိုယ်ရပ်တည်ခဲ့တဲ့ စက်မှုလက်မှု သိပ္ပံကို စက်မှုတက္ကသိုလ်ရဲ့ ပထမ၂ နှစ်ထဲ ပေါင်းထည့်လိုက်တဲ့အခါ GTI ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါပြီ။ အခုအချိန်မှာ AGTI ဆိုတာ GTC က B.Tech ဆက်တက်ဖို့ အဆင့်မမီလို့ ကျန်ခဲ့တဲ့ ကျောင်းသားများ ကိုင်ဆောင်ရတဲ့ လက်မှတ် အဆင့်ဖြစ်သွားခဲ့ပါပြီ။ နှစ်ပေါင်းရာချီပြီး အခိုင်အမာရပ်တည်ခဲ့တဲ့ ပညာရည်တိုက်ကျွေးခဲ့တဲ့ စက်မှုသိပ္ပံတွေ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီ။

သူများနိုင်ငံတွေမှာ စက်မှုသိပ္ပံတစ်ခုဖြစ်လာဖို့ နိုင်ငံတကာ အသိအမှတ်ပြု အဆင့်ရောက်လာဖို့ အလွန်တရာမှ အားသွန်ခွန်စိုက် ကြိုးပမ်း အားထုတ်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ ဆီမှာတော့ ရှိပြီးသား သမိုင်းဝင် နှစ်ပေါင်း ရာချီနေတဲ့ ကျောင်းတော်ကြီး တစ်ခုကို တိမ်မြုပ် ပျောက်ကွယ်သွားအောင် ရွှေဥာဏ်တော် စူးရောက်ခဲ့ကြတယ်ဆိုတဲ့ အကြောင်း။ ဆက်လက် တွေးခေါ်နိုင်ဖို့ ဝေမျှခြင်း ဖြစ်ပါကြောင်း။

8 comments:

  1. Thanks a lot for the post. As I had graduated from Insein GTI, I feel the same way as you too. Now, not only GTI is disappear, our school building also gone.

    ReplyDelete
  2. အင်း အခု တော့ အင်း စိန် ဂျီတီ အိုင် ကျောင်း ခမျာ မှာ တော့ ဘဝ တပါး သို့ ပေါင်း သွား ရ လေ ပြီ ။

    ReplyDelete
  3. ဟုတ်ပဗျာ.. စက်တင်ဘာ အရေးအခင်းကာလမှာ ယာယီထောင်တောင် ဖြစ်သွားသေးတယ်..ကျနော်များ ဂုဏ်ယူဝံ့ကွားစွာ တက်ခဲ့တဲ့ အဆောင်အဆောင်တွေဟာဖြစ်လည်း.. အကျဉ်းစခန်းများဖြစ်သွားခဲ့သေးတယ်.. Mandalay G.T.I လည်း ဒီလိုပါပဲဗျာ.. Mandalay ဆင်းများ အမိကျောင်းတော်ကြီးကို အလွှမ်းပြေ သွားကြည့်ချင်တယ်ဆိုရင်ဖြင့်.. ကိုယ့်မိန်းမ မီးဖွားရင်ပဲဖြစ်ဖြစ်.. ကိုယ်ကိုယ်တိုင်.. ခလေးမွေးရင်ပဲဖြစ်ဖြစ်.သွားနိုင်ပါသေးတယ်.. ဘာဖြစ်လို့လည်းဆိုတော့.. အမျိုးသမီး ဗဟိုဆေးရုံကြီး ဖြစ်သွားလို့ပါ..
    ရွှေညဏ်တော် စူးရှတာကတော့ ပြောမနေနဲ့ .. စနစ်တကျကို ဖျက်ဆီးဖို့ ကြံခဲ့တာပါ.. ဒါတောင် မောင်ခင်ညျွန့် ကို မောင်သောင်းက မလှန်နိုင်လို့
    BE ဆိုတဲ့ ဟာလေးက တဲ့တဲ့လေးကျန်တာ.. အဲ့ဒိလိုမဟုတ်ရင် .. B-Tech to M-Tech လုပ်ဦးမယ့် စီမံကိန်းဗျ.. Engineer ဆိုတာကြီးကို သူတို့က မုန်းတာ.. စိတ်ထဲက တော်တော်လေး ခံစားနေရလို့ ရေးမိတာဗျာ.. ဒီထက်ပြောရရင်.. post တစ်ခုစာ အတိအကျ ကျနော်ရေးနိုင်ပါတယ်..
    ဒီစာကို ကိုလူအေးထဲမှာ ရေးမိတာ.. ခွင့်လွှတ်နော့..

    ReplyDelete
  4. အင်းးးးးးးးးးး..........။

    ReplyDelete
  5. Really Appreciate this blog post, can you make it so I receive an email when there is a
    fresh post?

    My weblog - muna.4mystudent.com

    ReplyDelete
  6. hey there and thank you for your info - I have certainly picked
    up anything new from right here. I did however
    expertise several technical points using this site, as I
    experienced to reload the web site a lot of times previous

    to I could get it to load properly. I had been wondering if your web host
    is OK? Not that

    I'm complaining, but sluggish loading instances times will very frequently affect your

    placement in google and can damage your high-quality score if advertising and

    marketing with Adwords. Well I’m adding this RSS to my email and could look out for a lot more of your respective interesting content. Ensure that you update

    this again soon..

    my webpage: www.art-nation.ru

    ReplyDelete
  7. Greetings from Florida! I'm bored to death at

    work so I decided to browse your blog on my iphone during lunch break. I

    love the information you provide here and can't wait to take a look when I
    get home. I'm

    surprised at how fast your blog loaded on my phone .. I'm not even using WIFI,

    just 3G .. Anyhow, good site!

    Visit my weblog: aeropuerto valencia aena

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS