Aug 28, 2007

လားပေါင်းများစွာနဲ့ ဘဝ

မနက်ဆိုရင် ၅ နာရီခွဲဆိုထ၊

မျက်နှာသစ်၊ ရေမိုးချိုး၊

၆နာရီထိုးရင် အိမ်က တခြားအလုပ်သွားကြမဲ့ ညီအစ်ကိုမောင်နှမတွေကိုနှိုး၊

မိုင်လိုတစ်ခွက်ကို ရေနွေးဆူဆူနဲ့ဖျော်သောက်၊

မနက် ၆နာရီခွဲကို အိမ်ကစထွက်၊
ရထား ပေါ်ကသောကမျောပြေး၊

၇နာရီထိုးလုထိုးခင်ကနေ စစီးလိုက်တာ ၈ နာရီမှာ ရထားပေါ်ကဆင်း၊

လူတွေတသီတတန်းကြီးတန်းစီနေကြတဲ့

ဘတ်စကားဂိတ်ကိုပြေး၊ ၈နာရီကနေ ၈နာရီ မိနစ်၂၀ထိ ဘတ်စကားစီး၊

ဘတ်စကားပေါ်ကနေ ဆင်းပြီးတာနဲ့ ၈နာရီ ၃၀ ဆိုက်ထဲရောက်ဖို့ ပြေး၊

ဆိုက်ထဲရောက်ကတည်းက တနေ့တာ လုပ်စရာတွေနဲ့ လုံးလည်ချာလည်လိုက်လိုက်တာ မနက် ၁၁နာရီခွဲမှာ မနက်စာဆင်းစား၊

၁၂နာရီကနေ ညနေ ၆နာရီခွဲ အထိ အလုပ်တွေနဲ့ တဖန်လုံးလည်ချာလည်လိုက်၊

ညနေ ၆နာရီခွဲမှာ လာကြိုတဲ့ ဖရီး ရှပ်တယ်လ်ဘတ်စ်လေးစောင့်၊

ရှပ်တယ်လ်ဘတ်စ်လေးလိုက်ပို့တဲ့ ရထားဘူတာကိုရောက်တော့ ရထားတက်စီး၊

၇နာရီကနေ ၈နာရီအထိရထားစီးပြီးတဲ့နောက် အိမ်ရောက်ဖို့ နောက်ထပ် ၁၅ မိနစ်လမ်းလျှောက်........



တနေ့တာပေါင်းမြောက်မြားစွာကို မူသေပုံမှန်ဖြတ်သန်းပြီးတဲ့နောက်မှာ အသားကျသွားတယ်ခေါ်မလား သည်ဟာသည်ပဲ ဘ၀လား၊

တစ်နေ့ချင်းပေါင်းကနေ တစ်ပတ်၊

တစ်ပတ်ချင်းပေါင်းကနေ တစ်လ၊

တစ်လချင်းပေါင်းကနေ တစ်နှစ်၊


လူ့ဘ၀ဆိုတာ ဘာလဲ၊ အချိန်တွေ အချိန်တွေ အချိန်တွေ ...


အနှစ်သာရတစ်ခုကို ရှာရင်း ရှာရင်းနစ်နေတော့မှာလား၊

လားပေါင်းမြောက်မြားစွာနဲ့ တစ်နေ့နေ့မှာ. ......


Aug 19, 2007

ရိုက်ဖြစ်တဲ့ ဓာတ်ပုံတချို့


အိမ်ပေါ် ၁၄ ထပ်ကနေမြင်ရတဲ့ရှုခင်းလေးပါ





Cityhall MRT


Choa Chu Kang အိမ်အပြန်လမ်းက Express Way



HighRise Buildings

Aug 12, 2007

ဓနဥပဒေသငါးရပ်

၁။ ဓနဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်းသောငွေကို မိမိနှင့် မိသားစု၏ အနာဂတ်အတွက် ချန်လှပ် သိမ်းဆည်းတတ်သူ ထံသို့သာ ၀မ်းမြောက်ပျူငှာစွာ ရောက်ရှိ လာတတ်မြဲဖြစ်သည်။

၂။ ဓနဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ် လုပ်ကိုင်ပေးစမြဲဖြစ်ပြီး၊ ထိုသူ၏ လက်တွင် သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွားလာတတ်သော သဘောရှိပေသည်။

၃။ ဓနဟူသည် ယင်းအား ဂရုတစိုက် ရင်းနှီးမြှပ်နှံမှုပြုသူ၊ ကျွမ်းကျင်လိမ်မာသော သူတို့၏ အကြံကို ရယူ လုပ်ကိုင်သူများ ထံတွင်သာ တွယ်ကပ် ခိုလှုံနေတတ်ကြသည်။

၎။ ဓနဟူသည် မိမိလည်း မကျွမ်းကျင်၊ ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုးတွင် ရင်းနှီး မြှုပ်နှံသော သူတို့ထံမှ လျှောကျ ပျောက်ကွယ် သွားတတ်စမြဲ ဖြစ်သည်။

၅။ ဓနဟူသည် ယင်းမှ လွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ၊ လူလိမ်လူညာတို့၏ ဖြားယောင်း သွေးဆောင်မှုနောက် လိုက်ပါတတ်သူများ၊ အတွေ့အကြုံ နည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မဖြင် ရင်းနှီးမြှုပ်နှံမှု ပြုသူများထံမှ ရှောင်ခွာ ထွက်ပြေးသွားတတ်စမြဲဖြစ်သည်။

(From "The Richest Man In Babylon")

Aug 9, 2007

စင်္ကာပူလုပ်ငန်းအတွေ့အကြုံများ

စင်္ကာပူ လုပ်ငန်းခွင်လောကကို ယခင်ကလည်း မြန်မာတွေ ယခင်ကလည်း အမြောက်အမြား ရောက်ရှိလုပ်ကိုင်ခဲ့ကြတယ်။ ယခုလက်ရှိလည်း မြန်မာတွေ အမြောက်အမြားပဲ အလုပ်လုပ်နေကြတယ်။ နောက်ထပ်လည်း မြန်မာတွေ ရောက်ရှိလာဖို့ ကြိုးစားအားထုတ်နေကြတယ်။ ဒီလို လာရောက် အလုပ်လုပ်ကြတဲ့ နေရာမှာ မိမိ တွေ့ကြုံရတဲ့ လုပ်ငန်းခွင် အခြေအနေ ကွာခြားချက်အရ အမြင် အမျိုးမျိုး ကောက်ချက် အမျိုးမျိုး ချကြတယ်။ အများစုက စကာင်္ပူကို ရောက်လာရင် မြန်မာဆိုရင်နှိမ်တယ်၊ အထင်သေးတယ်ဆိုပြီးပြောကြတယ်။ နှိမ့်ချဆက်ဆံခံရတယ်ပေါ့နော်။ တကယ်တော့ အဖြစ်မှန်က အဲဒီလို မဟုတ်ပါဘူး။

ကိုယ့်နိုင်ငံ မဟုတ်တဲ့ နိုင်ငံ တစ်ခုမှာ သူ့နိုင်ငံသားနဲ့ တန်းတူ အခွင့်အရေးမရတာကတော့ တရားတယ်လို့ ယူဆတယ်လေ။ ကိုယ်လည်းပဲ သူများကိုယ်နိုင်ငံကို လာ အလုပ်လုပ်ရင် ဒီလိုပဲ ဆက်ဆံမှာပဲ။ ဒါက မိခင်နိုင်ငံသားသည် ပထမဦးစားပေးပဲ။ သူ့နိုင်ငံသားနဲ့တန်းတူ အခွင့်အရေး ရချင်ရင် အလွန်တော်နေမှ ဖြစ်မှာပါ။

ဆိုတော့ကာ မိမိကိုယ်တိုင်က အရည်အချင်း အပြည့်နဲ့ လာရောက်အလုပ်လုပ်ကိုင်ခြင်းလား။ ဒါမှမဟုတ် ရရင်ရသလို ခိုမယ်ကပ်မယ် မလုပ်ရရင်ပြီးရော လူမျိုးလား စပြီးစိစစ်ဖို့လိုမယ်။ စင်္ကာပူလုပ်ငန်းခွင်သည် အလွန်တရာမှ အရည်အချင်းဦးစားပေးတဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။ မြောက်မြားလှစွာသော လူမျိုးပေါင်းတစ်ရာ့တစ်ပါးတွေ ရောနှော နေထိုင် လုပ်ကိုင်စားသောက်ကြတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ အတွက် ဘယ်လူမျိုးဘယ်နိုင်ငံသား ကိုတော့ ဦးစားပေးပြီး ဘယ်လူမျိုးဘယ်နိုင်ငံသားကိုတော့ ဦးစားပေးပြီး ဘယ်လူမျိုး ဘယ်နိုင်ငံသားကိုတော့ နှိမ်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ မဆိုသာသည့်တိုင် ဖြစ်နိုင်ခြေ အလွန်တရာမှ နည်းတဲ့ရာခိုင်နှုန်းပဲရှိမှာပါ။

အဓိကကျွန်တော်တို့ လူမျိုးမှာ ပြသနာက လူကြောက်တာ။ နိုင်ငံခြားမှာ အလုပ် လာလုပ်ရတဲ့ အတွက် ကိုယ့်နိုင်ငံ မဟုတ်ဘူးဆိုတဲ့ အသိက လွှမ်းမိုးနေတယ်။ ပြီးတော့ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရတဲ့ အတွက် ဘာသာစကား မကျွမ်းကျင်ရင်လည်း ထပ်ကြောက်ပြန်ရော။ ဘာမှမလုပ်ရသေးခင်မှာ အရမ်းကြောက်နေတဲ့ အခါ... ကြောက်လို့မှားမှာစိုးတာနဲ့ အမှားတွေ လုပ်မိရော။

ဆိုတော့ ကျွန်တော်တို့ ဒီက ပတ်ဝန်းကျင်က ဘယ်လိုလဲ။ တကယ်တော့ အများစုပြောကြသလိုပဲ ဒီကလူတွေက အလုပ်ကို စက်ရုပ်လို လုပ်ကြတာပါ။ တာဝန်ယူရတဲ့ အလုပ်တာဝန်နဲ့ အမျှ တာဝန်ရှိတယ်။ ဖြစ်လာတဲ့ အမှားအယွင်းအတွက်လဲ တာဝန်ယူကြရပါတယ်။

ဆိုတော့ကာ အလုပ်လုပ်တဲ့ နေရာမှာ ဘာကိုမှ ဂရုစိုက်မနေဘဲ အလုပ်တာဝန်ကျေပွန်ရေး၊ အမှားအယွင်းကင်းကင်းနဲ့ အရည်အချင်းပြည့်မီစွာ ပြီးစီးရေးကိုဦးတည်ပြီးအလုပ်လုပ်မယ်ဆိုရင် စင်္ကာပူသည်လည်း ဘာမှ ကြောက်စရာ မရှိတဲ့ ပျော်ရွှင်ဖွယ်ရာ လုပ်ငန်းဝန်းကျင် တစ်ခုသာဖြစ်ပါတယ်။

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...