Sep 13, 2007

ငါ့လောက်တော်တာ ငါပဲရှိတယ်

၁၀ တန်း ကျောင်းသားဘ၀တုံးက ကျွန်တော်တို့ အရမ်းချစ်ခင်လေးစာရတဲ့ ဆရာမ ဒေါ်အေးချိုပြောဖူးတဲ့ စကားတစ်ခွန်းပါ။ ငါ့လောက်တော်တာ ငါပဲရှိတယ် တဲ့။

မသိရင်တော့ ဒီလူအခြောက်တိုက် ဘ၀င်လေဟပ်နေတာပဲထင်စရာ အကြောင်းရှိတယ်။

ဒါပေမဲ့ ဆရာမကထပ်ရှင်းတယ်။ လောကမှာ ငါ့ထက်တေိာတဲ့သူတွေလည်းအများကြီး၊ ငါ့လောက်မှ မတော်တဲ့သူတွေလည်း အများကြီးပဲရှိတယ်။ ဒါပေမဲ့ ငါ့လောက်တော်တာ (ငါနဲ့ ထပ်တူထပ်မျှတော်တာ) ဆိုလို့ ငါပဲရှိတယ်။ ဆရာမပြောပြတုံးကတော့ ကျွန်တော်တို့တွေ သဘောကျလို့ ရယ်ကြရတာ အမောပဲ။

တကယ်တော့လည်း လောကမှာ ငါ့လောက်တော်တာ ငါပဲရှိပါတယ်။

နည်းနည်းလေး ဆက်စပ်စဉ်းစားတတ်လာတဲ့ခါကျတော့ ဆက်ပြီးတွေးဖြစ်တယ်။ တကယ်တော့ ငါ့လောက်တော်တာငါပဲရှိ ရုံတင်မကဘူး။ ငါနဲ့ယှဉ်စရာသည်ပင် ငါသာရှိတယ်ဆိုတာပါ ထပ်ပြီးသိမြင်လာတယ်။ ပထမဆုံး စယှဉ်ပြိုင်ရမဲ့သူသည် မိမိကိုယ်တိုင်သာ ဖြစ်တယ်။ မနေ့ကထက် ဒီနေ့ဘာတွေ တိုးတက်လာသလဲ။ မနေ့က ကျွန်တော်ထက် ဒီနေ့ကျွန်တော်ဘာတွေများ ထပ်မံ အကျိုးဖြစ်ထွန်းခဲ့သလဲ။ မိမိကိုယ်တိုင်အတွက် (သို့မဟုတ်) မိမိပတ်ဝန်းကျင်အတွက် (ကြီးကြီးကျယ်ကျယ်ပြောမယ်ဆိုရင်) မိမိရှင်သန်ကြီးပြင်းရာ ကမ္ဘာလောကကြီးအတွက် ဘာတွေများ တိုးတက်စေခဲ့ပြီလဲ။

ဒီအတွက် ငါ့လောက်တော်တဲ့ငါ့ကိုပဲ ငါ့ထက်တော်လာအောင် ကြိုးစားရင်း ရပ်တည်ရှင်သန်ခြင်းသည်သာလျှင် အဓိပ္ပယ်ရှိသော ရှင်သန်မှုဖြစ်မယ်လို့ တွေးမိပါကြောင်း..





Airbus A380

ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်ပျံ A380ကတော့ ၂၀၀၇ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ စင်္ကာပူ လေကြောင်းလိုင်းမှာ စတင်ပျံသန်းတော့မှာဖြစ်ပါတယ်။ ခရီးသည် ၅၂၅ ယောက် စီးနင်းနိုင်တဲ့ စူပါဂျမ်ဘိုခရီးသည်တင်လေယာဉ်တွေထဲမှာ အကြီးဆုံးလို့ဆိုပါတယ်။ အဲဒီလေယာဉ်ကို တည်ဆောက်ခဲ့ရပုံ အဆင့်ဆင့်ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...