Nov 30, 2007

ရိုက်ဖြစ်တဲ့ ဓာတ်ပုံတချို့ (၅)

ကနေ့ မနက် MOMကို သွားဖြစ်တော့MOM တ၀ိုက်က နေရာလေးတွေကို ဖုန်းကင်မရာနဲ့ လက်ဆော့ဖြစ်ပါတယ်။ Resolution 2 Mega Pixel ပဲရှိတဲ့ အတွက် ရုပ်ထွက်တော့ မကောင်းလှပေဘူးပေါ့။ သို့ပေမဲ့ သည်နေရာ MOM တ၀ိုက်လို့ သိရနိုင်လောက်ရင် တော်လှပါပြီ။







Nov 24, 2007

မီးပျက်မယ်ဆိုပဲဗျို့

ကနေ့ အလုပ်ကနေ ပြန်လာတဲ့ခါကျတော့ စာလေးဘာလေးများ ရောက်လေမလားပေါ့။ စာတိုက်ပုံးကို သွားစစ်မိတယ်။ ကြော်ငြာစာရွက်တချို့နဲ့ ပုံမှန်လာနေကြ အသီးသီးသော ရေမီးဝန်ဆောင်မှုတွေရဲ့ စာတစ်ချို့ပဲတွေ့တယ်။ အဲသည်ထဲမှာ စာတစ်ရွက်က အတော်လေး ထူးခြားတယ်။ စာထဲရေးထားတာက သည်လို။


ROUTINCE CHANGE OF ELECTRICITY METER

1. Your electricity meter is due for replacement under our routine change programme.

2. We will be carrying out the meter change at your premises on 05 Dec 2007. Your electricity supply will be interrupted for about 10 minutes during the change. If the meter is installed outside your premises, you need not be present.

3. However, if you have any concern regarding the supply interruption please call us at tel xxxxxxxx for clarification.

4. There will be no charge for the meter change. We regret any inconvenience caused

5. Thank you.

လျှပ်စစ်မီတာအလှည့်ကျ လဲလှယ်ပေးသွားမယ်ပေါ့။ သမန်ကာရှန်ကာဖတ်လိုက်တော့ မီးပျက်မယ်ပေါ့။ မီးပျက်တာပဲ ဘာထူးဆန်းလဲပေါ့။ ကျွန်တော်တို့ ဗမာလူမျိုးတွေအတွက် ပြောပါတယ်။ မီးပျက်တာ ဘယ်လောက်မှ မထူးဆန်းပါဘူး။ ပျက်တဲ့ အချိန်လေးပဲ ထူးခြားတယ် ။ အမယ်လေး ဆယ်မိနစ်များတောင် ပြတ်မယ်ဆိုပဲဗျာ။

တော်တော်လေး အံ့အားသင့်သွားမိတယ်။ သုံးစွဲသူ အပေါ် ဘယ်လောက်များ အရေးထားလိုက်လဲဗျာ။ လျှပ်စစ်မီး ဆယ်မိနစ် ပြတ်တောက်မယ် ဆိုတာကို ဆယ်ရက်ကြိုပြီး အကြောင်းကြားတယ်ဗျာ။ ကျွန်တော်တို့ဆီမှာများ ဘယ်အချိန်လာလို့ ဘယ်အချိန် ပြတ်မယ်ဆိုတာလည်း မသိရ။ ဘာအကြောင်းကြောင့် ဆိုတာလည်း မသိရ။ ရံဖန်ရံခါတော့ မခိုင်လုံတဲ့ ရပ်ကွက်သတင်းအရ လောပိတမှာ ရေနည်းလို့ ဆိုတာက တစ်ကြောင်း၊ ဓာတ်ငွေ့တာဘိုင် ပျက်လို့ ဆိုတာက တစ်သွယ်။ အခုတော့ လျှပ်စစ်မီးဆိုတာ ကိုယ်ပိုင် မီးစက်ရှိမှ ရတဲ့ အရာရယ်လို့ ဆိုရမလားရယ်တောင် ဖြစ်နေပြီ ဆိုပါလားဗျာ။

Nov 18, 2007

အချစ် နဲ့ အိမ်ထောင်ပြုခြင်း...

ကျောင်းသားတစ်ယောက်ကမေးတယ်။

“အချစ်ဆိုတာ ဘာလဲ ဆရာ”

“မင်းမေးတဲ့ မေးခွန်းကို ဖြေဖို့ ဆရာ့ကို ဟိုးမြင်နေရတဲ့ စပါးခင်းထဲကို သွားပြီး အကြီးဆုံး စပါးနှံတစ်ခု သွားခူးခဲ့စမ်းပါ။” ”မင်းလိုက်နာရမှာက စပါးခင်းကို တစ်ကြိမ်ပဲ ဖြတ်လျှောက်ခွင့်ရှိတယ်။ ဖြတ်သွားပြီးမှ နောက်ပြန်လှည့်လာပြီးခူးခွင့်မရှိဘူး”

ကျောင်းသားက စပါးခင်းကို သွားတယ်။ စစချင်းအတန်းမှာပဲ စပါးနှံ အကြီးကြီးတစ်ခုကို သူတွေ့တယ်။ သို့ပေမဲ့ နောက်အတန်းတွေမှာ ဒီ့ထက်ကြီးတဲ့ အနှံတွေ့ဦးမှာပါလေဆိုပြီး သူမခူးခဲ့ဘူး။ ဆက်လျှောက်လာရင်းနဲ့ နောက်ထပ် စပါးနှံ အကြီးကြီးတစ်ခုကို တွေ့ပြန်တယ်။ သို့ပေသည့် ဒီ့ထက်ကြီးတဲ့ အနှံရှိဦးမှာပါလေဆိုပြီးတွေးရင်းနဲ့ သူမခူးပြန်ဘူး။

ဆက်လျှောက်ရင်း လျှောက်ရင်းနဲ့ စပါးခင်း အလယ်လောက်ရောက်ရော သူတွေ့တဲ့ စပါးနှံတွေက အရင်ဦးဆုံး သူတွေ့ခဲ့တဲ့ စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလိုက်ရတယ်။ အကြီးဆုံးစပါးနှံကို သူလက်လွတ်ဆုံးရှုံးခဲ့ရပြီ ဆိုတာသူသိလိုက်ရပြီး စိတ်ပျက်ဝမ်းနည်းစွာနဲ့ ဆရာ့ဆီ လက်ဗလာနဲ့ပဲ ပြန်လာခဲ့တော့တယ်။

ဆရာကပြောတယ်။ “အေးကွ ... အချစ်ဆိုတာ အဲဒါပဲ။ သူ့ထက်သူ့ထက် ကောင်းတဲ့ဟာကို ရှာရင်း ရှာရင်းနဲ့ပဲ တစ်နေ့မှာ အကောင်းဆုံးအရာကို လက်လွတ်ဆုံးရှုံးခဲ့မှန်း နောက်ကျမှသိရတတ်တယ်။ အဲဒါအချစ်ပဲ”

“ဒါဆို အိမ်ထောင်ပြုခြင်းကရော ဆရာ...”ကျောင်းသားက ဆက်မေးတယ်။

“ဒီမေးခွန်းကို ဖြေဖို့အတွက်တော့ မင်းပြောင်းခင်းကို သွားလိုက်။ အကြီးဆုံးပြောင်းဖူးတစ်ဖူးကို ခူးပြီး ဆရာ့ဆီ ပြန်လာခဲ့” ” ဒါပေမဲ့ စောစောကလိုပဲ ပြောင်းခင်းကို တစ်ကြိမ်ပဲ ဖြတ်လျှောက်ခွင့်ရှိတယ်။ ဖြတ်သွားပြီးမှ နောက်ပြန်လှည့်လာပြီးခူးခွင့်မရှိဘူး”

ကျောင်းသားလည်း ပြောင်းခင်းကို သွားတယ်။ ဒီတစ်ကြိမ်မှာတော့ စောစောတုံးကလို အမှားမျိုး ထပ်မမှားအောင်သူ သတိထားတယ်။ ပြောင်းခင်း အလယ်လောက်အရောက်မှာ သူ စိတ်ကျေနပ်လောက်တဲ့ အရွယ်ခပ်လတ်လတ်ပြောင်းဖူး တစ်ဖူးကို ခူးပြီး ဆရာ့ဆီ ပြန်လာခဲ့တယ်။

“ဒီတစ်ကြိမ်တော့ မင်းပြောင်းဖူးရခဲ့ပြီပေါ့ ဟုတ်လား ... မင်းလိုချင်တာကတော့ အကောင်းဆုံးဆိုတာကို လိုချင်တာပဲ ... တကယ်တမ်းမှာတော့ မင်းရခဲ့တဲ့အရာသည်သာ မင်းအတွက် အကောင်းဆုံး၊ အသင့်တော်ဆုံးလို့ ယုံကြည်နေဖို့ပဲလိုတယ်” “အိမ်ထောင်ပြုခြင်းဆိုတာသည်လည်း ဒီသဘောပဲ”

အနားသားဝမ်း

နယ်မြို့လေးတစ်မြို့က အဖြစ်အပျက်လေးတစ်ခုပါ။ နယ်မြို့လေးကို နိုင်ငံခြားသားတစ်ယောက် အလည်လာတဲ့ခါကျတော့ လမ်းဘေးက ဘိန်းမုန့် ရောင်းတဲ့ အဖွားကြီးတစ်ယောက်ဆီက ဘိန်းမုန့် ၀ယ်စားပါတယ်။ အသက်အရွယ်တော်တော်လေး အိုမင်းနေပြီဖြစ်တဲ့ အဖွားကြီးဟာ အင်္ဂလိပ်စာ နားမလည်လောက်မှန်း နိုင်ငံခြားသားကရိပ်မိတယ်။ အဲဒါနဲ့သူက ဘိန်းမုန့်ကို လက်ညှိုးထိုးပြ၊ လက်ညှိုးတစ်ချောင်းထောင်ပြပြီး ပါးစပ်ကလည်း "One..One... (၀မ်း.. ၀မ်း... )" ပေါ့။ အဖွားကြီးက နိုင်ငံခြားသား ဘိန်းမုန့်တစ်ခု စားချင်မှန်း ရိပ်မိပြီး ဘန်းထဲက သူလှီးထားပြီးသား ဘိန်းမုန့် တစ်ခုကို ပေးတယ်။ နိုင်ငံခြားသားလည်း စားကြည့်တယ်။

အင်း အရသာကောင်းတယ်ပေါ့။ အဲဒါနဲ့ နိုင်ငံခြားသားလည်း နောက်တစ်ခုထပ်စားချင်စိတ် ဖြစ်လာတာနဲ့ ပါးစပ်ကလည်း "Another One... (အနားသားဝမ်း)" ပေါ့။ ဒီတစ်ခါတော့ နိုင်ငံခြားသားက စားချင်စိတ်နဲ့ အဖွားကြီးနားလည်သော၊ နားမလည်သော မစဉ်းသားပဲ ပြောချလိုက်တယ်။ အဲဒီမှာ အဖွားကြီးကလည်း အဲဒီမှာ အဖွားကြီးကလည်း ဘိန်းမုန့် အ၀ိုင်းကြီးထဲက အနားသားလေး တစ်စိတ်ကို လှီးပြီး ပေးလိုက်တော့တယ်။ နိုင်ငံခြားသားလည်း သည်အဖွားကြီး သူပြောတာ နားလည်တယ်ဆိုပြီး သဘောကျ ရယ်ရယ်မောမောနဲ့ ထွက်ခွာသွားတော့တယ်။

Nov 3, 2007

ရီမုတ်ကွန်ထရိုး




ယခုခေတ်မှာ ကလေးကစားစရာကအစ အဆင့်မြင့် နည်းပညာသုံး စက်ကိရိယာတွေ အထိ ရီမုတ်ကွန်ထရိုးခေါ်တဲ့ အဝေးထိန်းကိရိယာနဲ့ ကင်းလွတ်တဲ့ အရာ ခပ်ရှားရှားရယ်ပါ။ အဲဒီအဝေးထိန်းကိရိယာနဲ့ ပတ်သတ်ပြီး ဗဟုသုတလေ့လာလို့ ရအောင် ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါကြောင်း၊ ဒါ့အပြင် အင်ဂျင်နီယာဆိုင်ရာ ပညာရပ်နဲ့ ပတ်သတ်ပြီး မြန်မာ အင်ဂျင်နီယာများအဖွဲ့မှာ သွားရောက် အဖွဲ့ဝင်ပြီး ဖတ်ရှုနိုင်ပါကြောင်း ဝေမျှလိုက်ပါတယ်ဗျာ။

Nov 2, 2007

ဘလော့စွဲရောဂါစစ်တမ်းကောက်ကြရအောင်...

နှင်းဆီနီနီဘလော့မှာ သွားဖတ်ရင်းနဲ့ တွေ့မိရာက ဘလော့ဘယ်လောက်ထိ စွဲနေသလဲ စစ်တမ်းကောက်ကြည့်ဖြစ်ပါတယ်။ စိတ်ဝင်စားမယ်ဆို ဖြေကြည့်ပါလား။ ကျွန်တော်ဖြေတာတော့ ရာနှုန်းဒီလောက်စွဲနေတယ် ဆိုပါတယ်။

68%How Addicted to Blogging Are You?

Nov 1, 2007

How to say I Love You in 100 Languages!!!

English - I love you
Afrikaans - Ek het jou lief
Albanian - Te dua
Arabic - Ana behibak (to male)
Arabic - Ana behibek (to female)

Armenian - Yes kez sirumen
Bambara - M'bi fe
Bangla - Aamee tuma ke bhalo aashi
Belarusian - Ya tabe kahayu
Bisaya - Nahigugma ako kanimo
Bulgarian - Obicham te
Cambodian - Soro lahn nhee ah
Cantonese Chinese - Ngo oiy ney a
Catalan - T'estimo
Cheyenne - Ne mohotatse
Chichewa - Ndimakukonda
Corsican - Ti tengu caru (to male)
Creol - Mi aime jou
Croatian - Volim te
Czech - Miluji te
Danish - Jeg Elsker Dig
Dutch - Ik hou van jou
Esperanto - Mi amas vin
Estonian - Ma armastan sind
Ethiopian - Afgreki'
Faroese - Eg elski teg
Farsi - Doset daram
Filipino - Mahal kita
Finnish - Mina rakastan sinua
French - Je t'aime, Je t'adore
Gaelic - Ta gra agam ort
Georgian - Mikvarhar
German - Ich liebe dich
Greek - S'agapo
Gujarati - Hoo thunay prem karoo choo
Hiligaynon - Palangga ko ikaw
Hawaiian - Aloha wau ia oi
Hebrew - Ani ohev otah (to female)
Hebrew - Ani ohev et otha (to male)
Hiligaynon - Guina higugma ko ikaw
Hindi - Hum Tumhe Pyar Karte hae
Hmong - Kuv hlub koj
Hopi - Nu' umi unangwa'ta
Hungarian - Szeretlek
Icelandic - Eg elska tig
Ilonggo - Palangga ko ikaw
Indonesian - Saya cinta padamu
Inuit - Negligevapse
Irish - Taim i' ngra leat
Italian - Ti amo
Japanese - Aishiteru
Kannada - Naanu ninna preetisuttene
Kapampangan - Kaluguran daka
Kiswahili - Nakupenda
Konkani - Tu magel moga cho
Korean - Sarang Heyo
Latin - Te amo
Latvian - Es tevi miilu
Lebanese - Bahibak
Lithuanian - Tave myliu
Malay - Saya cintakan mu / Aku cinta padamu
Mandarin Chinese - Wo ai ni
Marathi - Me tula prem karto
Mohawk - Kanbhik
Moroccan - Ana moajaba bik
Myanmar (Burma) – Ngar minn ko chit tal
Nahuatl - Ni mits neki
Navaho - Ayor anosh'ni
Norwegian - Jeg Elsker Deg
Pandacan - Syota na kita!!
Pangasinan - Inaru Taka
Papiamento - Mi ta stimaboPersian - Doo-set daaram
Pig Latin - Iay ovlay ouyay
Polish - Kocham Ciebie
Portuguese - Eu te amo
Romanian - Te ubesk
Russian - Ya tebya liubliu
Scot Gaelic - Tha gra\dh agam ort
Serbian - Volim te
Setswana - Ke a go rata
Sign Language - ,\,,/ (represents position of fingers when signing'I Love You')
Sindhi - Maa tokhe pyar kendo ahyan
Sioux - Techihhila
Slovak - Lu`bim ta
Slovenian - Ljubim te
Spanish - Te quiero / Te amo
Swahili - Ninapenda wewe
Swedish - Jag alskar dig
Swiss-German - Ich lieb Di
Tagalog - Mahal kita
Taiwanese - Wa ga ei li
Tahitian - Ua Here Vau Ia Oe
Tamil - Nan unnai kathalikaraen
Telugu - Nenu ninnu premistunnanu
Thai - Chan rak khun (to male)
Thai - Phom rak khun (to female)
Turkish - Seni Seviyorum
Ukrainian - Ya tebe kahayu
Urdu - mai aap say pyaar karta hoo
Vietnamese - Anh ye^u em (to female)
Vietnamese - Em ye^u anh (to male)
Welsh - 'Rwy'n dy garu
Yiddish - Ikh hob dikh
Yoruba - Mo ni fe

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...