Oct 17, 2007

အသဲကွဲမိုးည

ဝသန်မိုးဖွဲ ၊ ရွာသွန်းကြဲချိန်
ဝမ်းနည်းေ၀၀ါး ၊ နှလုံးသားမှာ
ကဗျာတစ်ပုဒ် ၊ သရုပ်သဏ္ဌာန်
ပုံမမှန်နှင့် ၊ ထံတော်ပါးသို့ ချဉ်းခဲ့၏။

အိုဘယ့်ကဗျာ ၊ သင့်ခန္ဓာသည်
ကာရံမညီ ၊ စဉ်းမပီသား
ခြားကန့်မရှိ ၊ အတိစုတ်ပြတ်
ဖြတ်ပိုင်းမပါ မရေရာ။

အိုဘယ့်ကဗျာ ၊ သင့်နေရာသည်
အချစ်လွှမ်းဖုံး ၊ အပြုံးပျော်ပါး
နှလုံးသားမှာ သင့်နေရာ။

မဆီမဆိုင် ၊ မပိုင်ရင်ထဲ
သင်လာခဲ့လည်း ၊ ၀မ်းနည်းေ၀၀ါး
နှလုံးသားမှာ ၊ ဒဏ်ရာကြေမွ အစစ။

ခဏနေငြား ၊ သင်ထွက်သွားမည်
ငါရည်ခဲ့လည်း ၊ စိတ်၏စေရာ
သင်ကဗျာသည် ၊ ငါ့အာရုံထဲ တ၀ဲဝဲ။

မခွဲထွက်သွား ၊ သင့်အားငါလျှင်
စာတင်ရေးချ ၊ သည်မိုးညသည်
ငါ့အတွက် အသက်မဲ့သတည်း။


လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်ကရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ ရေးထားတဲ့ စာအုပ်တောင် မရှိတော့ဘူး။ အမှတ်တရအနေနဲ့ ပြန်တင်ထားခြင်းပါ။

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...